ပေါင်မြို့တွင် ရဲသေနတ်ကိုလုပြီး ရဲအား ပစ်ခတ်မှုဖြစ်ပွား

0
426

မွန်ပြည်နယ်၊ ပေါင်မြို့၊ ကဒုံးစီးရပ် ကွက် ဆွမ်းလောင်းပွဲနှင့် မီးထွန်းပွဲတော် တွင် လုံခြုံရေးတာဝန်ယူနေသည့် ဒုရဲ အုပ်သေနတ်ကို လုပြီး ပစ်ခတ်ခဲ့သဖြင့် ဒုရဲအုပ်တစ်ဦး သေနတ်ထိမှန်သည့် ဖြစ် စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း ပေါင်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၄ ရက် ည ၁၁ နာရီကျော်အချိန်ခန့်တွင် ဆွမ်း လောင်းပွဲနှင့် မီးထွန်းပွဲတော်တွင် အုပ်စု ဖွဲ့ ခိုက်ရန်ဖြစ်ပွားနေသည်ကို လုံခြုံရေး ယူထားသည့် ရဲတပ်ဖွဲ့ဝင်များလာရောက် ထိန်းသိမ်းခဲ့သည်။

ယင်းသို့ ထိန်းသိမ်းစဉ် လူ ၃ ဦးမှ ရဲတပ်ဖွဲ့ဝင်များအား ပြန်လည်ရန်ပြုခဲ့ကြ ပြီး ထိုစဉ်တွင် ၃ ဦးအနက်မှ တစ်ဦးက ဒုရဲအုပ်အောင်မိုးကျော်၏ ခါးကြားမှ သေနတ်ကို လုယူပြီး ပစ်ခတ်ခဲ့ရာ အနီး တွင်ရှိနေသည့် ဒုရဲအုပ်ရာဇာမြင့်စိုး ဆို သူ၏ ဝဲဘက်လမ်းမောင်း ထိမှန်ကာ ကျည်ဖောက်ဝင်သွားသည်ဟု ရဲမှတ် တမ်းအရ သိရသည်။
“ဒဏ်ရာရရှိတဲ့ ဒုရဲအုပ်ကို ရန်ကုန် ဆေးရုံကြီးကို ပို့ထားပါတယ်။ အသက် အန္တရာယ် စိုးရိမ်စရာ မရှိဘူး၊ လက် မောင်းကို ကျည်ထိသွားတော့ ခွဲစိတ်ကု သဖို့ ရန်ကုန်ဆေးရုံကြီးကို ပို့ထားတယ်” ဟု ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အေးဆွေက ပြောသည်။

သေနတ်ကို အခင်းဖြစ်ပွားရာနေရာ အနီးတွင် တွေ့ရှိရပြီး ဖြစ်စဉ်တွင် အောင်နိုင်ထွေး၊ ဝင်းထိုက်ဦးနှင့် သာလိ (ခ)သားသား ဆိုသူတို့ ပါဝင်ကြောင်း၊ အောင်နိုင်ထွေးနှင့် ဝင်းထိုက်ဦးတို့ ၂ ဦးကို အခင်းဖြစ်ပွားသည့် ညတွင်ပင် ဖမ်းဆီးရမိပြီး သေနတ်လု ပစ်ခတ်သူ သာလိ(ခ)သားသားကို အောက်တိုဘာ ၂၅ ရက် နံနက်က ဖမ်းဆီးရမိသည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒုရဲအုပ်အောင်မိုးကျော်မှ တရားလိုပြု လုပ်ကာ ပေါင်မြို့မရဲစခန်းတွင် (ပ) ၅၁၇^၂၀၁၈ ဖြင့် ပြစ်မှုကျူးလွန်သူ အောင်နိုင်ထွေး၊ ဝင်းထိုက်ဦးနှင့် သာလိ (ခ)သားသားတို့ ၃ ဦးအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၇/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲမှူးအေးဆွေက ပြောသည်။
မွန်ပြည်နယ်တွင် ၂၀၁၃ ခုနှစ်က လည်း သင်္ကြန်ပွဲတော် ကာလဖြစ် သည့် နှစ်ဆန်းတစ်ရက်နေ့တွင် မွန်ပြည်နယ် ၏ သင်္ကြန်ပွဲတော်စည်းကားလှသည့် မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာတွင် မွန်လူငယ်တစုနှင့် လုံခြုံရေးယူနေသည့် ရဲဝန်ထမ်းတို့ ရိုက်နှက်မှုတစ်ခု ဖြစ်ပွား ခဲ့ဖူးသည်။
အဆိုပါဖြစ်စဉ်ကြောင့် မွန်လူငယ် ၁၁ ဦးတို့က ဖမ်းဆီးထိန်းသိမ်း အရေး ယူခံခဲ့ရမှုလည်း ရှိခဲ့သည်။