ထားဝယ်မြို့ဟောင်းများက ပြောတဲ့ ထားဝယ်လူမျိုး

0
2191

ထားဝယ်နဲ့ပတ်သက်ပြီး မေးခွန်းတက် လာတာတွေထဲမှာ ထားဝယ်ဆိုတာ အရပ်ဒေသကိုခေါ်တာလား။ လူမျိုးအမည်ကို ခေါ်တာလားဆိုတာ မကြာမကြာ အမေးခံ ရလေ့ ရှိပါတယ်။

ဒီမေးခွန်းကို ကျွန်တော်ဖြေတဲ့အခါ ရာဇဝင်ကြောင်းအရ ခေတ်ပြိုင်အထောက် အထားအရ အတွေးအမြင်ပုံစံသဘောအရ ပုံစံသုံးမျိုး ပြဆိုပြီး အဖြေပေးလေ့ ရှိပါတယ်။ ဖြေဆိုတိုင်းလည်း စာဖတ်သူ ကိုယ်တိုင် စဉ်းစားချင့်ချိန်သုံးသပ်ပြီး ကောက်ချက် ယူနိုင်စေဖို့ အချက်အလက် ချပြပြီး လမ်းကြောင်းပြတဲ့ သဘောနဲ့ အဖြေပေးပါတယ်။

ယခု ကျွန်တော် ရာဇဝင်ကြောင်းက ပြောတဲ့ စကားရပ်တွေကနေ တင်ပြပေးပါ မယ်။

(၁) အောင်သာဝရမြို့ဟောင်း – ပထမဆုံး လို့ သိထားရတဲ့ ထားဝယ်မြို့ဟောင်းပါ။ အခု မေတ္တာမြို့ကနေ တောင်ဘက်ကို စုန်ဆင်းသွားရင် တွေ့နိုင်ပါတယ်။ BC အစောပိုင်း ကာလကတည်းက ဖြစ်နိုင်ပါ တယ်။ တစ်ခါမှ မတူးဖော်ရသေးလို့ ခန့်မှန်းသာ ပြောနိုင်ပါတယ်။ စာမှတ်တမ်း နဲ့ မြို့ဟောင်းသာ ရှိနေပါတယ်။

(၂)ကနက်သီရီ မြို့ဟောင်း – တနင်္သာရီ က မင်း တည်သွားတယ်ဆိုတဲ့ ကနက်သီရီမြို့ဟောင်း။ ယခု နပ်ဆိရွာ။ ဒါက ဒုတိယတည် မြို့ဟောင်း။ မတူးဖော်ရသေး။

(၃)မှိုင်းကာရီမြို့ဟောင်း – ယခု  ပကာရီရွာ။  မတူးရသေး။

(၄)အောင်သာဝတီမြို့- ယခု ကလိန်အောင် မြို့၊ မတူးရဖော်ရသေး။ BC-၅၃၉ ခုနှစ် ဆံတော်ရှင် စေတီတည်။ BC -၅၄၁ အောင်သာဝတီမြို့တည်။ နရုတိမင်း။ ပျက်တဲ့နှစ် မသိရ။ ဒုတိယအကြိမ် နန်းမြို့ တည်တာက အင်းဝခေတ်။

ဒါကို စံထားပြောရင် ရှေးကသုံးမြို့ ဆိုတာ ရာဇဝင်လာအရ ပိုရှေးကျတဲ့ မြို့ဟောင်း ဖြစ်နေလေတော့ BC -၆ လောက်ထဲ ထည့်ထားတာ သင့်မယ်ထင်ပါတယ်။ အနိမ့်ဆုံးကာလကို ယူပြထား တာပါ။ ရာဇဝင်လာအရသာမို့ အတည် တကျ ပြောရခက်ပါတယ်။

