ဟိုတယ်အများစု သင်္ကြန်ရက်အမီ အခန်း ဘိုကင်ပြည့်

0
361

ထားဝယ်မြို့ပေါ်ရှိ ဟိုတယ် အား လုံးနီးပါး သင်္ကြန်ကာလအတွက် အခန်း ကြိုတင်အမှာ ပြည့်နေပြီ ဖြစ်ကြောင်း ထားဝယ်မြို့ပေါ်ရှိ ဟိုတယ်အချို့ထံမှ သိရသည်။
အခန်းကြိုတင်မှာယူမှုများဖြင့် ပြည့်နေပြီဖြစ်ပြီး သင်္ကြန်ကာလအတွက် အခန်းခနှုန်းထား ပိုယူခြင်းမရှိသော်လည်း ညစာ (ဘူဖေး) အတွက် တစ်ဦးလျှင် ငွေ တစ်သောင်းကျပ်နှုန်း မယူမနေရ သတ် မှတ်ထားကြောင်း ထားဝယ်မြို့ပေါ်ရှိ Diamond Crown ဟိုတယ်မှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

” ခရီးသွားကုမ္ပဏီတွေက ကြိုမှာ ထားကြတာ များတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ယမန်နှစ်က လောင်းလုံး ဘုတ်ကျွန်း ကို အဓိကထား သွားလာကြပြီး လက်ရှိ တွင် ခရီးသွားကုမ္ပဏီအများစုက ထားဝယ် ဒေသရှိ ရှင်ကိုးရှင် ဘုရားများနှင့် ပဲ့စင် ကျွန်းခရီးစဉ်များကို အဓိကထားပို့ဆောင် နေသည်။
” သင်္ကြန်အတွက် အခန်းခဈေးပို တင်တာ မရှိပါဘူး ” ဟု ဇေယျာထက်စံ ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလတွင် အခန်း ကြိုတင် ငှားရမ်းမှုကို စတင်လက်ခံပြီး ယခင် ဈေးနှုန်းထက် အနည်းငယ် ဈေးမြှင့်ထား ကြောင်း ထားဝယ်မြို့ရှိ Golden Guest ဟိုတယ်မှ တာဝန်ရှိသူက ဆိုသည်။ထားဝယ်မြို့ပေါ်ရှိ ဟိုတယ်အများ စုတွင် မတ်လ ၁၂ ရက်နေ့ (သင်္ကြန် အကြို နေ့မတိုင်မီ)မှ မတ်လ ၁၉ ရက်နေ့အထိ ဘိုကင်မှာယူသူများနှင့် ပြည့်နေပြီဖြစ် ကြောင်း ဟိုတယ်အချို့ထံမှ သိရသည်။

ယမန်နှစ်သင်္ကြန်ကာလတွင် ထားဝယ်ဒေသသို့ ခရီးသွားဝင်ရောက်မှု များပြားသဖြင့် ဟိုတယ်အခန်း မလုံ လောက်သည့်အတွက် ခရီးသွားအချို့ အခက်အခဲများကြုံတွေ့ခဲ့ရသည်။၂၀၁၆ ခုနှစ် ဒီဇင်ဘာလအထိ ထားဝယ်ခရိုင်အတွင်း ဟိုတယ် ၁၀ လုံး တွင် အခန်းပေါင်း ၄၀၀ နီးပါး ရှိသည်။