ပရုတ်

352
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

သူ့ကိုစသိတာ နှင်းတွေ အုံခဲနေတဲ့ မနက်စောစော အရုဏ်မတက်ခင် အချိန် ပေါ့။ အမေနဲ့ ဝိုင်းကူဖို့ ထရလို့ မကျေ မနပ် ဖြစ်နေတဲ့ ကျွန်မကို အမေက ခိုင်လေးအကြောင်း ပြောပြီး ဆုံးမတယ်။

” ခိုင်လေးတို့များ လိမ္မာလိုက်တာ။ မိဘမှာ စားမကုန်တဲ့ အမွေတွေရှိနေတာ တောင် မနက်စောစော သူများအလုပ် လုပ်ရင်း အပိုဝင်ငွေရှာတယ်”
မီးခွက်မီးရောင် မှိန်မှိန်အောက်မှာ ပြုံးပြီး ပြောနေတဲ့ အမေကို ကျွန်မမျက် မှောင်ကုတ် ကြည့်လိုက်တယ်။ အဲဒါမျိုး သူများနဲ့ နှိုင်းပြောရင် ကျွန်မက မကြိုက် ဘူးလေ။
” ခိုင်လေးဆိုတာ ဘယ်သူလဲ အမေ”

” မသိရန်ကော” ဆိုတဲ့ အကြည့်နဲ့ ထမင်းအိုး မွှေနေတဲ့ အမေက ကျွန်မကို နောက်လှည့်ကြည့်တယ်။

” ဦးမိုး၊ ဒေါ်ကျင်သန်းတို့ သား လေ။ လမ်းမထိပ်က ရော်ဘာခြံကြီး တွေပိုင်တဲ့ ဒေါ်ကျင်သန်း”
အမေပြောတဲ့ ဒေါ်ကျင်သန်းကို ကျွန်မမျက်လုံးထဲ ပေါ်မလာ။ သူ့ရော် ဘာခြံကိုတော့ ကျွန်မ သိတယ်။ လမ်း ဘေးတစ်လျှောက် ရော်ဘာတန်းရှည် ကြီး။ ကျွန်မတို့ ကလေးတွေ မကြာခဏ ရော်ဘာချေး သွားခိုးတူးနေကျခြံ။
ချဉ်ပေါင်တွေကို စိတ်မပါ တပါ သင်ရင်း ကျွန်မမေးခွန်းတွေ ဆက်မထွက် လာတော့။ လောလောဆယ် ထိုင်လျက် ငိုက်နေတာကို အမေ မတွေ့ဖို့ လိုတယ် လေ။ ဆိုတော့ စကားများများ မပြောမိဖို့ လိုတယ် မဟုတ်လား။

* * * * * * * * * * * * * * *
payunt-bago
နောက်သုံးလေး ရက်အကြာမှာတော့ ခိုင်လေးဆိုတဲ့ နာမည်ကို ကျွန်မ ကြားရ ပြန်ရော။ တမင်လိုက်မေးတာတော့ မဟုတ်ပါဘူး။ အိမ်နားက အပျိုတစ် သိုက်ရဲ့ ပါးစပ်ဖျားမှာ ” ခိုင်လေး” “ခိုင်လေး” နဲ့ ပင်လုံးကျွတ် သီးနေလို့။
အသက် ၁၄ နှစ်ပြည့်တဲ့အထိ အသက် ၁၈ နှစ်လောက် ရှိပြီဖြစ်တဲ့ ခိုင်လေး ဒီရွာမှာရှိနေတာ ကျွန်မ မသိခဲ့။ ရွာ အရှေ့ပိုင်းမှာနေတဲ့ သူကို တစ်လနေမှ ရွာအရှေ့ပိုင်း တစ်ခေါက် မရောက်တဲ့ ကျွန်မ မသိတာ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။
သူ့မိဘတွေမှာ ရော်ဘာခြံ သုံးလေး ခြံပိုင်တာ၊ လယ်ဧက လေးဆယ်လောက် ရှိတာ ဒါတွေ သူတို့ပြောမှ ကျွန်မ သိခဲ့ တာ။ တစ်ဦးတည်းသောသား ဖြစ်တဲ့ အပြင် စားမကုန်တဲ့အမွေတွေ ရှိနေ တာတောင် အပိုဝင်ငွေအနေနဲ့ ကားနဲ့ ထင်းတိုက်တာတို့၊ သူ့လယ်အားချိန်မှာ သူများ လယ်အငှားလိုက်တာတို့ လုပ် တယ်တဲ့။ အလုပ်နဲ့ လက်မပြတ်။ ရုပ် ရည်လေးကလည်း မဆိုး။