(၅)အောင်သာဝရ – AD -၇၃၂ ယခု မောင်မယ်ရှောင်ရွာကို ပြောင်းတည်ပါ တယ်။ ဘုမ်မိဒေဝနာဂရမြို့။ AD -၇၆၁ သာဂရမြို့ဟောင်းတည် သမန်္တမင်း။ ယခု မြို့ဟောင်းရွာ (စေတီတည်ထားတဲ့နှစ် မဟုတ်ပါ)။

(၆)မှိုင်းကာရီမြို့နဲ့ ခေတ်ပြိုင် တကူ မင်းဆက်ဆိုတာ ဘာမင်းတွေမှန်း ကျွန်တော်လည်း မသိပါ။ ရာဇဝင်မှာ အဲဒီမင်းဆက်အကြောင်း ပါတယ်ဆို ရုံလောက်သာ ပါပါတယ်။ သိတာက နန်းလာတည်တာ ရာဇဝင်က ခေတ်ပြိုင် လို့ ဆိုထားတာပါ။ တကူမင်းက တကူမြို့ကို လာတည်တယ်။ တကူဘုရား တစ်ဆူပဲ ကျန်ပါတော့တယ်။ အခု ဝဲကျွန်းရပ် ရဲဌာနနေရာ တစ်ဝိုက် ဖြစ်ပါတယ်။

(၇)AD – ၉၁၄ မှာ သာဂရမြို့ကို ယိုးဒယားတွေ လာတိုက်တယ်။ ဒွါယဝတီ အမတ်သြရ ဂဠုန်ဟာ ယခု ဆင်ဆိပ်နေရာမှာ ညောင်ခရား မြို့ကို တည်တယ်ဆိုပါတယ်။ သြရဂဠုန် ဘုရားနဲ့ မြို့ဟောင်းရာ ရှိတယ်။

(၈) AD – ၉၉၅ မှာ ဟံသာဝတီ  တလိုင်းမင်း ဗညားဦးညောင်ခရားကို လာတိုက်တယ် ဆိုတယ်။ လာတိုက်ရာမှာ သာဂရမြို့လည်း ပါသွားတယ်။ သာဂရကို ဇလွန်လို့ နာမည်ပြောင်းတယ် လို့ ရေးထားတယ်။

(၉) AD -၁၀၇၆ မှာ တနင်္သာရီမှ အမတ်ကြီး သြရာစက်ကတံက ဇလွန်မြို့ (ဒုတိယ သာဂရ)ကို လာတိုက်တယ်။ ယခင် ရှမ်းအမတ် သြရဂဠုန်မြို့တည်ရာ ညောင်ခရားမြို့ (ဆင်ဆိပ် ၂)မှာ နန်းတည်ပြန်တယ် ဆို တယ်။

(၁၀) AD  -၁၁၅၅မှာ ပုဂံ အလောင်းစည်သူ မင်းက ခေတ္တတည်နေရာ (ယခုလေယာဉ် ကွင်းနေရာ)အဖြစ် မဟာသုခနာဂရံမြို့ တည်တယ်။ အထောက်အထား ပစ္စည်းတွေ ရှိတယ်။ မဟာသုခနာဂရစာပါ ခဲဒင်္ဂါးတွေ ရှိတယ်။ အပေါ်က မြို့တွေလည်း ရှိပါတယ်။ ယခု လေယာဉ်ကွင်းဆိုတော့ ပြဖို့ရာ မလွယ်တော့လို့ ညွှန်းရတာပါ။

(၁၁) AD –  ၁၁၇၃ မှ ၁၂၁၀ အတွင်း ပုဂံ နရပတိ စည်သူမင်းက ထောင့်ကွယ်မြို့ကိုလာတည်ပြန်တယ်။ ယခု လောင်းလုံး ညောပြင်ရွာ တစ်ဖက်ကမ်း ။

