တစ်ယောက်နားမှာ မခါးရအောင်

0
908

Body- Shaming ဟူသော စကားစုကို ခန္ဓာကိုယ်ကို အရှက်ရစေခြင်း၊ အရှက်ခွဲခြင်း ဟု ပြန်ဆိုကြည့်သည်။ အောက်စဖို့ဒ် အဘိဓာန်၌မူ “ The act or practice of humiliating someone based on their body type by making critical and / or mocking statements about their body shape and size”ဟု အကျယ်ဖွင့် ထား၏။ တစ်စုံတစ်ဦး၏ ကိုယ်ခန္ဓာပုံသဏ္ဌာန် ကို အခြေခံကာ ဝေဖန်ခြင်းအားဖြင့် အရှက်ခွဲတတ်သော အပြုအမူ (ဝါ) အကျင့် သို့တည်းမဟုတ် တစုံတဦး၏ ကိုယ်ခန်္ဓာ ပုံသဏ္ဌာန် အရွယ်အစားကို လှောင်ပြောင်သော အပြု အမူများဟု ပြန်သော်သင့်မည် ထင်ပါသည်။
ဆိုလိုရင်းမှာ လူတစ်ဦး၏ ကိုယ်ခန္ဓာ ပုံသဏ္ဌာန်ကို ဝေဖန်လှောင်ပြောင်ခြင်း၊ ထိုသို့ပြုခြင်းဖြင့် တစ်စုံတစ်ဦးကို အရှက်ရ အောင် လုပ်တတ်သည့် အကျင့်မျိုး၊ အပြု အမူမျိုး ဖြစ်သည်။
ဥပမာ- ကိုယ်ခန္ဓာထွားလှသော အမျိုးသမီးတစ်ဦးကို ဝက်မ၊ ဖက်တီးမဟု လှောင်ပြောင်ကာ ထိုအမျိုးသမီးကို အရှက်ရ စေခြင်းမျိုး ဖြစ်သည်။ တကယ်တော့ ထိုသို့ သော အပြုအမူမျိုး အကျင့်မျိုးသည် ကျွန်တော်တို့ နေ့စဉ်နီးနီး ကြားရ ကြုံနေရသည်သာ ဖြစ်သည်။
အရပ်ထဲတွင် ငမဲ၊ ကြွက်ဖြူ၊ ငပိန်၊ ဖက်တီး၊ ဝက်၊ ဂျပု၊ အရှည်ကြီး အစရှိသဖြင့် ကိုယ်ခန္ဓာပုံသဏ္ဌာန် အသားအရောင်အလိုက် ခေါ်ဝေါ်နောက်ဟြေင်ခြင်းမျိုးရှိသလို ကိုယ်လက်အင်္ဂါချို့ယွင်းရှာသည့် ပုဂ္ဂိုလ်များကိုပင် ရယ်စရာနောက်ဟြေင်စရာအဖြစ် ဟြေဆိုပြုမူနေကြသည်ကိုလည်းများစွာတွေ့ရမည် ဖြစ်သည်။
ထိုသို့လှောင်ဟြေင်ခံရသူအများစုမှာ ဝသောသူများဖြစ်ပြီး ပိန်သူများမှာလည်း ထိုစက်ကွင်းက မလွတ်ကြပေ။ Bullying Statistics Org  ၏ စာရင်းအင်းများအရမူ ဆယ်ကျော်သက်မိန်းကလေး ၉၄ ရာခိုင်နှုန်း မှာ ခန္ဓာကိုယ် အသွင်အပြင်၊ အသားရောင် နှင့်ပတ်သက်၍ လှောင်ဟြေင်ခံရလေ့ရှိပြီး ဆယ်ကျော်သက်နှင့် အရွယ်ရောက်ပြီး အမျိုးသား ၆၄ ရာခိုင်နှုန်းနီးပါးမှာလည်း အလားတူ အဖြစ်မျိုးကြုံနေရသည်ဟု ဆိုပါသည်။
အထက်တွင် ဆိုခဲ့သလိုပင် တယောက် ယောက်၏ ခန္ဓာကိုယ် အသွင်အပြင်၊ အသားရောင်ကို လှောင်ဟြေင်မှတ်ချက်ခြင်း မျိုးသည် ခံရသူအဖို့ အရှက်ရစေရုံ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားနိုင်ရုံမက ရုပ်ပိုင်းဆိုင်ရာကိုလည်း သက်ရောက်နိုင်ကြောင်း ပညာရှင် အချို့က ဆိုသည်။ လေ့လာမှုတစ်ခုအရ ထိုသို့ အကြိမ်ကြိမ် လှောင်ဟြေင်ခံရသည့်အတွက် မိမိကိုယ်ကို စိတ်တိုင်းမကျခြင်း အဆိုးမြင် ခြင်းမျိုးရှိနေသည့် ခန္ဓာကိုယ်ဝသော အမျိုးသမီးအများစုသည် ၎င်းတို့နှင့် ခန္ဓာကိုယ် အလေးချိန် အရွယ်အစားတူပြီး များစွာအလှောင်မခံရသည့် အခြားအမျိုးသမီးများ နှင့်ယှဉ်လျှင် နှလုံးရောဂါ၊ ဆီးချိုနှင့် လေဖြတ်ခြင်း ကဲ့သို့သော ရောဂါမျိုး ဖြစ်နိုင်ချေ သုံးဆခန့် ပိုနေတတ်သည် သိရသည်။