အမေ ပြောသလောက်တော့ တစ် ရွာလုံးက သမီးရှင်တွေ သူ့ကို မျက်စိ ကျနေတယ်တဲ့။ အိမ်နားက မမြင့်မူဆို ခိုင်လေးကို ကြိတ်ကြွေနေတာတဲ့။ အမေ ပြောပုံအရဆို တခြားသူတွေလည်း ရှိဦး မှာပေါ့။ အခုချိန်မှာ အဲဒါတွေ ကျွန်မနဲ့ စိမ်းတဲ့ ဘာသာရပ်တစ်ခုလေ။ အတန်း ကြီးက အစ်မတွေ စာကျက်တာကို ကြားရသလိုပါပဲ။ ကြားတော့ ကြား နေတယ်။ ဘာတွေမှန်း သိပ်နားမလည်။

* * * * * * * * * * * * * * *
တစ်နေ့တစ်နေ့ စာမေးပွဲဖြေဖို့ စာကျက် လိုက်၊ အမေ အလစ်မှာ သူငယ် ချင်းတွေနဲ့ ဆော့ဖို့ ကြံစည်လိုက်နဲ့ ကျွန်မ အတွက် တစ်ရက်မှ အားတယ်လို့ကို မရှိဘူး။ ၁၄ နှစ်သမီးအထိ ဆော့ချင်နေတဲ့ ကျွန်မကို အမေက ဆူချင်ပေမယ့် အဖေ ကတော့ ခွင့်ပြုတယ်။ ဆော့မှ ကျန်းမာ မယ်တဲ့။ အမေကတော့ အဖေ့ကို မနိုင် တော့ ကျွန်မကို လက်မြှောက်ထားလိုက် တယ်။

” ဒီလို အိမ်အလုပ်လည်း မသိ။ ဆော့ဖို့ပဲ သိတဲ့ ရှင့်သမီးက ဘယ်သူက ချွေးမတော်ချင်မှာတုန်း။ သူများတွေဆို ခိုင်လေး ယောက္ခမ ဖြစ်ဖို့ စိတ်ကူး ယဉ်နေကြပြီ။ ကျွန်မတော့ အဲလို စိတ် ကူး ယဉ်လို့ရမှာ မဟုတ်ဘူး”

အိမ်နားက ကလေးတွေက ဘီယာ ဗူး ပစ်တမ်း ကစားနေရင်း အမေပြော တဲ့ အသံကိုကြားတော့ ကျွန်မစိတ်ထဲ တစ်မျိုး ဖြစ်သွားတယ်။ လူက ရှိန်း တိန်းတိန်းဖြစ်သွားပြီး အမေ့ကို မကျေ မနပ် လှမ်းကြည့်လိုက်မိပါတယ်။

” သမီးက ဘယ်တော့မှ ယောက်ျား ယူမှာ မဟုတ်ဘူး”

စိတ်ဆိုးမာန်ဆိုးနဲ့ ပြောပြီး အိမ် ပေါ်ကို ခြေဆောင့်တက်ခဲ့တယ်။
အဖေ့ တဟားဟားနဲ့ ရယ်နေတာ ကိုတော့ ကြားရရဲ့။ ကျွန်မ ပြန်လှည့် မကြည့်ခဲ့ဘူး။ ဘာကြောင့်မှန်းမသိ ကျွန်မ စိတ်တိုတယ်။

* * * * * * * * * * * * * * *

ဒီလိုနဲ့ ခိုင်လေးဆိုတဲ့ နာမည်ဟာ ကျွန်မနားထဲ ပေါ်တစ်လှည့် ပျောက်တစ် လှည့်။ ကျွန်မလို့ ၇ တန်းကျောင်းသူ လေးကို ဘယ်အပျိုကမှ သူတို့ရဲ့ ခိုင်လေး အိပ်မက်ကို လာရင်ဖွင့်မှာ မဟုတ်ဘူးလေ။
ရှစ်တန်းစတက်တဲ့ နှစ်အစမှာ တော့ မမြင့်မူက ဝတ္ထု စာအုပ်ငှားချင်လို့ အဖော်လိုက်ပေးပါဆိုလို့ ကျွန်မ သိုင်း ဝတ္ထုတွေ ငှားနေကြဆိုင်ကို ခေါ်သွား တယ်။ အဲဒီမှာ ခိုင်လေးကို စတွေ့တယ်။

” ဟဲ . . . ကိုခိုင်လေး ဘယ်လာလဲ”

ဆိုင်ကယ်စီးလာတဲ့ ခိုင်လေးကို မမြင့်မူက စက်ဘီးပေါ်က ဆင်းပြီး နှုတ် ဆက်တယ်။ သူက စက်ဘီးရပ်လိုက် တော့ သူ့ဘီးနောက်မှာ လိုက်စီးတဲ့ ကျွန်မလည်း ဆင်းလိုက်ရတာပေါ့။

” မမော်တို့ အလှူအိမ်လေ။ မမူရော ဘယ်သွားမလဲ”

” အော် . . .ဂျစ်တူးက ဝတ္ထု စာအုပ်ငှားချင်တယ်ဆိုလို့ လိုက်ပေး တာ”

