မွန်ဂိုလီးယားနိုင်ငံသို့ လေ့လာရေးခရီး

0
453

ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) ဆရာ/ဆရာမတွေနဲ့ အတူ စတင်ဘာလ ၁၉ရက်နေ့ ညနေမှာ စတင်ထွက် ခွာခဲ့တယ်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကထွက်ခွာပြီး ဘန်ကောက် လေဆိပ်သို့ မဆင်းသက်ခင်မှာပဲ အတွေး တွေနဲ့အတူ ခံစားမှုတွေစတင်လာခဲ့ တယ်။


ဘန်ကောက်မြို့ရဲ့ ညမှောင်ရီရီ အလှကို လေယာဉ်ပေါ်က လှမ်းမြင် လိုက်ရတော့ ကျွန်တော်တို့ တနင်္သာရီ တိုင်းကထွက်တဲ့သဘာဝ ဓာတ်ငွေ့ တွေကို ပြေးမြင်မိလိုက်တယ်။ တကယ် တော့ ဘန်ကောက်မြို့ရဲ့ ညအလှကို တန်ဆာဆင်ထားတဲ့ လျှပ်စစ်မီး အရောင် စုံဟာ တနင်္သာရီတိုင်းရဲ့ တိတ်ဆိတ် ခြောက်ကပ်နေတဲ့ အမှောင်ညတွေနဲ့ ပေးဆပ်ထားခဲ့ ရတာပါပဲ။
ဒီလိုနဲ့ပဲ ဟိုတွေး ဒီတွေးရင်း ဘန်ကောက်လေဆိပ်ကနေ ဆက်လက် ထွက်ခွာလာခဲ့တာ တောင်ကိုရီးယား နိုင်ငံ အင်ချွန်းလေဆိပ်ကို မနက် ၇ နာရီ လောက် ရောက်ခဲ့တယ်။ အဲဒီမှာ တောင်ကိုးရီးယားမှ မွန်ဂိုလီးယား နိုင်ငံကို ထွက်ခွာမယ့် လေယာဉ်က ညနေပိုင်းမှ ရှိတယ်ဆိုတော့ အင်ချွန်းမြို့ ရဲ့ အလှကို ကျွန်တော်တို့တတွေ လေ့လာခွင့်ရလိုက် သေးတယ်။
တောင်ကိုးရီးယားကနေ ခရီး ဆက်တော့  ညချင်းကြီး မွန်ဂိုလီးယား နိုင်ငံ အူလန်ဘာတာ လေဆိပ်သို့ ရောက် ရှိခဲ့တယ်။ ကျွန်တော်တို့အဖွဲ့က အူလန် ဘာတာရဲ့ မြို့ထဲတစ်နေရာဖြစ်တဲ့ ပလက်တီ နန်ဟိုတယ်  (Platinum Hotel) မှာ တည်းခိုခဲ့ကြတယ်။ တော် တော်လေး ညနက်နေပြီးဆိုတော့ ခဏလေး အိပ်စက်နားယူပြီး မနက်ဖြန် အတွက် အလောတကြီး ပြင်ဆင်လိုက် ရတာပေါ့ဗျာ။

khunt_dg_white_flag
မနက် ၈ နာရီလောက်ရောက် တာနဲ့ ပညာရေး စနစ်ပြုပြင်ပြောင်းလဲမှုကို လေ့လာသင်ယူနိုင်ဖို့  ကူညီပေးခဲ့တဲ့  ‘D Tungtag’’ တို့ရဲ့ ဗူ All for Education (AFE) ရုံးခန်းကို သွား ရောက်လည်ပတ်ကြတယ်။ အဲဒီနောက် ပညာရေးစနစ်နဲ့ ပတ်သက်တာတွေ စပြီး ဆွေးနွေးဖြစ်တာပေါ့။ ဆရာဦးသိန်းလွင် က NNER ရဲ့ပညာရေးမူဝါဒတွေနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးသလို       ‘D Tungtag’  ကလည်း သူ့တို့ရဲ့ ဗူ All for Education(AFE) ရဲ့လုပ်ဆောင်ချက် တွေကို တင်ပြဆွေးနွေးခဲ့တယ်။ လေ့လာ ရေးက စက်တင်ဘာလ ၂၁ ရက်ကနေ ၂၆ ရက် အထိဆိုတော့ ပညာရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အစိုးရ အရာရှိတွေနဲ့ တော်တော်လေးကို နှံ့စပ်အောင် တွေ့ဖြစ်သွားတာပေါ့ဗျာ။
အရင်ကဆို နိုင်ငံတကာရဲ့ ပြုပြင် ပြောင်းလဲမှုတွေနဲ့ ပညာရေးစနစ်တွေ အကြောင်းကို စာအုပ်တွေထဲမှာပဲ ဖတ်ပြီး သိခဲ့ရတာပါ။ အခုချိန်မှာ လက်တွေ့ ကျကျ မျက်ဝါးထင်ထင် တွေ့လိုက်ရ တယ်။ ကျွန်တော်တို့ ရလိုက်တဲ့ အတွေ့ အကြုံတွေဟာ   ကိုယ့်နိုင်ငံရဲ့ပြုပြင် ပြောင်းလဲမှုအတွက် အထောက်အကူ ဖြစ်စေရမှာပေါ့လေ။
စက်တင်ဘာ ၂၂ ရက် မနက် ရောက် တော့ ဂျပန်နိုင်ငံက စစ်လျော်ကြေး အနေနဲ့ ဆောက်ပေးထားတဲ့ Primary and Secondary School (မြန်မာ နိုင်ငံမှာဆိုရင်တော့ အခြေခံပညာ အထက်တန်းကျောင်း)ကို သွားရောက် လေ့လာခဲ့တယ်။ ကျွန်တော်တို့ရောက် သွားတော့ ဆရာ ဆရာမတွေ၊ ကျောင်း သူ ကျောင်းသားလေးတွေရဲ့ ရိုးရာမပျက် နွေးထွေးတဲ့ ခရီးဦးကြိုဆိုမှုတွေက မမေ့နိုင်စရာတစ်ခုပါ။ ပထမဆုံး သိလိုက်ရတာက မွန်ဂိုလူမျိုးတွေဟာ သူတို့ရဲ့ စာပေယဉ်ကျေးမှု၊ ဓလေ့ ရိုးရာတွေကို အရမ်းတန်ဖိုးထားတတ် ကြတယ်။ သူတို့ကျောင်းသားလေး တွေရဲ့ သင်ကြားသင်ယူမှုတွေကို လေ့လာလိုက်တော့ ကျွန်တော်တို့ဆီကနဲ့ တခြားစီဖြစ်နေတာတွေ့ရတယ်။  အဲဒီ မှာ တွေ့လိုက်ရတာက ဒုတိယတန်း ကျောင်းသားလေးတွေကို သင်ကြား နေတဲ့ မိခင်တစ်ဦးရဲ့မေတ္တာစေတနာတွေ အကြောင်းပါ။ အဲဒီသင်ခန်းစာအပေါ် သင်ကြားသင်ယူမှုနဲ့ ပတ်သက်ပြီး အ ကျဉ်းချုပ်ပြောပါရစေ။
ပထမဆုံးအနေနဲ့ ပုံပြင်ရဲ့ Short Film ကို Projector နဲ့ ပြလိုက်တယ်။ ပုံပြင်ရဲ့ အဓိကအကြောင်းအရာက ဒီလိုပါ ” မွန်ဂို”  ဆိုတဲ့ လူငယ်လေး တစ်ယောက်က ကားမောင်းပြီး ခရီး ထွက်လာတဲ့အချိန် လမ်းခရီးမှာ ကား ပျက်သွားတော့  လမ်းဘေးအနီးတဝိုက် မှာရှိတဲ့ ယိုရွဲနေတဲ့ တဲအိုလေးထဲကို ဝင်သွားရှာတယ်။  အဲဒီတဲထဲကို ရောက် သွားတော့ အမေအိုကြီးတစ်ယောက်ကို တွေ့လိုက်တယ်။ အမေအိုကြီးက မျက်လုံးတွေ မမြင်ရတော့ ” မွန်ဂို” ဝင် လာတာကို သူ့သားလေးလို့ ထင်တာ ပေါ့။ အဲဒါနဲ့ပဲ အမေအိုကြီးဟာ ” မွန်ဂို” ကို သူ့ရဲ့ တုန်ရီတွန့်လိပ်နေတဲ့ လက်တွေနဲ့ အားပါးတရ ပွေ့ဖက်ပြီး  ရှိက်ကြီး တငင်ငိုကြွေးရှာတော့တယ်။ ပြီးတော့ အမေအိုဟာ သူ့ရဲ့သားလေးလို့ ထင်နေရှာတဲ့ “မွန်ဂို” ကို စကားပြော လေတယ်။
” သား.. အမေသိပါတယ် သား ရယ်..၊ တစ်နေ့နေ့ အမေ့သားလေး အမေ့ဆီပြန်လာမယ်ဆိုတာ အမေ သိတာပေါ့လို့ပြောပြီး” မွန်ဂို”  ရဲ့ ပါးပြင်လေးကို ယုယညင်သာစွာ နမ်းရှိုက် လိုက်တာပေါ့။ အဲဒီလို ပွေ့ဖက်နမ်း ရှိုက်ရင်းနဲ့ပဲ အမေအိုကြီးဟာ အသက် ဆုံး သွားရှာလေတယ်။ မွန်ဂိုလည်း အဲဒီအမေအိုကြီးကို ကြည့်ပြီး သူ့အမေကို သတိရတဲ့စိတ်နဲ့ အိမ်ပြန်ချင်လာတာပေါ့ လေ။
သင်ကြားတဲ့ ဆရာမဟာ အဲဒီ ပုံပြင်လေးနဲ့ပတ်သက်ပြီး ကျောင်းသား တွေရဲ့ နှလုံးအိမ်က ထွက်လာမယ့် ခံစားချက် စကားတွေကို နားထောင်ဖို့ စတင်လိုက်တယ်။ ဆရာမက ကျောင်း သားအားလုံးကို မေးလိုက်တယ် မင်းတို့တွေ” မွန်ဂို”နေရာမှာ ဆိုရင် ဘာပြောမလဲ၊ ဘာလုပ်ကြမလဲတဲ့ ၊ အဲဒီလို မေးလိုက်တာနဲ့ ကျောင်သား တွေဟာ စတင်တွေးတောကြတယ်။
ပြီးတော့ သူတို့ရဲ့ ခံစားချက်တွေ၊ သူတို့ရဲ့ အတွေးအခေါ် အယူအဆတွေ ကို အမျိုးမျိုးအဖုံဖုံ ဖွင့်ဟကြတယ်။ တချို့က ” ကျွန်တော်သာ ” မွန်ဂို”  နေရာမှာဆိုရင် အမေ့ဆီပြန်မယ်”  ၊ တချို့ ကလည်း ” ကျွန်တော်သာ ” မွန်ဂို”  နေရာ မှာဆိုရင် အမေ့အိမ်ကို ပြန်ပြီး အမေ နဲ့အတူ နေလိုက်မယ်”  စသဖြင့်ပေါ့။ အသေးစိတ်ကိုတော့ မပြောတော့ပါဘူး။
သင်ကြားမှုရဲ့ အဆုံးမှာတော့ ဆရာမက ကျောင်းသားတွေ အားလုံးကို စာရွက်ငယ်လေးတစ်ရွက်စီ ဝေတယ်။ ပြီးတော့ ဆရာမက “နောက်ဆုံးအနေနဲ့ မင်းတို့ရဲ့ အမေကို ဘာပြောချင်သလဲ၊ ပြောချင်တဲ့ စကားကို အဲဒီစာရွက် ငယ်လေး အပေါ်မှာ ရေးချပြီး ရှေ့က သင်ပုန်းကြီးမှာ လာကပ်ကြပါ”  လို့ ပြောလိုက်တယ်။
ကျောင်းသားတွေကလည်း သူ့တို့ ပြောချင်တဲ့ စကားတွေကို ရေးချပြီး ရှေ့ထွက် ရွတ်ပြကြတာပေါ့။ ပိုပြီး ထူးဆန်းတာက ဒုတိယတန်း ကျောင်း သားလေးတွေရဲ့ သူတို့အမေကို ပြော ချင်ပါတယ်ဆိုတဲ့ စကားတွေရဲ့ နက် ရှိုင်းမှုပါ။ တစ်ယောက်က ပြောလိုက် တယ်။
