မွန်ပြည်သစ်ပါတီ လှုပ်ရှားရာဒေသမှ တပ်မတော်ပြန်ဆုတ်

0
447

မွန်ပြည်သစ်ပါတီ လှုပ်ရှားရာ ဒေသ အထူးသဖြင့် မော်လမြိုင်ခရိုင်အတွင်း သို့ ဝင်ရောက်လှုပ်ရှားလာသည့် တပ် မတော်တပ်ရင်းများ ယခုရက်ပိုင်းအတွင်း ပြန်လည်ဆုတ်ခွာနေပြီဟု မွန်ပြည်သစ် ပါတီနှင့်ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၈ ရက်က ကျရောက်ခဲ့ သည့် မွန်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပပြီးနောက် မွန်ပြည်သစ်ပါတီ လှုပ်ရှားရာ နယ်မြေများတွင် တပ်မ တော်စစ်ကြောင်းက စစ်အင်အားတိုး မြှင့်ဝင်ရောက်လာခဲ့ခြင်းကြောင့် နှစ်ဖက် စစ်ရေးတင်းမာမှု အနည်းငယ် ဖြစ်ပွား ခဲ့သည်။

တပ်မတော်ဘက်က စစ်ရေးလှုပ် ရှားမှု ပြုလုပ်လာသည့်ကိစ္စနှင့် ပတ် သက်ပြီး မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်သည် အဖွဲ့ နှင့်တပ်မတော် အမှတ် (၄) စစ်ဆေးရေး အထူး အဖွဲ့မှူး(ကစထမှူး) ဦးဆောင် သည့်အဖွဲ့တို့ ဩဂုတ်လ ၁၆ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တပ်မတော် တပ်ရင်းဘက်က ၎င်းတို့ တပ်ရင်းပြန် လည် ဆုတ်ခွာသွားခြင်း ဖြစ်သည်။

“နောက်ဆုံး ဒီနေ့ရတဲ့သတင်းအရ ကတော့ တောင်ပေါက်မှာ ၃၀ လောက် ကျန်နေသေးတယ်၊ အကုန်ဆုတ်ပေးမယ် လို့တော့ ကျွန်တော်တို့ ထင်တာပေါ့နော်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ၁၆ ရက်နေ့က တပ်မတော်အမှတ် (၄) စစ် ဆေးရေးအထူး အဖွဲ့မှူးနဲ့ တွေ့တုန်းက ဒီတပ်ရင်းတွေကို အကုန်ဆုတ်ပေးမယ် လို့ ပြောထားတယ်”ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောသည်။

မွန်တော်လှန်ရေးနေ့ပြီးနောက် မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ဒေသတစ်ဝိုက်ဖြစ်သည့် ကြာအင်းဆိပ်ကြီး မြို့နယ် ဇမိချောင်းနှင့် ဝင်းယော်ချောင်း နှစ်သွယ်ကြားရှိ တောင်ပေါက်ကျေးရွာ၊ လိုင်ကနီကျေးရွာနှင့် ဝယ်ကလွန်ကျေး ရွာတို့တွင် တပ်မတော်တင်ရင်း ခမရ ၂၈၃၊ ၂၈၄၊ ခလရ ၂၈၊ ၃၂ စင်းကြောင်း တို့မှ ခန့်မှန်းတပ်အင်အား ၁၈၀ ခန့် အခြေပြုလှုပ်ရှားလာသည်ဟု မွန်ပြည် သစ်ပါတီက ပြောသည်။

မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)ရေးထိုင်နိုင်ရန်အတွက် UNFC အဖွဲ့အစည်းနှင့်အတူ နိုင်ငံတော်အစိုးရ နှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။