(၁၂) နရပတိရဲ့အနွယ် လေးဆက်မြောက် မင်း နေမျိုးဝေဿ၀ဏ်ဏ ဝေဒီမြို့ကို လာတည်တယ်။ ပြန်တယ်။ မြို့ဟောင်းရှိ။ အထောက် အထားရှိ။ ဒီမင်းဆက်က သမီးတော်သုံးပါးဟာ တစ်ဦးက မှိုင်းကာရီ ရှင်မ ဖြစ်လာတယ်။ တစ်ဦးက ဝေဒီရှင်မ ဖြစ်လာတယ်။ နောက်တစ်ဦးက ယေးမြို့ (ရေး)တည် သခင်မ ဖြစ်လာတယ်။

(၁၃) AD -၁၄၁၇မှာ အင်းဝဘုရင် မင်းခေါင်သား မင်းဆွေ ဆန်းခယ်သူ ဆံရှည်မနဲ့ အကြောင်းပါ။ မုတ္တသုခနဂရ မြို့ကိုတည်။ ယခု ရှင်မုတ်ထီး။

(၁၄)အဲဒီအနီးမှ မထင်ရှား မြို့သက်မရှည်တဲ့ ကမျောမြို့ ဆိုတာလည်း ရှိခဲ့တယ်။ ယခု ကနိုင်းဒါရွာ။ (AD  -၁၃ နှောင်းပိုင်း)။ ဒါက ရှိဖူးခဲ့တယ်ပဲ ပြောလို့ရတယ်။ ပြစရာ နေရာက ဘုရားပဲကျန်တယ်။ ထင်ရှား တာလည်းမဟုတ်တော့ ကွင်းဆက်မိမှ ထည့်ပြောစရာ ရပါမယ်။

(၁၅) AD -၁၇၅၁မှာ မင်းနဲလှက ကြက်စားမြို့ ကိုတည် ပြန်တယ်။ စာပါတဲ့ အထောက် အထားရှိတယ်။ မြို့ဟောင်း နေရာရှိတယ်။ ဒီမြို့ကို တလိုင်းရှောင်မြို့လို့လည်း ခေါ်ပါ တယ်။ ယခု ကြက်စားပြင်ရွာ။

(၁၆) AD -၁၇၅၄မှာ မင်းနဲလှက အုတ်မြို့ရိုး အခိုင်အမာပြုပြီး မြို့သစ်တည်တယ်။ သာယာဝတီလို့ ခေါ်တယ်။ မင်းနဲလှ ဆိုတာ မင်းမျိုးမဟုတ်။ ငတပါးမင်း။ ယခု ထားဝယ်မြို့နေရာ။

နန်းတည်တာ ပျက်တာကို နှစ်အလိုက် ချုပ်ပြရရင် ပထမသုံးမြို့ အောင်သာဝတီ၊ ကနက်သီရိ၊ မှိုင်းကာရီ။ ဒီသုံးမြို့ကို ထားပါ။ ပြစရာဆိုလို့ မြို့ဟောင်းရာပဲ ရှိတယ်။ အထောက်အထား နဲနဲ ရှိတယ်။ ဒါပဲ ဆိုတော့ ထည့်မပြောလိုပါ။

အောင်သာဝတီက စပါမယ်။ တည်နှစ် BC-၅၄၁ ခေတ်ပြိုင်မပြနိုင်သေး။ ပစ်္စည်း အထောက်အထားသာ ရှိတယ်။ ရာဇဝင်နှင့် ညီတယ်။ နရုတိမင်း။ ပျက်နှစ် မသိရ။ စာမှတ်တမ်းရှိတယ်။ (သမိုင်းစာရင်းထဲ မထည့်ထားပါ)  အောင်သာဝတီပါ ကလိန်အောင်ပါ (၄)မြို့ ဒုတိယ အောင်သာဝတီ (အင်းဝခေတ်) AD -၁၃မှာ တည်တယ်။ ဒုတိယအကြိမ် ရှင်မုတ်ထီးနဲ့ ရှေ့က ဆက်နေတယ်။

