ထားဝယ်ကမ်းနားလမ်း စီမံကိန်း အကောင်အထည်ဖော်က ဆိပ်ကမ်းမြေ ငှားထားသူများ ရွှေ့ရမည်

0
673

ထားဝယ်မြို့ ကမ်းနားလမ်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ ယာယီမြေငှားရမ်းကာ လုပ်ငန်းအသီးသီး ဆောင်ရွက်နေသည့်  အဆောက်အအုံများ ဖျက်သိမ်းပေးရမည်ဟု တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။


ယင်းအဆောက်အအုံများ ဖျက်သိမ်း ရန် ရက်ကန့်သတ်ပေးမထားဘဲ ကမ်း နားလမ်းအား အဆင့်မြှင့်မှုကဲ့သို့သော စီမံကိန်းတစ်ခုခု အကောင်အထည်ဖော်ပါ က လိုအပ်သည့်အချိန်တွင် ဖျက် သိမ်း ပေးရန် သတိပေးခြင်းဖြစ်ကြောင်း တိုင်း ဒေသကြီးအစိုးရ အဖွဲ့ရုံးဒုညွှန်ကြားရေး မှူးက ပြောသည်။” အဓိကက အခိုင်အမာ မဆောက် စေချင်ဘူး၊ နောက်ထပ် မဆောက်အောင် နဲ့ ဆောက်ပြီး အဆောက်အအုံတွေကို စီမံကိန်းတစ်ခုခု အကောင်အထည်ဖော် ချိန်မှာ အဆင်သင့်ဖြစ်နေအောင်ပါ” ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဒုညွှန် ကြားရေးမှူး ဦးသိန်းအောင်က ဆိုသည်။

 
ထားဝယ်ကမ်းနားလမ်းအား မြိတ်နှင့် မော်လမြိုင်မြို့ရှိ ကမ်းနားလမ်း များကဲ့သို့ အဆင့်မြှင့်မည်ဆိုပါက လက်ခံကြိုဆိုကြောင်း ကမ်းနားလမ်း တွင် သဲကျောက်လုပ်ငန်း လုပ်ကိုင်နေ သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“သဲကျောက်လုပ်ငန်းတွေ ဖျက် သိမ်းရမယ်ဆိုလည်း တခြားနေရာမှာ နေရာတစ်ခု သတ်သတ်မှတ်မှတ် စီစဉ် ပေးစေချင်တယ်” ဟု အဆိုပါ လုပ်ငန်း ရှင်က ဆိုသည်။

 
အဆိုပါကိစ္စအား တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှ ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်တွင် သက်ဆိုင်ရာဌာန များသို့ စာပို့ညွှန်ကြားထားပြီး ယင်း ယာယီမြေငှားရမ်းလုပ်ကိုင်သူများကို ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ခုနှစ်ကလည်း သတိပေးစာ တစ်ကြိမ် ပေးပို့ထားပြီး ဖြစ်ကြောင်း သိရသည်။

 
အဆိုပါညွှန်ကြားချက်မှာ ဆိပ် ကမ်းရုံးမှ မြောင်းပုလဲတံတားအထိ တည်ရှိသည့် မြန်မာ့ ဆိပ်ကမ်းထံမှ ယာယီမြေငှားရမ်း လုပ်ကိုင်နေသည့် လုပ်ငန်းများသာ ပါဝင်ပြီး မြောင်းပုလဲတံ တားမှ ကမြောကင်း တံတားအနီး အထိ မြေများမှာ ယခင် တပ်မတော်အစိုးရ လက်ထက်က ချပေးခဲ့သည့် နှစ် ၃၀ လှေဒေါက်ကျင်း မြေငှားဂရမ်များရှိပြီး သက်တမ်းထပ်တိုးပေး/မပေးမှာ အစိုးရ အပေါ် မူတည်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဒုညွှန်ကြားရေးမှူး ဦးသိန်းအောင်က ပြောသည်။ ထားဝယ် မြို့၊ ကမ်းနားလမ်းရှိ ဆိပ်ကမ်းပိုင်မြေ နေရာတွင် ယာယီမြေငှားရမ်းထားသူ ၅၁ ဦးရှိကြောင်း သိရသည်။