” ကျွန်တော် အမေ့ကို အရမ်း ချစ်ပါတယ်” တဲ့။ တစ်ယောက်ကဆက် ပြောတယ်။ အမေဟာ သမီးကို ဒုက္ခ ဆင်းရဲတွေ ခံပြီး မွေးထုတ်ပေးတဲ့အတွက် ကျေးဇူးကြီးမား လှပေတယ်၊ အဲဒါ ကြောင့် သမီးအမေ့ကို ပြုစုစောင့်ရှောက် ပါရစေ။”  နောက်တစ် ယောက်ကလည်း ဆက်ပြောလိုက်ပြန်တယ်။ ” ကျွန်တော် အမေ့ကို တောင်းပန်ချင်တယ်၊ ကျွန် တော်ဆိုးခဲ့တာတွေအတွက် ခွင့်လွှတ် ပေးပါ”  တဲ့ဗျာ။ အဲလိုပါပဲ တစ်ယောက် ချင်းစီက သူ့တို့ ခံစားချက်တွေ အမျိုး မျိုး ရေးသား ပြောဆိုခဲ့ကြတယ်။
နောက်တစ်ခု အံ့ဩဖို့ကောင်းတာက အဲဒီသင်ခန်းစာကို သင်နေတဲ့အချိန်မှာ ကျောင်းသားတွေအားလုံးဟာ တကယ့် ခံစားမှုတွေနဲ့အတူ အသက်ဝင်နေတာ ပါပဲ။ တချို့ကလေးတွေဆို မျက်ရည် တောင် ကျနေရှာတယ်။ အတန်းပြီးလို့ ငိုပြီး ထွက်သွားရှာတဲ့ ကျောင်းသား လေးတွေ အတွက်လည်း ကရုဏာ သက် ဖွယ်ပါပဲ။ ကျွန်တော်တို့လည်း သူတို့ လေးတွေရဲ့ ခံစားမှုတွေ နောက်မှာ မျောပါပြီး အမေ့အိမ်ကို သတိရသွား ကြတယ်။
တစ်ခု အသိပေးချင်တာက  ဒီသင် ကြားမှုတွေဟာ ကျွန်တော်ချဲ့ထွင်ပြီး ပြောနေတာ မဟုတ်ပါဘူး။ တကယ့် လက်တွေ့တွေပါ။ တကယ်တော့ ကျွန်တော်တို့ နိုင်ငံရဲ့ ကလေးတွေဟာ ပုံပြင်တစ်ပုဒ်ကို သင်ကြားတဲ့နေရာမှာ ပုံပြင်ရဲ့ အကြောင်းအရာ တွေ သိရုံလေး က လွဲပြီး ဘာဆိုဘာမှ မရလိုက်ကြဘူး။ ဒါပေမယ့် သူတို့ နိုင်ငံရဲ့ သင်ကြားမှုက ပုံပြင် တစ်ပုဒ်ရဲ့အကြောင်းအရာကို နားလည်ဖို့ မဟုတ်ဘူး။ အဲဒီ ပုံပြင်ကနေ အတွေးအခေါ် အယူအဆတွေကို ဆွဲထုတ်နိုင်ဖို့ပါပဲ။ သေချာတာက ကလေးတွေဟာ အဲဒီပုံပြင်လေး တစ်ပုဒ်ကြောင့် မိခင်တစ်ယောက်ရဲ့ မေတ္တာစေတနာကို လုံလုံလောက် လောက် နားလည်သွားရှာမှာပဲ။
နောက်တစ်ခုသူ့တို့ဆီက ကျောင်း သားလေးတွေဟာ သူစိမ်းဧည့်သည် တစ်ယောက်ကို ရင်းနှီးပျူငှာစွာ ပေါင်းသင်း ဆက်ဆံ တတ်တဲ့ အကျင့် စရိုက်တွေ ရှိကြတယ်။ အဲဒါကြောင့် ၉ တန်း ကျောင်းသားလေးတွေနဲ့ ကျွန်တော် သူငယ်ချင်းတွေ ဖြစ်သွားတာပေါ့။ အဲဒီခဏတာ အချိန်လေးမှာပဲ သူတို့နဲ့ အတူ မပိုင်တနိုင် အင်္ဂလိပ်စကားတွေ ပြောပြီး စာသင်ခန်းတွေဆီ လျှောက် လည်ကြ၊ ဓာတ်ပုံတွေရိုက်ကြ၊ ဘောလုံး ကစားကြနဲ့ ကျွန်တော့်အဖို့တော့ မမေ့နိုင်စရာ သံယောဇဉ်လေးတစ်မျှင် တွယ်ကပ် လိုက်သလိုပါပဲ။ ကျွန်တော် တွေးမိပြန်တယ်။ သူတို့နိုင်ငံရဲ့ ကလေး တွေဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ကလေး တွေလို လူကို ကြောက်တတ်တဲ့ ရောဂါ မျိုး မရှိကြဘူး။ လူကြီးတွေ ရှေ့မှာ ထွက်စကားပြောဖို့လည်း ဝန်မလေး ကြဘူး။
အဲဒါတွေဟာ ပညာရေးစနစ်က  သင်ပေးထားတဲ့ အကျိုးဆက်တွေပဲ ဖြစ် တယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ကျောင်း သားတွေကတော့ မူလတန်းအရွယ်ကနေ တက္ကသိုလ်ဘွဲ့ရတဲ့အထိတောင် ရှေ့ထွက်စကား မပြောရဲရှာကြဘူး။ အဲဒါလည်း တကယ့် ရင်နာစရာ တစ်ခု ပါပဲ။
ကျွန်တော်တို့အဖွဲ့ ၁၂ ယောက်ထဲ မှာ ဗ.က.သ ကျောင်းသား တစ်ယောက်၊ တ.က.သ ကျောင်းသားက ကျွန်တော်တစ်ယောက် ပါတယ်ဆိုတော့ သူတို့ နိုင်ငံရဲ့ ကျောင်းသားသမဂ္ဂတွေနဲ့ ပတ်သက် ပြီး။ လေ့လာဖြစ်ခဲ့တယ်။ မွန်ဂိုလီးယားနိုင်ငံ ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်မှုဆောင်    ကော်မတီဝင် ကျောင်းသား ၃ ဦးနဲ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တယ်။
အဲဒီမှာ နိုင်ငံခြားဆက်ဆံရေး ကော်မတီတာဝန်ခံ ကျောင်းသူလေး က သူတို့ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးပေးခဲ့ တယ်။ သူတို့ နိုင်ငံရဲ့ ပညာရေးဥပဒေမှာ ကျောင်းသားသမဂ္ဂတွေကို လွတ်လပ်စွာဖွဲ့စည်း ခွင့်ပြုထားတယ်လို့ဆိုတယ်။ တက္ကသိုလ်ရဲ့ စီမံခန့်ခွဲမှုအတွက် အုပ်ချုပ်ရေးကောင်စီမှာ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် များအနေဖြင့် ၃ ဦးကနေပြီး ၅ ဦးအထိ ပါဝင်ခွင့်ရှိတယ်။ သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ကျောင်းဝင်ကြေးတွေထဲက ၁ ရာခိုင်နှုန်းကို ကျောင်းသားသမဂ္ဂ၏ ဘဏ္ဍာငွေအဖြစ် ပေးဆောင်ရတယ်။ သူတို့နိုင်ငံရဲ့ ကျောင်းသားသမဂ္ဂဟာ ကုလသမဂ္ဂကတောင် အသိ မှတ်ပြုထားတော့ ကျောင်းသားအခွင့်အရေးတွေနဲ့ပတ်သက်ပြီး ထွေထွေ ထူးထူးပြောစရာမလိုတော့ပါဘူး။