အောင်သာဝရ- မောင်မယ်ရှောင်၊  တည်(AD -၇၃၂ ပျက် AD -၉၁၄ )

ဝေဒီ (တည် AD -၇၃၅ ပျက် ၉၁၄)

သာဂရ (တည် AD -၇၆၁ ပျက် ၉၁၄)

တကူမြို့ (တည် AD -၇၃၀ ခန့် ပျက် ၉၁၄ )

ညောင်ခရား (တည် AD -၉၁၄ ပျက် ၉၉၅)

သာဂရ ((ဒု) တည် AD -၉၉၅ ပျက် ၁၀၇၆ )

မဟာသုခနဂရ ((ပ) တည် AD -၁၁၅၅ ပျက် မသိရ။ အလောင်းစည်သူမင်း တည်)

ထောင့်ကွယ် AD (၁၁၇၄ -၁၂၆၈)

မုတ်တသုခနာဂရ မင်းဆွေ တည် AD (၁၄၁၇)  ပျက် မသိရ။

စော်ဝမြို့ဟောင်း မုတ်ထီး(၂)  ဝေဒီ(ဒု) (စောသူရ တည် AD -၁၄၃၀ ပျက် ၁၄၈၈)

ကမြောမြို့ – (ဘပု တည် AD – ၁၄၈၈ ပျက် ၁၄၉၄ (၆ နှစ်))

နန်းတောင် – (နန်ဒသာရ တည် AD – ၁၄၉၄ ပျက် AD -၁၄၉၇ သုံးနှစ်)

ကမြော(ကနိုင်းငယ်)( ဘပု ထပ်တည် AD – ၁၄၉၇ ပျက် AD -၁၅၀၄)

သာဂရ (တ) (ဇလွန် ဗြသပိုက်မင်း တည် AD -၁၅၆၁ ပျက် AD – ၁၇၅၁ )

ကြက်စားမြို့(မင်းနဲလှ တည် AD  -၁၇၅၁ ပျက်တာမဟုတ်။ တိုးချဲ့ AD -၁၇၅၄)

သာယာဝတီ – AD -၁၇၅၄  ပျက် AD -၁၈၂၄ ရန်တပိုစာချုပ်အရ ပထမဆုံး ကျွန်ဘ၀ ရောက်သွားရတယ်။

အောင်သာဝရ- မောင်မယ်ရှောင်၊  တည်(AD -၇၃၂ ပျက် AD -၉၁၄ )

ဝေဒီ (တည် AD -၇၃၅ ပျက် ၉၁၄)

သာဂရ (တည် AD -၇၆၁ ပျက် ၉၁၄)

တကူမြို့ (တည် AD -၇၃၀ ခန့် ပျက် ၉၁၄ )

ညောင်ခရား (တည် AD -၉၁၄ ပျက် ၉၉၅)

သာဂရ ((ဒု) တည် AD -၉၉၅ ပျက် ၁၀၇၆ )

မဟာသုခနဂရ ((ပ) တည် AD -၁၁၅၅ ပျက် မသိရ။ အလောင်းစည်သူမင်း တည်)

ထောင့်ကွယ် AD (၁၁၇၄ -၁၂၆၈)

မုတ်တသုခနာဂရ မင်းဆွေ တည် AD (၁၄၁၇)  ပျက် မသိရ။

စော်ဝမြို့ဟောင်း မုတ်ထီး(၂)  ဝေဒီ(ဒု) (စောသူရ တည် AD -၁၄၃၀ ပျက် ၁၄၈၈)

ကမြောမြို့ – (ဘပု တည် AD – ၁၄၈၈ ပျက် ၁၄၉၄ (၆ နှစ်))

နန်းတောင် – (နန်ဒသာရ တည် AD – ၁၄၉၄ ပျက် AD -၁၄၉၇ သုံးနှစ်)

