မြိတ် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ ရက်ရွှေ့

0
420

မြိတ်တွင် နှစ်စဉ် အောက်တိုဘာလ ကုန်နှင့် နိုဝင်ဘာလဆန်းတွင် ကျင်း ပလေ့ရှိသည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကို ယခုနှစ်တွင် ရက်ရွှေ့ကျင်းပမည် ဖြစ် ကြာင်း ဘုရားငါးဆူကွင်း ဘုရား ဂေါပကအဖွဲ့ဝင်များထံမှ သိရသည်။


ပုံမှန် ကျင်းပသည့်လမှ ၂ လ ကျော် နီးပါး ရက်ရွှေ့ကာ လာမည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ကျင်း ပမည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ ကျင်းပမည့်ရက်ရွှေ့ခြင်းသည် ရွေး ကောက်ပွဲရက်နှင့် တိုက်ဆိုင်နေခြင်း ကြောင့်ဟု မြို့ခံများက ဝေဖန်လျက် ရှိသည်။
ပြီးခဲ့သည့်နှစ်က ဘုရားပွဲ ကျင်းပ စဉ် ၇ ရက်ခန့် မိုးရွာသွန်းခဲ့သည့်အတွက် ယခုနှစ်တွင် ယင်းသို့ ထပ်မကြုံစေရန် ရက်ရွေ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲနှင့် တိုက်ဆိုင်၍မဟုတ်ဟု ဘုရားငါးဆူကွင်း ဂေါပက အဖွဲ့ဝင် ဦးကြည်လင်းက ပြော သည်။
” နှစ်စဉ် ပြုလုပ်နေတဲ့ ဘုရားပွဲကို ကျွန်တော်တို့ သဘောနဲ့ ရက်ရွေ့ပြီး ကျင်းပဖို့ သတ်မှတ်လို့ မရပါဘူး၊ ဆရာ တော်ကြီးတွေရဲ့ ဩဝါဒကိုခံယူပြီးမှ သတ်မှတ်လို့ရတာပါ ဒါကလည်း ဆရာတော်ကြီးတွေရဲ့ သဘောဆန္ဒ အတိုင်းပါ” ဟု မြိတ်တောင် မြို့မ ရပ်ကွက်မှ ရပ်မိ^ရပ်ဖ ဦးစိန်လှ မောင်က ရှင်းပြသည်။