ရေသယံဇာတအရေး သွေးအေးမနေသင့်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

၂၀၁၅ခုနှစ် နွေရာသီက တစ် နိုင်ငံလုံး ကျေးရွာပေါင်း ၆၀၀၀၀ ကျော် အနက်မှာ ကျေးရွာပေါင်း ၁၀၀၀၀ လောက် ရေရှားပါးမှု ကြုံခဲ့ရတယ်။ မန္တလေးတိုင်း ဒေသကြီးမှာဆိုရင် ကျေးရွာပေါင်း ၄၀၀၀လောက် ရေဒုက္ခ ရောက်ခဲ့တယ်။ တနင်္သာရီတိုင်း မှာလည်း ရေရှား တဲ့နေရာတွေ အများ ကြီးပါ။ မြို့ကြီးတွေဖြစ်တဲ့ ထားဝယ်၊ မြိတ်၊ ကော့သောင်းမှာ ရေရောင်းသမား တွေ အတော်အလုပ်ဖြစ်ခဲ့တယ်။


ကျန်တဲ့ ခရိုင်တွေအကြောင်း အသေး စိတ်မသိ ပေမယ့် ထားဝယ်ခရိုင်မှာလည်း ရေရှား တဲ့ရွာတွေ များလာပါတယ်။
ငွေကို ရေလိုသုံးတယ်လို့ ဆိုကြ တယ်။ တကယ်ပဲ သုံးနိုင်သေးလား ဆိုတာ ပြန်မေးဖို့ လိုနေပါပြီ။ မြန်မာပြည် အလယ်ပိုင်းသားတွေက ငွေကိုမလို၊ ရွှေကိုမလို၊ ရေကိုသာလိုတယ်လို့ ဆို တယ်။ နွေမှာရေရှားလို့ ဒုက္ခရောက် နေတုန်း မိုးတွင်းကာလ ဇူလိုင်နဲ့ စက်တင်ဘာလတွေမှာ ရေကြီးလို့ တစ် တိုင်းပြည်လုံး ဒုက္ခထပ်ရောက်ရတယ်။ မြန်မာသမိုင်းမှာ အဆိုးရွားဆုံး ရေကြီးမှု လို့ ဆိုတယ်။
သေချာတာကတော့ လာမယ့် ၂၀၁၆ခုနှစ်မှာလည်း ရေရှားဦးမယ်လို့ ပညာရှင်တွေက ဟောနေတယ်။ ဒီလိုပဲ ရေကြီးတာလည်း ဖြစ်ဦးမယ်လို့ ပြောပါတယ်။ ဒါက ရေကြောင့်ဖြစ်တဲ့ ဒုက္ခတွေပါ။ တကယ်တော့ ရေဟာ အသက်ရှင်ရေးအတွက် မရှိမဖြစ် ဓာတ် ပစ္စည်းပါ။ အနာဂတ်ကာလအတွက် အရေးကြီးဆုံး ဓာတ်ပစ္စည်းပါ။ တည်ငြိမ် အေးချမ်းရေးအတွက် အရေးပါတဲ့  ဓာတ် ပစ္စည်း ဖြစ်တယ်။ ချမ်းသာကြွယ်ဝမှုကို ပြတဲ့ ဂုဏ်တစ်ခု ဖြစ်တယ်။
၂၀၁၄ခုနှစ် ဖေဖော်ဝါရီ လမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် အမျိုးသားအဆင့်ရေမူဝါဒဆိုပြီး ထွက်ပေါ်လာတယ်။ သတင်းမီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တက်ကြွ လှုပ်ရှားသူတွေ၊ ပတ်ဝန်းကျင် ထိန်း သိမ်းရေးသမားတွေ၊ နိုင်ငံရေးသမားတွေ စတဲ့ ပုဂ္ဂိုလ်တွေရဲ့ အသံတွေ မကြား လိုက်ရဘူး။ ထားဝယ်မှာ အောက်တိုဘာ လရောက်မှ အမျိုးသားအဆင့်ရေ အရင်းအမြစ် ကော်မတီရဲ့ ကျွမ်းကျင်သူ ပညာရှင်များအဖွဲ့က လာပြီး ဆွေးနွေး တော့မှ သိကြတယ်။

ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် အမျိုးသားအဆင့် ရေမူဝါဒ မှာ အခန်း ၁၇ ခန်း ပါတယ်။
ရေအသုံးပြုရန်အတွက် ရေရရှိနိုင်မှု ကို ပိုမိုတိုးမြှင့်စေခြင်း၊ ရေလိုအပ်မှု စီမံခန့်ခွဲခြင်းနှင့် ရေကိုအကျိုးရှိစွာ အသုံးချခြင်း၊ ရေပေးဝေမှုအတွက် ဈေး နှုန်း သတ်မှတ်ခြင်း၊ ရေပေးဝေမှု၊ အညစ် အကြေးစွန့်ပစ်မှုနှင့် ရေဆိုးသန့်စင်ခြင်း စသဖြင့် အသီးသီးပါတယ်။
ဒီမူဝါဒအရ အမျိုးသားအဆင့် ရေ အရင်းအမြစ် ကော်မတီဆိုတာ ပေါ်             လာတယ်။ ဥက္ကဋ္ဌက ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ဒုတိယဥက္ကဋ္ဌက ပို့ဆောင် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ အတွင်းရေးမှူးက ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးထွန်းလွင်ဦးတို့ ဖြစ်တယ်။

ဒီနေရာမှာ လေ့လာမိတာက မြေ မူဝါဒကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ဦး ဆောင်တယ်။ ရေမူဝါဒကို ပို့ဆောင်ရေး ဝန်ကြီးဌာနက ဦးဆောင်တယ်။ ဘာ ကြောင့်လဲတော့ မသိ။

အမျိုးသား အဆင့်ရေအရင်းအမြစ် ကော်မတီရဲ့ ကျွမ်းကျင်သူပညာရှင်များ အဖွဲ့ရဲ့ ဥက္ကဋ္ဌက ဦးအုန်းမြင့်ဖြစ်ပြီး အတွင်းရေးမှူးက ဒေါက်တာခင်နီနီသိန်း ဖြစ်တယ်။ ဒီကော်မတီမှာ အခြားဆက် စပ်နေတဲ့ ဘယ်ဝန်ကြီးဌာနတွေ ပါတယ် ဆိုတာ မသိရဘူး။ ဘယ်အချက်အလက် တွေနဲ့ အခြေခံတယ်။ ပြည်သူလူထုရဲ့ သဘောထား ဘယ်လောက်ပါတယ် ဆိုတာ မသိရဘူး။ ကျွန်တော်သိတဲ့ ကျွမ်းကျင် သူများအဖွဲ့ဝင်အချို့ ကတော့ နိုင်ငံတကာ အဆင့်ပညာရှင်တွေ ဖြစ် တယ်။ ရေမူဝါဒကို သေချာဖတ်တဲ့ အခါ နားမလည်တဲ့အချက် အလက်တွေ၊ စကားလုံးတွေ အများကြီးတွေ့ရတယ်။
၂၀၁၅ခုနှစ် အောက်တိုဘာလမှာ မြန်မာနိုင်ငံ ရေသယံဇာတဥပဒေ(မူကြမ်း)ဆိုပြီး တွေ့ရတယ်။ ဒီဥပဒေ အကြမ်းကို ရေးဆွဲရာမှာ အမျိုးသားအဆင့် ရေ မူဝါဒ၊ မြေအောက်ရေဥပဒေ(၂၀၁၄)၊ ရေအရင်းအမြစ် ထိန်းသိမ်းရေးနှင့် မြစ် ချောင်းများဥပဒေ (၂၀၀၆)၊ ဥရောပ သမဂ္ဂ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဩစတေးလျစတဲ့ ရေဥပဒေတွေ၊ နည်း ပညာတွေကို အခြေခံပြီး ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ ထားဝယ်၊ မြစ်ကြီးနား မြို့တွေမှာ လုပ်ခဲ့တဲ့ လူထုဆွေးနွေး ပွဲများရဲ့ အကြံပြုချက်တွေ ပါတယ်လို့ တွေ့ရတယ်။

