သင်္ကြန်ကာလ ကားလက်မှတ် မကြပ်နိုင်ဟု ခန့်မှန်း

0
424

ခရီးသွားသူများပြားလ့ရှိသော သင်္ကြန်ကာလအကြိုနေ့များနှင့် နှစ်ဆန်းရက်များအတွင်း တနင်္သာရီ တိုင်း၌ ကားလက်မှတ် နှစ်စဉ်ကြပ်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ လက်မှတ်မကြပ်နိုင်ဟု ကားလက်မှတ် ရောင်းချကြသူများက ခန့်မှန်းသည်။ ယခုနှစ်တွင် အဝေးပြေးကားအသင်း ၇ ခုခန့်တိုးလာသည့်အပြင် ယမန်နှစ်များလောက်ကားလက်မှတ် ကြိုတင်မှာယူမှုမရှိသည့်အတွက် ယင်းသို့ခန့်မှန်းကြခြင်းဖြစ် ကြောင်း ကောင်းသစ်စံ ထားဝယ်ကားဂိတ် တာဝန်ရှိသူက ပြောသည်။

” လက်မှတ်ကြပ်ဖို့ အလားအလာ မရှိပါဘူး” ဟု ကောင်းသစ်စံ လက်မှတ်အရောင်ဌာန တာဝန်ရှိသူက ပြောသည်။
ထို့ပြင် ယခင်နှစ်များက ခရီးသွားကုမ္ပဏီများမှ ကားအသင်းများထံတွင် ကားငှားလေ့ရှိသော်လည်း ယခုနှစ်တွင် ခရီးသွားကုမ္ပဏီအများစုက ကိုယ်ပိုင်ကားများဝယ်ယူပြေးဆွဲသဖြင့် အသင်းပိုင်ကားများ အော်ဒါမရဘဲ အားလပ်နေကြခြင်းတို့ကြောင့် လိုအပ်ပါက ကားတိုးပြေးဆွဲနိုင်ကြောင်း နယူးရွှေလီကား အသင်း တာဝန်ရှိသူက ပြောသည်။

လေယာဉ်လက်မှတ်မူ သင်္ကြန်အကြိုကာလနှင့် နှစ်ဆန်းနေ့များတွင် ကြပ်နိုင်သည်ဟု ထားဝယ် Sun Far လေယာဉ်လက်မှတ်အရောင်းဌာန တာဝန်ရှိသူက ပြောသည်။ ကားသင်းအများစုမှာ သင်္ကြန်ရက် များအတွင်း ရပ်နားလေ့ရှိကာ မြန်မာ့လေကြောင်းပိုင် လေယာဉ်မှာမူ ယခုနှစ်တွင် သင်္ကြန်ရက်များအတွင်း ပြေးဆွဲပေးမည်ဟု သိရသည်။