ဘုရင့်နောင် တောင်ကုန်းပတ်လမ်း အဟောင်း ပြန်ခင်းမည်

0
428

ဘုရင့်နောင် တောင်ကုန်းပတ်လမ်း အဟောင်းအား အသစ်ပြန်ခင်းသွားမည် ဖြစ်ကြောင်းကော့သောင်းမြို့နယ်စည် ပင်သာယာဌာနထံမှ သိရသည်။
အလှူရှင် ၂ ဦးမှ ကျပ်သိန်း ၁၅၀ ထည့်လှူမည်ဖြစ်ပြီး လမ်းကြမ်းပြန်ဖော် ခြင်းအား အခမဲ့ပြုလုပ်ပေးမည့်သူ ၁ ဦး တို့ပေါ်ပေါက်လာပြီးနောက် ယခုကဲ့သို့ ပြန်လည်ခင်းရန် ဆုံးဖြတ်ခြင်းဖြစ်သည် ဟု သိရသည်။အထက်ပါ အလှူငွေများနှင့် ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေပေါင်းပြီး အသုံးပြု မည်ဖြစ်ကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

 
” ခုချိန်ထိတော့ အတိအကျ ပြောမရ သေးဘူး၊ ကုန်ကျစရိတ်ဆွဲနေတုန်းပဲ၊ တွက်ချက်ပြီးမှ ဘယ်လိုဆက်လုပ်ကြ မလဲဆိုတာ သိရမှာပါ”  ဟု စည်ပင်သာယာ ဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးနေမျိုး ထံမှ ရှင်းပြသည်။
အဆိုပါလမ်းအရှည်မှာ ပေ ၁၈၀၀ ကျော်ရှိပြီး အကျယ်မှာ ၁၂ပေ ဖောက် လုပ်မည်ဟု သိရသည်။