ဝန်ပိနေ၍ စည်ပင်နှင့် ဆောက်လုပ်ရေးဌာနကို မွန်ဝန်ကြီးချုပ် စွန့်လွှတ်တော့မည်

0
515

ဝန်ပိနေသည့်အတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် တိုက်ရိုက်ကိုင်တွယ်နေသည့် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတာဝန်မျာကို စွန့်လွှတ်ပြီး ဝန်ကြီးခန့်အပ် လွှဲပြောင်းပေးတော့မည် ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး က ပြောသည်။


ဝန်ကြီးဌာန ၇ ခုဖြင့် ဧပြီ ၄ ရက် က စတင်ဖွဲ့စည်းခဲ့သည့် မွန်ပြည်နယ် အစိုးရအဖွဲ့တွင် စည်ပင်သာယာရေး နှင့်     ဆောက်လုပ်ရေးဝန်ကြီးဌာနကို ဝန်ကြီးချုပ်က တိုက်ရိုက်ကိုင်တွယ် တာဝန် ယူခဲ့သည်။” ဒီဟာက အရမ်းဝန်ပိသလိုဖြစ် သွားပြီး  ဒါက ပြဿနာလည်း ရှိတယ်၊ လွှတ်တော်မှာလဲ ပြောလာနေပြီ၊ ကျိုက် ထီးရိုးကိုလည်း တာဝန်ခံထားတော့ လုပ်ရတော့ မယ်၊ တာဝန်တစ်ခု ဖြစ်လာ ပြီ၊ ဝန်ကြီးချုပ်တာဝန်လည်း ရှိတော့ ဝန်ပိနေတဲ့ဟာကို လျှော့တော့မယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောသည်။

 
ဝန်ကြီးနေရာကို တိုင်ပင်သင့်သူ များနှင့် တိုင်ပင်ပြီး လွှတ်တော်ကိုယ် စားလှယ်ထဲမှဖြစ်စေ၊ ပြင်ပ ပညာရှင်ထဲမှ ဖြစ်စေ ရွေးချယ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ မည်သည့်အချိန်တွင် ရွေးချယ်ခန့် အပ်မည်ကို မသတ်မှတ်ရသေးဟု သိရ သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဝန်ကြီးနေရာအတွက် လွှတ်တော် ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ ကိုယ်စား လှယ်မဟုတ်သူများထဲကဖြစ်စေ ခန့် အပ်ခွင့်ရှိသည်။

 
ဝန်ကြီးအဖြစ် ခန့်အပ်ရွေးချယ်မည့် ပုဂ္ဂိုလ် အမည်စာရင်းကို သက်ဆိုင်ရာ ပြည်နယ် (သို့) တိုင်းဒေသကြီး လွှတ် တော်ထံအတည်ပြုချက်ရယူပြီး လွှတ် တော် ထောက်ခံချက်ရပါက နိုင်ငံတော် သမ္မတထံ အမည်စာရင်းကို ဆက်လက် ပေးပို့ ခန့်အပ်ရမည် ဖြစ်သည်။
“ဝန်ကြီးရဲ့ လုပ်ငန်းတွေကို ဝန်ကြီး ကပဲ လုပ်ပြီးတော့ ဝန်ကြီးချုပ်က အပေါ် ကနေ ကြီးကြပ်တာက၊ ဒါဟာ မှန်ကန် တဲ့ လုပ်ရပ်လို့ပဲ မြင်တယ်” ဟု မွန်ပြည် နယ် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ကွန်ရက် တွဲဖက်ညှိနှိုင်းရေးမှူး ဦးဇော်ထွန်း က ပြောသည်။
မွန်ပြည်နယ် အစိုးရအဖွဲ့တွင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင် အား ဝန်ကြီးဌာန၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် လူမှု ရေးဝန်ကြီးဌာနဟု ဝန်ကြီးဌာန ၇ ခုရှိသည်။