၂၀၁၄ ခုနှစ်မှာက အမျိုးသားအဆင့် ရေမူဝါဒ ဖြစ်တယ်။ ၂၀၁၅ မှာ ကျတော့ ရေသယံဇာတဥပဒေ(မူကြမ်း)ထွက် လာတယ်။ ရေကနေ ရေသယံဇာတဆိုပြီး ပြောင်းတယ်။ ရေသယံဇာတကို ဘယ်လို အဓိပ္ပာယ်ဖွင့်လဲဆိုတော့ “နိုင်ငံသား များ၏ ကျန်းမာရေး၊ အသက် ရှင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်ရေးကို ဖြစ်စေရုံသာမက ဒေသ တိုးတက်ရေးနှင့် နိုင်ငံတကာ အတွက်ပါ အကျိုးသက်ရောက်စေမည့် မြေပေါ် မြေအောက် ရေအရင်း အမြစ် များ၊ ရေချို ရေငံအရင်းအမြစ်အားလုံးကို ဆိုလို သည်။ ထိုရေများမှ ရရှိလာသော ရေစွမ်း အင်များလည်း ပါဝင်သည် ” လို့ ဆိုတယ်။

ကျွန်တော်တို့ ထားဝယ်မှာ သတ္တု တွင်းတွေကြောင့် မြစ်ချောင်းများ ညစ်ညမ်းနေတာ ကြာပါပြီ။ ဘယ်လိုမှ ဖြေရှင်းလို့မရဘဲ ထပ်ကာထပ်ကာ ညစ် ညမ်းနေဆဲပါ။ နွေဆိုရင် ရေရှားပါပြီ။ မြေအောက်ရေအကြောင်း မည်သူမျှ သေချာ မသိပါ။ မိုးရေချိန် သိပ်များလို့ ရေသိပ်ပေါတယ်လို့ ထင်ရပေမယ့် မိုးတိတ်ပြီးတာနဲ့ မြောင်းတွေ ချောင်း တွေမှာ ရေမရှိတော့ပါဘူး။

ရေဝေရေလဲတောတွေ မရှိတော့တဲ့ အတွက် မြစ်ချောင်းများအတွက် ရေ အရင်းအမြစ် ခက်ခဲနေပြီဖြစ်လို့ ကျေး လက် ပြည်သူတွေ ရေဒုက္ခရောက်မှာ ကျိန်းသေနေပါပြီ။ မြို့နေလူတန်းစားတွေ အတွက်လည်း အလားတူ ဖြစ်တယ်။ ဒီအတွက် ရေကိုဘယ်လို စနစ်တကျ ထိန်းသိမ်းမယ်ဆိုတဲ့ အတွေးမျိုးကို လူတိုင်းနီးနီး သတိရှိရှိ တွေးပြီး အကောင် အထည်ဖော်ဖို့လိုပါပြီ။

ကမ္ဘာပေါ်မှာရှိတဲ့ ရေချိုပမာဏက အတိုးအလျော့ မရှိပါဘူး။ ဒါပေမယ့် လူဦးရေတိုးပွားလာခြင်း၊ ကမ္ဘာကြီး ပူနွေးလာခြင်း၊ ရာသီဥတု ပြောင်းလဲ ခြင်း၊ သစ်တောများပြုန်းတီးခြင်း၊ စိုက် ပျိုးရေးနှင့် စက်မှုလုပ်ငန်းများအတွက်