ဆင်ခြင်ခြင်းများ အတွက် ခရီးတစ်ခု – ထားဝယ် အထူးစီးပွားရေးဇုန်အတွက် ဒုတိယမ္ပိအစီအစဉ် လိုအပ်

0
566
ဓာတ်ပုံ - အောင်သူ

ဒေါ်အောင်ဆန်းစုကြည် မကြာခင် ထိုင်းသို့ လာရောက်မည့် ခရီးစဉ်သည် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေး အတွက်သာမက ထားဝယ် အထူးစီးပွား ရေးဇုန် စီမံကိန်းကို ပြန်လည် စဉ်းစားရန် အတွက်ပါ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာ သည်။

မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစု ကြည်သည် ထိုင်းနိုင်ငံသို့ ဇွန်လ ၂၃ မှ ၂၅ အတွင်း လာရောက်ရန်ရှိပြီး ဝန်ကြီးချုပ် ဗိုလ်ချုပ် ပရာယုချန်အိုချာနှင့် တွေ့ဆုံကာ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ် သမားများ၏ အခွင့်အရေးနှင့် ဒုက္ခသည်များ အရေးတို့ အပါအဝင် နှစ်နိုင်ငံ ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်သည်။ ထို့အပြင် ထိုင်း အစိုးရသည် ကြာမြင့်စွာ ရပ်ဆိုင်းထားရသည့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို အရှိန်မြှင့်ရန် ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးရန် စီစဉ်ထားသည်။

3) Photo By AUngthu (3)
ဓာတ်ပုံ – အောင်သူ

၂၀၁၂ ခုနစ်တွင် ဒေါ်အောင်ဆန်း စုကြည်သည် ၂၄ နှစ်ကြာ နေအိမ်အကျယ် ချုပ်မှ လွတ်မြောက်ပြီးနောက် ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီး ထိုင်း နိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ အများဆုံးရှိသည့် စမွတ်စခွန် ခရိုင်ရှိ မဟာချိုင်သို့ လာရောက်ကာ မြန်မာရွှေ့ ပြောင်း လုပ်သားများနှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်တွင် သူမသည် အလုပ်သမားများ မြန်မာပြည်သို့ ပြန်လာနိုင်ရေး စီးပွားရေး အခြေအနေကို ပိုမိုကောင်းမွန်လာစေရန် အတတ်နိုင်ဆုံး ကြိုးစားပေးမည်ဟု ကတိကဝတ် ပြုခဲ့သည်။

အပြုသဘောဆောင်စွာပင် ထိုင်း နိုင်ငံရှိ မြန်မာရွှေ့ပြောင်း လုပ်သားများသည် အစိုးရသစ်တွင် ဦးဆောင်နေရာ ယူထား သော ဒေါ်အောင်ဆန်းစုကြည်၏ ယခု ခရီး စဉ်သည် ရွှေ့ပြောင်းလုပ်သားများ၏ အခွင့် အရေးများ ချိုးဖောက်ခြင်းနှင့် ရွှေ့ပြောင်း အလုပ်သမားများအပေါ် မတရားပြုကျင့် ခြင်းကိစ္စကိုဖြေရှင်းပေးရန် ကူညီပေးနိုင်မည် ဟု ယုံကြည်ကြသည်။ သူမ ခရီးစဉ်၏ ရလဒ်အဖြစ် အလုပ်သမားများအပေါ် ဥပဒေအရ ပိုမိုအကာအကွယ်ပေးနိုင်ပြီး သူတို့၏ အခွင့်အရေးများကိုလည်း ကာ ကွယ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြသည်။

