မွန်ပြည်နယ် ခရီးသွားပွဲတော် ကျင်းပမည်

0
491

ခရီးသွားလာမှု ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပထမဆုံးအကြိမ် မွန်ပြည် နယ်ခရီးသွားပွဲတော်ကို မော်လမြိုင်မြို့ တွင် ကျင်းပသွားမည်ဟုပွဲတော်ကို ဦး ဆောင်ကျင်းပသူများထံမှ သိရသည်။

အဆိုပါ ခရီးသွားပွဲတော်ကို မွန် ပြည်နယ်အစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် မွန် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက် မှု လုပ်ငန်းရှင်များအသင်း၊ မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ပြည်တွင်း အပြင် ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များ ကိုလည်း ဖိတ်ကြားထားသည်ဟု ဟို တယ်နှင့် ခရီးသွားလာရေးဌာန (မော်လ မြိုင်ရုံးခွဲ)မှ ဒုတိယညွှန် ကြားရေးမှူး ဦးဟောက်ကျင်မုန်က ပြောသည်။

မွန်ပြည်နယ်ခရီးသွားပွဲတော်ကို မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် စက်တင်ဘာလ ၂၃ နှင့် ၂၄ ရက်တို့တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။
“ထိုင်းကအဖွဲ့လည်းပြမယ်၊ ဟို တယ်နဲ့ဆိုင်တဲ့ဟာ ကျွန်တော်တို့ ဒီ ဘက်က မြန်မာပြည်ကလည်းပြမှာပေါ့၊ ထိုင်းကပါသလို ဒီကဟိုတယ်ဇုန်တွေပေါ့ ဥပမာ မန္တလေးဇုန် ပုဂံဇုန်တို့ပေါ့နော် သူတို့ကို လဲဖိတ်မှာ”ဟု မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်း အတွင်း ရေးမှူး ဦးချိုချိုက ပြောသည်။

မွန်ပြည်နယ်အတွင်း အထင်ကရ နေရာများဖြစ်သည့်ကျိုက်ထီးရိုး၊ကျိုက္ခ မီ စသည်တို့အပြင် လူသူသိနည်းသေး ပြီး ခရီးသွားများ စိတ်ဝင်စားနိုင်သည့် နေရာဒေသများကိုလည်း ရှာဖွေပြသ သွားနိုင်ရန်လည်း ရည်ရွယ်ထားကြောင်း ၎င်းက ဆက်ပြောသည်။
ခရီးသွားပွဲတော် ကျင်းပသည့်ရက် တို့တွင်လည်း မွန်ပြည်နယ်အတွင်းရှိ မည်သည့်ဟိုတယ်တွင်မဆို ၅၀ ရာခိုင် နှုန်းလျှော့ဈေးဖြင့် တည်းခိုနိုင်အောင် လည်း စီစဉ်ထားသည်ဟု မွန်ပြည်နယ် ဟို တယ်လုပ်ငန်းရှင်များအသင်းကပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်ထိ ဟိုတယ် ၂၇ လုံး၊ တည်းခိုခန်း ၁၉ လုံး ရှိပြီး အိပ်ခန်းပေါင်း ၁၆၃၁ ခန်းထိရှိ သည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဌာန(မော်လမြိုင်ရုံးခွဲ)ရှိစာရင်းအရ သိ ရသည်။