သူတို့နိုင်ငံမှာ အခမဲ့ပညာရေးကို မူလတန်းအဆင့်ကနေ အထက် တန်း အဆင့်ထိ ကျင့်သုံးတာတွေ့ရတယ်။ နောက်တစ်ခုက ကျွန်တော် တို့ ကျောင်းသားတွေ တောင်းဆိုနေဆဲဖြစ်တဲ့ တောင်းဆိုချက် ၁၁ နည်းတူ အခွင့်အရေးတွေဟာ သူတို့နိုင်ငံရဲ့ ပညာရေးဥပဒေတွေအရ ရရှိပြီးသားဖြစ်တယ်။ ပညာရေးစနစ်တစ်ခုကို ပြုပြင်ပြောင်းလဲဖို့ အစိုးရတစ်ရပ်ရဲ့  အမြင်သဘောထားမှန်ကန်မှုနဲ့ စေတနာရှိမှုဟာ အရေးကြီး ဆုံးဖြစ်တယ်။ မွန်ဂိုလီးယားနိုင်ငံရဲ့ ပညာရေးစနစ် ပြုပြင် ပြောင်းလဲမှုကို ဖော်ဆောင်နေကြတဲ့ အစိုးရအပါအဝင်အရပ်အဖက် အဖွဲ့အစည်းအားလုံးဟာ အတွေးအခေါ် ယူဆပုံချင်းတူတာတွေ့ရ တယ်။ သူတို့က ပြောကြတယ်။
“ပညာရေးဟာ အစိုးရစီးပွားရေး လည်ပတ်ဖို့ မဟုတ်ပါဘူး၊ ပညာသင်ရေးဟာ လူသားအကျိုးပြုတဲ့ လူတော် လူကောင်းတွေကို မွေးထုတ်ပေးဖို့သာ ဖြစ်တယ်တဲ့။ ပြီးတော့ သူတို့လက်ခံထားတာက  ပညာရေးကို ဖော်ဆောင်တဲ့နေရာမှာ လူတစ်ဦးတစ်ယောက် သို့မဟုတ် လူတစ်စုရဲ့ စီးပွားရေးကို အခြေခံနေလို့မရဘူး”  ဆိုတာပါပဲ။
အဲဒါကြောင့် သူတို့ရဲ့ပညာရေးစနစ်မှာ အခကြေးငွေပေးပြီး သင်ရတဲ့ ကျူရှင်တွေမရှိသလို စီးပွားရေးကို အခြေခံထားတဲ့ ပုဂ္ဂလိက ကျောင်းတွေကိုလည်း  အားမပေးတာ တွေ့ရတယ်။ ကျွန်တော့်အဖို့ ကတော့  မွန်ဂိုလီးယားနိုင်ငံရဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုဟာ ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်လို့ ယူဆရတယ်။
ဘာလို့လဲဆိုတော့ ကျောင်းသားအဖွဲ့အစည်းတွေ ဆရာအဖွဲ့ အစည်းတွေ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့  အကြံပြုမှုတွေကို အစိုးရတစ်ရပ်နေနဲ့ အလေးအနက်စဉ်းစားပေးပြီး အတူတကွ ဖော် ဆောင်နေတာတွေ့ရတယ်။ အဲဒီ လိုဖော်ဆောင်မှုတွေဟာ နိုင်ငံတစ်နိုင်ငံ ရဲ့ ပြောင်းလဲမှုအတွက် အကောင်းဆုံး လက်နက်သာ ဖြစ်တယ်။
နောက်ဆုံး ကျွန်တော် သိလိုက်ရပါတယ်။
ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဟာ ညင်သာချောမွေ့တတ်ပေမယ့် ဒီမိုကရေစီဆိုတာ အာဏာရှင် အစိုးရ ပါးစပ်ဖျားမှာပဲရှိတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကတော့ ဘယ်မှာ ချောမွေ့နိုင်ပါ့မလဲဗျာ။