သင်္ကြန်လုံခြုံရေး ရဲအင်အား ၃၀၀ သုံးမည်

0
513

သင်္ကြန်ကာလတွင် တိုင်းအတွင်း လုံခြုံရေးဆောင်ရွက်ရန် ရဲတပ်ဖွဲ့ အင် အား ၃၀၀ ခန့် အသုံးပြုသွားမည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ထားဝယ်ခရိုင်တွင် ရဲတပ်ဖွဲ့ အင်အား ၁၃၀ ဦးခန့်၊ မြိတ်ခရိုင်တွင် ၁၀၀ ဦးခန့်နှင့် ကော့သောင်းခရိုင်တွင် ၆၀ ဦးခန့်အထိ အသုံးပြုသွားမည် ဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရ သည်။မဏ္ဍပ်လုံခြုံရေး၊ ရပ်ကွက်များ အတွင်း လှည့်ကင်းလှည့်ကာ လုံခြုံရေး ဆောင်ရွက်ခြင်းများ လုပ် ဆောင်သွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဆိုသည်။

” အဓိကကတော့ ယာဉ်တိုက်မှုတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေ မဖြစ်အောင် ဆောင်ရွက်သွားမယ်” ဟု ရဲမှူးကြီး နေမျိုးက ပြောသည်။
ယခင်က မဏ္ဍပ်များတွင်သာ လုံခြုံ ရေးဆောင်ရွက်နေပြီး မြို့အတွင်း ရေ ပက်ကြမ်းသည့် ရပ်ကွက်များတွင်မူ ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေသည်ကို မတွေ့ရကြောင်း ထားဝယ်မြို့ ဝဲကျွန်း ထိန်ဟောင်းရပ်နေ ဦးဇော်မိုးက ဆို သည်။

” မဏ္ဍပ်တွေနဲ့ ပြဿနာဖြစ်နိုင်တဲ့ နေရာတွမှာ အင်အားကို အချိုးညီညီ ချထားစေချင်တယ်” ဟု ဦးဇော်မိုးက ပြောသည်။