ယင်းကြောင့် ထိုင်းနိုင်ငံသည် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်ပေးနိုင်မည့် မူဝါဒနှင့် စည်းမျဉ်း များကို ပိုမိုမြှင့်တင်ပေးရာတွင် အဓိက အရေးပါသည့် အနေအထား ဖြစ်သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ရွှေ့ပြောင်းလုပ်သားများအား နိုင်ငံတွင်း စီးပွားရေး အခြေအနေသို့ ပြန်လည်ခေါ် သွင်းမည့် ကတိစကားသည် ထားဝယ်အထူး စီးပွားရေးဇုန်အား ရှေ့ဆက်တိုးရန် ထိုင်း အစိုးရ၏ အစီအစဉ်နှင့် တနည်းတဖုံ ကိုက် ညီနေပေသည်။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း သည် အီတာလျံ-ထိုင်း ဖွံဖြိုးရေးကုမ္ပဏီ မှ စတင် လုပ်ဆောင်ခဲ့သော စီမံကိန်းဖြစ်ပြီး (၂၀၁၅ ခုနစ် ဩဂုတ်လတွင် စီမံကိန်း ကနဦးအဆင့်ကို အကောင်အထည် ဖော်ခွင့် ရရှိခဲ့သည်) ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သူအနေဖြင့် စီမံကိန်း၏ စွဲမက်ဖွယ် အကျိုးကျေးဇူးက မြန်မာ့စီးပွား ရေးကို ရှေ့တိုးရန် ကူညီပေးနိုင်မည်၊ ဒေသ ခံများအတွက် အလုပ်အကိုင် အခွင့်အလမ်း ကို ၂၀၄၅ ခုနစ်တွင် ကိုးသိန်းအထိဖန်တီး ပေးနိုင်လိမ့်မည်ဟု ထားဝယ် အထူးစီးပွား ရေးဇုန်၏ စီမံကိန်းအချက်အလက်များတွင် ဖော်ပြထားသည်။

သို့သော်လည်း မြန်မာအစိုးရအသစ် အနေဖြင့် စီမံကိန်းဧရိယာတဝိုက်တွင် ဖြစ်ပွားခဲ့သည့် လူမှုနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုး ကျိုးများ၏သက်ရောက်မှုကို လျစ်လျူ ရှုကာ ထားဝယ် အထူးစီးပွားရေးဇုန်သည် တိုင်း ပြည်၏ စီးပွားရေးကို အားကောင်းလာ အောင်လုပ်မည်ဆိုသော ငွေကြေး ကိန်း ဂဏန်း ခန့်မှန်းခြေများဖြင့် သက်သက်ဖြင့် စီမံကိန်းကို ရှေ့ဆက်တိုးရန် တကယ်မြင် နေပါသလား။

ဓာတ်ပုံ-အောင်သူ
ဓာတ်ပုံ-အောင်သူ

အမှန်တကယ်တော့ NLD ဦးဆောင် သည့် အစိုးရအသစ်အနေဖြင့် စီမံကိန်း အသေးစိတ်ကို သေချာ လေ့လာကာ ပြန် လည်စဉ်းစား သုံးသပ်ရန် အချိန်ယူသင့် သည်။ ထားဝယ် အထူးစီးပွားရေးဇုန်၏ ပမာဏမှာကြီးမားပြီးထိုင်းနိုင်ငံ၊ ရယောင်း ခရိုင်ရှိ မတ်တပွတ် စက်မှုဇုန်ထက် ၇ ဆမှ ၁၀ ဆခန့် (သို့) ၁၉၆ ဒဿမ ၅ စတုရန်း ကီလိုမီတာရှိသည်။

ထိုင်းတို့သည် မတ်တာပွတ်နှင့် ပတ် သက်၍ အတွေ့အကြုံဆိုးများ ခံစားခဲ့ရပြီး ဖြစ်၍ မြန်မာစက်မှုဖွံ့ဖြိုးရေးအတွက် အကောင်းဆုံး သင်ခန်းစာယူစရာ တခု လည်း ဖြစ်သည်။ ထိုင်းနိုင်ငံမှ လူမှုအဖွဲ့ အစည်းများ ပြုလုပ်ခဲ့သည့် အစီရင်ခံစာအရ မတ်တာပွတ် စက်မှုဇုန်မှ အဓိက အမြတ်ရ သွားသည့် အဖွဲ့မှာ နိုင်ငံခြားလုပ်ငန်းများနှင့် ထိုင်း ကော်ပိုရေးရှင်း ကြီးများဖြစ်သည်။ ဒေသခံ လုပ်ငန်းငယ် စီးပွားရေးသမားများ မှာ ရေနံဓာတု စက်မှုလုပ်ငန်းတွင် ရင်းနှီး မြှုပ်နှံရန်အရင်းအနှီးနှင့်နည်းပညာ ကျွမ်း ကျင်မှု မလုံလောက်ပေ။ အခြား အမြတ် ထွက်သည့် အုပ်စုများမှာ နိုင်ငံရေး သမား များ၊ ထိပ်တန်း အစိုးရအရာရှိများနှင့် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေး လုပ် ငန်းများနှင့် ဆက်စပ်သည့် စီးပွားရေး လုပ်ငန်းများ ဖြစ်သည်။

