ဒယ်လ်ကို၏ ဒေသဖွံဖြိုးရေး လုပ်ငန်းမှတ်တမ်းကို သက်သေအဖြစ် တရားသူကြီး လက်မခံ

0
434

တနင်္သာရီအပတ်စဉ်၏ ပင်တိုင် ဆောင်းပါးရှင်ကို အသရေဖျက်မှုဖြင့် တရားစွဲထားသည့်အမှုတွင် ဒယ်လ်ကို ကုမ္ပဏီ၏ ဒေသဖွံဖြိုးရေးလုပ်ငန်း မှတ် တမ်းများကိုသက်သေ အဖြစ်တရား ခွင် တွင်တင်ပြခဲ့သော်လည်း ရေဖြူမြို့နယ် တရားသူကြီးက လက်ခံခြင်း မပြုခဲ့ပေ။

ဇွန်လ ၇ ရက်နေ့က ခေါ်ယူသည့် ဒုတိယ ရုံးချိန်းတွင်ဒယ်လ်ကို ကုမ္ပဏီက ကံပေါက်နှင့် ပတ်ဝန်းကျင်ကျေးရွာများ တွင် ဆောင်ရွက်ထားသည် ဆိုသည့်ဒေ သဖွံဖြိုးရေး လုပ်ငန်းများ၊ အသုံးစရိတ် များ၊ မှတ်တမ်းဓာတ်ပုံများနှင့် ဂုဏ်ပြု မှတ်တမ်းလွှာ စသည်တို့ကို တရားခွင် တွင်တင်ပြခဲ့သော်လည်း အမှုနှင့်တိုက် ရိုက် မသက်ဆိုင်ဟု ဆိုကာတရားသူကြီး ကပယ်ချခဲ့သည်။

” ငါးရံ့ တစ်ကောင်ရဲ့ရင်ဖွင့်သံ” အက်ဆေးရေးသားသော ဦးအောင်လွင် ကို တရားစွဲထားသော အမှုဒုတိယရုံးချိန်း တွင် Delco ကုမ္ပဏီမှ တရားလိုဖြစ်သူ ပတ်ဝန်းကျင်နှင့် လူမှုဆက်ဆံရေး မန် နေဂျာ ဦးဝင်းဦးကို ၎င်း၏ အကျိုး ဆောင်ရှေ့နေမှ စစ်ဆေးခြင်း၊ သက်သေ တင်ပြခြင်းတို့ လုပ်ဆောင်ခဲ့သည်။
တနင်္သာရီ အပတ်စဉ် ပါငါးရံ့ တစ်ကောင်ရဲ့ ရင်ဖွင့်သံအက်ဆေး စာ မျက်နှာ ၁၇နှင့် ၂၀တွင်ပါရှိသည့် စာ သားများကကုမ္ပဏီနှင့် ပတ်ဝန်းကျင်နှင့် လူမှုဆက်ဆံရေး မန်နေဂျာ၏ ဂုဏ် သိက္ခာကိုထိခိုက်မှု ရှိသည်ဟု ဆိုကာ အသရေဖျက်မှုဖြင့် တရားစွဲခြင်းဖြစ် ကြောင်း တရားလိုက တရားခွင်တွင် ထွက်ဆိုသည်။

အက်ဆေးတွင် Delco ကုမ္ပဏီဟု တိုက်ရိုက်ဖော်ပြထားခြင်း မရှိသော် လည်း ” ပြီးခဲ့သည့် မိုးကုန်ခါနီးမှာ သတ္တုတွင်းက စဉ်းစားဥာဏ်မဲ့ ဆောက် ထားတဲ့ နှုန်းစစ်ရေကန်ပေါက်ကျ သွား တယ်ဗျ” ဟု ဖော်ပြထားခြင်းကြောင့် Delco ကုမ္ပဏီသည် မိုးတွင်းကာလက နှုန်းစစ်ရေကန် ပေါက်ကျခဲ့ဖူးသည်ဟု တရားလိုက ပြောသည်။

နှုန်းစစ်ကန် ပေါက်ကျသွားခြင်းမှာ စဉ်းစားဥာဏ်မဲ့ ဆောက်ထား၍မဟုတ်ဘဲ သဘာဝဘေးကြောင့် ပေါက်ကျသွားခြင်း ဖြစ်ကြောင်း ဦးဝင်းဦးက ထွက်ဆို ခဲ့သည်။
” ဘုရားစူး ရပ်မိရပ်ဖနဲ့ ပေါင်းပြီး ဟန်ပြကျေးရွာဖွံဖြိုးရေးလုပ်ငန်း အချို့ လုပ်ခဲ့တယ်။ ……. တောင်းဆိုမှု တွေဆက်မလုပ်နိုင်တော့အောင် တမင် လုပ်တယ်” စသည့် အက်ဆေးပါစာသား အချို့ကို အခြေပြုကာတရားလို ရှေ့နေ က မေးမြန်းစစ်ဆေးခဲ့သည်။

၎င်းအပြင် တရားလိုက ဦးအောင် လွင်သည် ဒယ်လ်ကိုကုမ္ပဏီကို ဆန္ဒပြ ချိန်ကဆန္ဒပြဦးဆောင်သူ တစ်ဦးဖြစ်ပြီး ဒယ်လ်ကို ကုမ္ပဏီဖျက်သိမ်းရေး၊ ဒယ်လ် ကိုကုမ္ပဏီအလိုမရှိဟု ဆန္ဒပြသူဖြစ် ကြောင်းလည်းဦးဝင်းဦးက တရားခွင် အတွင်း ထွက်ဆိုခဲ့သည်။သတ္တုတူးရာတွင် Delco ကုမ္ပဏီ အနေနှင့် ဥပဒေနှင့်အညီ လုပ်ငန်းလုပ် ကိုင်ရေး အတွက်ဒေသခံ၁၀၀ကျော်က ဆန္ဒပြရာတွင် ဦးအောင်လွင်သည်လည်း ပါဝင် ဟောပြောခဲ့သည်။

” ကုမ္ပဏီက ပြောတာကတော့ သူတို့ဘက်က အမြင်ပေါ့။ မှန်မမှန် ဆိုတာကိုတော့ တရားသူကြီးက ဆုံး ဖြတ်ပါလိမ့်မယ်” ဟု ဦးအောင်လွင်က ပြောသည်။
တတိယရုံးချိန်းကို ဇွန်လ၁၄ရက် နေ့ကို ချိန်းဆိုထားပြီး ယင်းရုံးချိန်းတွင် တရားလိုကို ဦးအောင်လွင်၏ အကျိုး ဆောင်ရှေ့နေ့က စစ်ဆေးမည်ဖြစ်သည်။