ခွပ်ဒေါင်းနှင့် ဟင်္သာ မှားပြီး မဲပေး မည်ကို ကော့သောင်း NLD စိုးရိမ်

0
493

မကြာမီ ကျင်းပတော့မည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးတွင် မဲဆန္ဒ ရှင် ပြည်သူများအနေနှင့် ခွပ်ဒေါင်းနှင့် ဟင်္သာပုံမှားပြီး မဲပေးမိမည်ကို စိုးရိမ် ကြောင်း ကော့သောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ရွေးကောက် ပွဲအောင်နိုင်ရေးအဖွဲ့က ပြောသည်။

NLD ၏ အမှတ်တံဆိပ်နှင့် မွန် အမျိုးသားပါတီ၏ အမှတ်တံဆိပ်တွင် အရောင်ရော၊ ကြယ်ဖြူတစ်လုံးပါ တူညီ နေကာ ခွပ်ဒေါင်းနှင့် ဟင်္သာသာ ကွဲပြား သည့်အတွက် မဲမှားမထည့်မိရန် အသိ ပညာပေးလျက်ရှိကြောင်း NLD ပါတီ၏ ကော့သောင်းမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ သတင်းနှင့် ပြန်ကြား ရေး တာဝန်ခံ ဦးလတ်ကိုကိုဦးက ပြော သည်။
nld_kawthaung
“ရည်ရွယ်ချက်ကတော့ ကိုယ့်ပါတီ အနိုင်ရဖို့ထက် ပြည်သူတွေ မဲပေးမမှားဖို့ ပယ်မဲမဖြစ်ဖို့ တက်နိုင်သလောက် အမှား နည်းအောင် လုပ်ဆောင်တာပါ” ဟု ၎င်း က ဆိုသည်။တစ်အိမ်တက်ဆင်း လက်တွေ့ မဲပေးပုံများ ရှင်းပြရာတွင် အဆိုပါ အမှတ် တံဆိပ်နှစ်ခုကို ယှဉ်တွဲပြကာ ပညာပေး လျက်ရှိကြောင်း ဦးလတ်ကိုကိုဦးက ပြောသည်။

” ရုတ်တရက် ကြည့်ရင်တော့ ငှက်နှစ် ကောင်တူတယ် ထင်ရပေမယ့် ဟင်္သာက အမြီးတိုတယ်၊ ခွပ်ဒေါင်းက အမြီးရှည် တယ်၊ အဖွားတို့ အိမ်မှာတော့ မမှား အောင်ဆိုပြီး တံဆိပ်ထုပုံနည်းတွေ လက် တွေ့ လုပ်ပြသွားတယ်”ဟု လုံးဖော ကျေးရွာနေ ဒေါ်လှသန်းက ဆိုသည်။
ကော့သောင်း မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၆ခုရှိ သည့် အနက် မွန်အမျိုးသားပါတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်တို့၏ အမှတ်တံဆိပ် နှစ်ခုသည် ဆင်တူယိုးမှားဖြစ်နိုင်သည်။