တချိန်တည်းမှာပင် ဒေသခံ စီးပွား ရေးငယ်များဖြစ်သည့် ခရီးသွားလုပ်ငန်း များ၊ ဟိုတယ်များ၊ အပန်းဖြေစခန်းများ၊ ကုန်စုံဆိုင်များ အစရှိသည်တို့အားလုံး သည် စက်မှုဖွံဖြိုးမှုဖြစ်သည့် အထူးသဖြင့် လမ်းနှင့် ဆိပ်ကမ်းဆောက်လုပ်ခြင်းမှ လာသည့် ညစ်ညမ်းမှုများ၏ ဒဏ်ကို ခံစားရကာ ရယောင်းခရိုင်ရှိ ခရီးသွား ဧည့်သည်များအကြား နာမည်ကျော် ကြားခဲ့ဖူးသည့် လှပသည့် ကမ်းခြေများ နှင့် ကမ်းရိုးတန်းများလည်း ထာဝရ ဖျက်ဆီးခံလိုက်ရသည်။

ထို့အပြင် ဒေသခံအများစုမှာ နည်း ပညာမြင့် စက်ရုံများတွင် အလုပ်လုပ် ကိုင်ရန် အရည်အချင်းမပြည့်မီသည့် အတွက် စက်မှုဇုန်များတွင် လုပ်ကိုင်ခွင့် မရပေ။ အနည်းငယ်သာ စက်ရုံ ဂိုထောင် စောင့်၊ ဥ ယျာဉ်မှူး၊ ကားဒရိုင်ဘာအဖြစ် ငှားရမ်းခြင်း ခံရသည်။

မတ်တာပွတ်မှ ဒေသခံများသည် စိုက်ပျိုးမြေများ ဆုံးရှုံးခြင်း၊ ငါးလုပ်ငန်းနှင့် ဥယျာဉ်ခြံများ ဆုံးရှုံးကာ မိမိဘာသာရပ် တည်နိုင်စွမ်း မရှိတော့ပေ။ ထိုအခြေ အနေကို ထားဝယ်တွင် စတင်တွေ့လာ ရသည်။ မတ်တာပွတ်တွင် သမားရိုးကျ ရေရနေသည့် နေရာများ၊ မိုးရေ၊ တွင်းရေး၊ ချောင်းရေတို့သည် ညစ်ညမ်းသော ရေဆိုး များ မြေသို့စိမ့်ဝင်ခြင်းနှင့် အနီးအနား ပတ်ဝန်းကျင်မှ အဆိပ်တို့သင့်ကုန်သည်။ ထို့အပြင် ညစ်ညမ်းမှုနှင့် သဘာဝပတ် ဝန်းကျင် ပြောင်းလဲမှုတို့သည် ဆိုးဝါး သည့် ကျန်းမာရေး ပြဿနာများကို ဖြစ်စေသည်။ ရယောင်းခရိုင်သည် ကင်ဆာအမျိုးအစား မျိုးစုံသောနိုင်ငံ အတွင်း ကင်ဆာဖြစ်ပွားမှု အမြင့်ဆုံးဒေသ ဖြစ်သည်။