ယနေ့ခေတ်ကာလကဲ့သို့ အင်တာနက် လူမှုကွန်ရက် လွှမ်းမိုးသောအချိန်တွင် ထိုကဲ့သို့ ပြုမူဟြေဆိုမှုများသည် ပို၍ပင် ကျယ်ပြန့် လာတော့သည်။ ဥပမာအားဖြင့် ဖေ့စ်ဘုတ်တွင် ပြက်လုံးထုတ်ခြင်း၊ သူတစ်ပါးကို လှောင်ဟြေင် မှတ်ချက်ပြုခြင်းမျိုး၊ အချို့သော ဟာသစာမျက်နှာများတွင် Body- Shaming လုပ်သည့် ပြက်လုံးများ၊ ရေးသားဟြေဆိုမှုများ တွေ့နိုင်သည်။ အချို့သော ကုန်ပစ္စည်းကြော်ငြာများသည်ပင် တစ်နည်းတစ်ဖုံ Body- Shaming လုပ်ရာရောက်နေတတ်သည်။ အထူးသဖြင့် အလှကုန်နှင့် အဆီကျဆေး၊ ဝိတ်ကျဆေး ကြော်ငြာများတွင် တွေ့ရတတ်သည်။
လူတစ်ယောက်အဖို့ နေ့စဉ်မိမိတို့ ကျင်လည်ရာပတ်ဝန်းကျင်တွင်လည်းကောင်း၊ လုပ်ငန်းခွင်တွင်လည်းကောင်း လူမှုကွန်ရက် များတွင်လည်းကောင်း ထိုသို့သော လှောင်ဟြေင်မှုများနှင့် အမြဲလိုလို ကြုံနေနိုင်ရာ မိမိ၏ ခန္ဓာကိုယ် အသွင်ပြင်နှင့်ပတ်သက်၍ မိမိကိုယ်ကို စိတ်တိုင်းမကျ၊ မလှ၊ ရုပ်ဆိုးသူ၊ လူရာမဝင်၊ အစရှိသော မကောင်းသည့် စိတ်များဝင်ကာ အားငယ်ခြင်း၊ မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးခြင်း မျိုးဖြစ်နိုင်ပေသည်။ စိတ်ထောင်းကိုယ်ကြေဟူသော စကားရှိသည်နှင့်အညီ မိမိကိုယ်ကို မရောင့်ရဲ နိုင်ဘဲ အမြဲစိတ်မချမ်းမြေ့ဖြစ်နေလျှင် အထက်တွင်ဖော်ပြခဲ့သော ဝေဒနာများပင် ဖြစ်နိုင်ပေသည်။ ထို့ကြောင့်ပင် Body- Shaming လုပ်ခြင်းကို မလုပ်အပ်သော၊ လက်သင့်မခံနိုင်သောအနိုင်ကျင့် စော်ကားမှုဟု လူမှုအသိုင်းအ၀ိုင်းများ၊ အထူးသဖြင့် အနောက်နိုင်ငံများ၌ သတ်မှတ်လာကြသည်။
ခန်္ဓာကိုယ်ဟူသည် မိမိတို့ စိတ်အလိုကျ အလွယ်ဟြေင်းလဲရန်ခက်သည်မှာ သဘာဝပင် ဖြစ်၏။ ဘာသာရေးအရဆိုသော် ခန္ဓာကိုယ်ဟူသည် ကံကြောင့် သို့မဟုတ် ဘုရားသခင်၏အလိုတော်တိုင်းသာ ဖြစ်ပေသည်။ အဓိကမှာ ကိုယ်စိတ်နှစ်ဖြာ သဟဇာတဖြစ်စွာ ကျန်းမာသန်စွမ်းရန်ဖြစ်သည်။
အချုပ်ဆိုရသော် ကိုယ်ခန္ဓာကို လှောင်ဟြေင်ခြင်းဖြင့် တစ်ဖက်သားကို အရှက်ရစေသည့် အပြုအမူ၊ အကျင့်မျိုးသည် ကောင်းကျိုးမများသည့် လုပ်ရပ်ဖြစ်သဖြင့် ကျွန်ုပ်တို့အနေဖြင့် အလေးဂရုပြု၍ ရှောင်ရှား သင့်ပေသည်။ မိမိကိုယ်ခန္ဓာနှင့် ပတ်သက်၍ မှန်ကန်သော အမြင်၊ ကြံ့ခိုင်သော စိတ်ဖြင့် ဘဝကိုရင်ဆိုင်ရမည်ဖြစ်သည်။ ကျွန်တော် တို့ အနေဖြင့် တစ်ဦးနှင့်တစ်ဦး စိတ်အနာတရ ဖြစ်အောင် ပြုလုပ်ခြင်းကိုရှောင်၍ တစ်ယောက်နှင့်တစ်ယောက် နှုတ်အား၊ လုပ်အားဖြင့် ဖေးမကူညီတတ်သော လူ့အဖွဲ့အစည်းဆီသို့ သာ ရှေးရှုသင့် ကြသည်မဟုတ်ပါလော။

ဖိုးကြာရိုး

ကိုးကား ။        ။

http://www.bullyingstatistics.org/content/fat-shaming-and-body-shaming.html

https://www.perdeby.co.za/sections/features/5774-body-shaming-and-its-effect-on-society