မွန်တွင် ဝက်အများအပြား သေဆုံး

0
430

မွန်ပြည်နယ်အတွင်း မြို့နယ်တိုင်းရှိ မွေးမြူရေးဝက် အများအပြားသေဆုံးမှုဖြစ်ပွားနေသည်ဟု မွေးမြူရေးဝက်ခြံ ပိုင်ရှင် များနှင့် ပြည်နယ်မွေးမြူရေးအဖွဲ့ ချုပ်တို့ထံမှ သိရသည်။သေဆုံးမှုဖြစ်ပွားသည့် မွေးမြူရေးခြံမှ ဝက်များသည် ရောဂါလက္ခဏာအစတွင် အစားအသောက်ပျက်ကာ ငြိမ်သက်စွာ နေထိုင်လာပြီး တစ်ပတ်အကြာတွင် သေဆုံးကြလေ့သည်ဟု မော်လမြိုင် သီရိမြိုင်ရပ်ကွက်မှ ဝက်မွေးမြူသူတစ်ဦးက ပြောသည်။


” စဖြစ်တာက အစားအသောက်ပျက်တယ်၊ တစ်ရှောင်ရှောင် ဖြစ်တယ်၊ နောက်တစ်ပတ်လောက်ဆို သေတာဘဲ၊ ဈေးကြို၊ ရခိုင်ကုန်းဘက်က ခြံတွေမှာလည်း ဒီလိုပဲ သေကုန်ကြတယ်” ဟု ၎င်းက ပြောသည်။အဆိုပါ ဝက်တုပ်ကွေးဟု သိထားရသည့် ယင်းရောဂါ လက္ခဏာကို ဧပြီလခန့်က စတင်တွေ့ရှိခဲ့ပြီး တဖြည်းဖြည်းဖြင့် သေဆုံးသည်ထိ ဖြစ်ပွားလာခဲ့သည်ဟု မွန်ပြည်နယ် မွေးမြူရေးအဖွဲ့ချုပ် အတွင်းရေးမှူး ကိုညိုမင်းက ခန့်မှန်းသည်။

 
ယင်းသို့မဖြစ်ရန် အဓိကဝက်ခြံများကို ဇီဝလုံခြုံမှုမြှင့်ထားရမည်ဖြစ်ကာ ဝက်ခြံသန့်ရှင်းအောင်လုပ်ထားခြင်း၊ ခြံကို တစ်ပတ်တစ်ခါခန့် ပိုးသတ်ဆေးဖြန်းပေးခြင်း ပုံမှန်လုပ်ဆောင်ပါက ဝက်သေဆုံးမှုအန္တရာယ်မှ ကင်းဝေးနိုင်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
အဆိုပါကိစ္စအား မွန်ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့မေးမြန်းရာ လက်ရှိတွင် ဝက်တုပ်ကွေးဖြစ်သည်ကို မကြားသေးကြောင်း ဝက်များ ရောဂါဖြစ်ပွားနေသည်ဟု ယူဆပါက ၎င်းတို့ဌာနထံ အမြန်လာရောက် အကြောင်းကြားပြီးဌာနနှင့် ပူးပေါင်းကာ ကာကွယ်ကုသမှုကိုဆောင်ရွက်သင့်ကြောင်း ဌာနမှူးဒေါက်တာ အောင်သန်းဝင်းက ပြောသည်။