အလုပ်အကိုင်များစွာ ဖန်တီးနိုင် မည်ဟု အမြဲတစေ စည်းရုံးပြောဆိုလေ့ ရှိသော ကိစ္စနှင့် ပတ်သက်၍ လည်း မတ်တာပွတ်၏ အခြေအနေကို ကြည့်နိုင် ပါသည်။ မတ်တာပွတ်မှ အခြေအနေအရ ဒေသခံများ၏ ဘ၀ထုံးထမ်းဓလေ့နှင့် ယဉ်ကျေးမှုများသည် ထိုဒေသသို့ ပြောင်းရွှေ့လာသူ အမြောက်အမြားကြောင့် ထိခိုက်ပျက်စီးကြသည်။ ထို့အပြင် ရယောင်းခရိုင်ရှိ စီးပွားကူးသန်းဌာန၏ အဆိုအရ ဆင်းရဲ၊ ချမ်းသာ ကွာဟမှုများ များသထက် များလာခဲ့သည်။

ဓာတ်ပုံ - အောင်သူ
ဓာတ်ပုံ – အောင်သူ

ထားဝယ် အထူးစီးပွားရေးဇုန်သည် ယခုမှ ကနဦး အဆင့်စတင်ခဲ့သော်လည်း ဒေသခံများအဆိုအရ စီမံကိန်းသည် ဒေသခံများ၏ စီးပွားရေး နောက်ခံကို ပျက်ဆီးပြီးသား ဖြစ်နေပြီ ဖြစ်သည်။ ထားဝယ်ဖွံဖြိုးရေးအဖွဲ့ (DDA) နှင့် ထိုင်းလူ့အခွင့်အရေး ကော်မရှင်တို့ ပူးတွဲ ပြုလုပ်ထားသည့် အစီရင်ခံစာအရ ဒေသ ခံများသည် စီမံကိန်းကြောင့် ဆိုးကျိုးများ စတင်ခံစားနေရပြီ ဖြစ်ကာ ပွင့်လင်းမြင် သာမှု၊ ပုံမှန်ဖြစ်မှုလည်း မရှိပေ။ ဒေသခံ များသည့် မြေယာ သိမ်းဆည်းခံရခြင်းနှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ပျက်စီးခြင်းတို့စသည့် အခက်အခဲများ စတင်ခံစားနေရသည်။ ဒေသခံအဖွဲ့များ က ဒေသခံများ၏ စိုးရိမ်ပူပန်မှုကို အစိုး ရနှင့် ကုမ္ပဏီသို့ မကြာခဏ ပြောဆိုခဲ့ သော်လည်း ကောင်းမွန်သည့် တုန့်ပြန်မှု များ မရခဲ့ပေ။

ယခုတခေါက် ဒေါ်အောင်ဆန်းစု ကြည်၏ ထိုင်းနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်သည် တနည်းအားဖြင့်ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အတွက် မျှော်လင့်ချက်လည်းဖြစ်သည်။ ထို့အတူ ထားဝယ်ရှိ စီမံကိန်းကြောင့် ထိ ခိုက်သည့် ရွာသားများကလည်း ပြဿနာ များကို ဖြေရှင်းပေးရန် နှစ်ဖက်အစိုးရထံမှ တုန့်ပြန်မှုများကို စောင့်မျှော်နေသည်။ ဒေသခံများ၏ အသံများ၊ ဆန္ဒများနှင့် ဒေသခံများ ပါဝင်သည့် ဖွံဖြိုးမှုအတွက် မျှော်လင့်ချက် မြင့်မားလျက် ရှိသည်။

ထို့ကြောင့် NLD ဦးဆောင်သည့် အစိုးရသစ်အတွက် ဒေါ်အောင်ဆန်းစု ကြည်၏ ခရီးစဉ်မှတဆင့်ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို ပြန်လည် သုံးသပ်ပေးရန် အချိန်လည်း ဖြစ်သည်။ စီမံကိန်းကို ဒုတိယမ္ပိပြန်လည် ဆင်ခြင် သုံးသပ်ရန် အချိန်လည်း ဖြစ်သည်။

စာရေးသူမှာ ထိုင်းအခြေစိုက် သတင်းစာ ဆရာမတစ်ဦးဖြစ်သည်။