ထိုင်းပြန်များကို အထူးတလည် မကြိုတော့ဟုဆို

0
420

ထိုင်းနိုင်ငံမှ ပြန်လည်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အထူးတလည် ကြိုဆိုတော့မည် မဟုတ် ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ထိုင်းအစိုးရ၏ အလုပ်သမားဥပဒေ အပြောင်းအလဲကြောင့် နေရပ်ပြန်လာ သည့် အထောက်အထားမဲ့ မြန်မာ အလုပ်သမားများကို တာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့များက နွေးထွေးစွာ ကြို ဆိုခြင်း၊ အစားအသောက်၊ ခရီးစရိတ် ထောက်ပံ့ပေးခြင်းများ လုပ်ဆောင်ခဲ့ကြ သည်။

သို့သော် ကော့သောင်းနယ်စပ် ဂိတ်မှ ဝင်ရောက်လာသူအချို့မှာ နေရပ် ကို မပြန်ဘဲ တရားမဝင် ပြန်လည် ခိုးဝင် မှုများရှိနေခြင်းကြောင့် ကော့သောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“တခြားနယ်စပ်တွေမှာ ပြန်လာသူ တွေ မရှိတော့ပေမဲ့ ကော့သောင်းမှာ က ဒီနေ့အထိ ပြန်ပို့လာသူတွေ ရှိနေဆဲပဲ။ နောက်ပိုင်း ပြန်လာသူတွေထဲမှာ နေရပ် ပြန်သူတွေ ထက် ထိုင်းကို ခဏခဏ ခိုးဝင်ပြီး အဖမ်းခံရလို့ ပြန်ပို့ခံရသူတွေ များလတယ် ဒါကြောင့် အရင်ကလို တကူးတက တခမ်းတနား မကြိုတော့ ဘူး”၎င်းက ဆိုသည်။

အမှန်တကယ် နေရပ်ဇာတိ ပြန် မည့်သူများကိုမူ လိုအပ်သည့် အကူ အညီများပေးအပ်မည်ဖြစ်ကြောင်း ဦးစိုး မြင့်သိန်းက ပြောသည်။
ထိုင်းနိုင်ငံ ရနောင်းအချုပ်မှ ကော့ သောင်းနယ်စပ်ဂိတ် ဘက်သို့ ဩဂုတ် လ ၂၃ ရက်နေ့အထိ လူဦးရေ ၂၀၀၀ ဦး လွှဲပြောင်း ပို့ဆောင်ပြီးဖြစ်ကြောင်း ကော့သောင်းမြို့နယ် လူဝင်မူကြီးကြပ် ရေးဌာနခွဲ ၂ ထံမှ သိရသည်။