ကော့သောင်းတွင် မြို့နယ်ပေါင်းစုံ အမျိုးသမီး ကာယကြံ့ခိုင်ရေးပြိုင်ပွဲ ကျင်းပမည်

0
400

မြို့နယ်ပေါင်းစုံအမျိုးသမီး ကာယ ကြံ့ခိုင်ရေး ပြိုင်ပွဲနှင့် ကာယဗလမောင် ပြိုင်ပွဲအား မတ်လ ၆ရက်တွင် ကော့ သောင်းမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း ကော့သောင်းခရိုင် အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ သိရသည်။


တိုင်းအတွင်းရှိ မြို့နယ် ၁၀ မြို့ နယ်မှ လာရောက် ယှဉ်ပြိုင်ကြရမည် ဖြစ်ပြီး ကော့သောင်းမြို့တွင် ပထမဆုံး အကြိမ် ကျင်းပခြင်းဖြစ်ကြောင်း ယင်း ဌာနမှ သိရသည်။
“မြန်မာအမျိုးသမီးတွေ ကိုယ်လက် ကြံ့ခိုင်ရေး ပိုမို ကောင်းမွန်လာပြီး၊ အမျိုးသမီး ကာယကြံ့ခိုင်ရေးပြိုင်ပွဲကို လှယဉ်ကျေးမယ်ပြိုင်ပွဲလို စိတ်ဝင်စား လာအောင် ယခုလိုကျင်းပတာဖြစ် တယ်” ဟု ကော့သောင်းမြို့နယ်အားကစား နှင့်ကာယ ပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက ဆိုသည်။
ကာယဗလမောင်ပြိုင်ပွဲအတွက် ကီလို ၆၀ အထက်နှင့် ကီလို ၆၀ အောက် နှစ်မျိုးယှဉ်ပြိုင်မည်ဖြစ်ပြီး၊ အမျိုးသမီး ကာယ ကြံ့ခိုင်ရေးပြိုင်ပွဲ အတွက်အသက် ၃၀ အောက် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ် ကြောင်း သိရသည်။