ကမြော(ကနိုင်းငယ်)( ဘပု ထပ်တည် AD – ၁၄၉၇ ပျက် AD -၁၅၀၄)

သာဂရ (တ) (ဇလွန် ဗြသပိုက်မင်း တည် AD -၁၅၆၁ ပျက် AD – ၁၇၅၁ )

ကြက်စားမြို့(မင်းနဲလှ တည် AD  -၁၇၅၁ ပျက်တာမဟုတ်။ တိုးချဲ့ AD -၁၇၅၄)

သာယာဝတီ – AD -၁၇၅၄  ပျက် AD -၁၈၂၄ ရန်တပိုစာချုပ်အရ ပထမဆုံး ကျွန်ဘ၀ ရောက်သွားရတယ်။

ထားဝယ်ဆိုတာ လူမျိုးစု မဟုတ်ပါဘူး။ ဒေသကို စွဲခေါ်တဲ့ အခေါ်ပါဆိုပြီး ဆိုထားတဲ့ အဆိုတွေ ရှိခဲ့ပါတယ်။ လူမျိုးစုပါ။ လူမျိုးအမည်ကို စွဲခေါ်တာပါဆိုတဲ့ ဆရာတွေလည်း ရှိခဲ့တယ်။ ရာဇဝင်လာ အချက်အလက်တွေကို အပေါ်မှာ အကျဉ်း ချုပ်သဘောနဲ့တင်ပြလာခဲ့ပြီးပါပြီ။

အဲဒီအပေါ်က မြို့ဟောင်းတွေကို ကြည့်ပါ။ ထားဝယ်ဆိုတဲ့ စကားလုံး တစ်လုံးမှ မပါပါ။ နေရာဒေသကို စွဲ၍ ခေါ်တာပါဟု ဆိုပါလျှင် ထားဝယ်မြို့ သို့မဟုတ် ထားဝယ်ရပ်ရွာ ထားဝယ်ဒေသ စသည်တို့ကို ဘယ်မင်းလက်ထက် ဘယ် ခုနှစ်ကစတင် တည်ထောင်ပါတယ် ဆိုတာမျိုး တွေ့ရမှာ ဖြစ်ပါတယ်။  ဌာနေကို စွဲ၍ ခေါ်သော အခေါ်မဟုတ်ပေ။ ဒီတော့ကာ ဌာနေကိုစွဲပြီး ခေါ်တာပါဆိုကြသူ များရဲ့ အဆို ပျက်ပြယ်ပြီပေါ့။ နောက်ပိုင်းမှာ ထားဝယ်လူမျိုးများကို အကြောင်းပြုပြီး ထားဝယ်လို့ ပြောင်းခေါ်တယ်။ သာယာဝတီ ဆိုတာ ဘယ်နားပျောက်သွားမှန်းကို မသိရ  တော့ပါဘူး။ မခေါ်ကြတော့ဘူး။ ရာဇဝင် ဖတ်ဖူးသူအချို့ကလွဲရင် သိတောင် မသိကြ တော့ပါဘူး။

ထားဝယ်ဆိုတာ ရှေးကတည်းက ရှိတဲ့ အုပ်စု ဆိုတာလည်း မှန်ပါတယ်။ ဘယ်သူမှ မငြင်းတဲ့ဟာပါ။ ကိုယ့်နေရာ ကိုယ့်ဒေသ အပိုင်နဲ့ အုပ်စုဆိုတာလည်း မှန်တယ်။ ပျူအုပ်စုဝင်ဆိုတာလည်း မှန်တယ်။ အကြောင်းအရာတွေ တိုင်းဟာ နိုင်ငံတော်သမိုင်းရဲ့ အထောက်အပံ့ဖြစ်တာမို့ အစဉ်အလာ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းလိုခြင်းဖြင့် ထားဝယ်ဆိုတာကို ဖော်ဆောင်သင့်ပါတယ်။

အာကာဖြိုး (ကံပေါက်)