ကျွန်မ မမြင့်မူကို နားမလည်စွာ ကြည့်လိုက်တယ်။ သူက မလုံမလဲနဲ့ မျက်နှာ လွှဲတယ်။ ဝတ္ထုစာအုပ် ငှားချင် တာက သူ။ ဘာကြောင့် ကျွန်မ ငှား တယ်လို့ လွှဲလိုက်ရတာလဲ . . .ကျွန်မ နားမလည်။သူတို့နှစ်ယောက် နှုတ်ဆက် နေ တုန်းမှာ အမေ့ ပြောနေကျ စကားသံ တစ်ချို့ နားထဲ လွင့်ဝဲလာတယ်။

” ဝတ္ထုဖတ်တယ်ဆိုတာ ပျင်းတဲ့ သူတွေ လုပ်တာဟဲ့။ ဝတ္ထုဖတ်တဲ့ အပျို တွေကို ဘယ်သူမှ ကြိုက်မှာ မဟုတ် ဘူး”

ကျွန်မ ကာတွန်းစာအုပ်ဖြစ်ဖြစ်၊ မဂ္ဂဇင်းဖြစ်ဖြစ်၊ ဝတ္ထုဖြစ်ဖြစ် ဖတ်နေတာ မြင်ရင် အမေပြောနေကျစကား . . .။
” သူက ဘယ်သူလေးတုန်း”
” ဂျစ်တူးက ဒေါ်စုနှင်းတို့သမီးလေ။ ဦးလေးရှိန်ရဲ့ တူမလေ ကိုခိုင်လေး”
” ဪ . . . ကိုရှိန်ရဲ့ တူမ လား . . . တော်တော်ကြီးလာပြီပဲ”

ကျွန်မခေါင်းကို ခိုင်လေး လှမ်း ပုတ်တယ်။ မကြိုက်သလိုနဲ့ ကျွန်မ ရှောင်လိုက်တော့ ခိုင်လေး တဟားဟား ရယ်တယ်။
” တကယ့် ဂျစ်တူးလေးပဲကို . . . ကဲသွားပြီ မမူရေ့ ”
အသားညိုညို။ သွားထပ်လေးနဲ့ ခိုင်လေးဟာ မမူတို့ သည်းနေသလောက် လဲ မချောပါဘူး။ အဲဒီအချိန်က သန့်သန့် ချောချော ဟောလီးဝုဒ် ကီနူးရိဗ်ကိုမှ အသည်းစွဲကြိုက်နေတဲ့ ကျွန်မလို မြီး ကောင် ပေါက်မလေးတစ်ယောက် အတွက်တော့ ခိုင်လေးဟာ တစ်ခဏ လေးမှာပဲ မှတ်ဥာဏ်ကနေ ပျောက်သွား ခဲ့တယ်။

* * * * * * * * * * * * * * *

ဆယ်တန်းအောင်လို့ ရန်ကုန်မှာ တက္ကသိုလ်တက်တော့ ကျွန်မ ခိုင်လေး အကြောင်း မကြားတော့ဘူး။ ရွာကို တစ်နှစ် တစ်ခေါက်မှ ရောက်ဖြစ်တော့ ရွာရောက်တုန်း ကျွန်မ တွေ့စရာလူတွေ၊ ပြောပြစရာအကြောင်းတွေ၊ သွားစရာ နေရာတွေနဲ့ လုပ်စရာ အလုပ်တွေက လည်း သူနဲ့ မဆက်စပ်တော့လေ။
ရောက်တိုင်း မမူနဲ့ လွဲတာလဲ ပါ ပါတယ်။

ဒုတိယနှစ်အရောက်မှာ ရန်ကုန် ရောက်နေတဲ့ ကျွန်မဆီကို ရွာကလူတွေ က ခိုင်လေးသတင်း သယ်လာပေးကြ တယ်။ ရန်ကုန်က အဒေါ်အိမ်မှာလာ တည်းကြတဲ့ ရွာကလူတွေရဲ့ ပါးစပ် ဖျားမှာ ခိုင်လေးသတင်း ပြည့်လို့။

” ကလျာနဲ့ ကြိုက်နေတာတဲ့၊ နှင်းနွယ်နဲ့လည်း ဘာလိုလိုပဲ။ သူ့အမေ ကတော့ နှင်းနွယ်နဲ့ သဘောတူတယ်။ ကလျာကိုတော့ နည်းနည်း အင်တင်တင် ဖြစ်နေတယ်ကြားတယ်”

” သူက ဘယ်သူ့ကို ရွေးမယ်ထင် လဲ”

” မသိဘူးဟ . . ။ ကွမ်းညှာရွာက အပျိုတစ်ယောက်နဲ့လည်း ကြိုက်နေ တယ် ပြောတယ်။ အပျိုတွေ အားလုံး သူ့ကိုကြိုက်နေတော့ သူရွေးရခက် မှာ ပေါ့။ မိန်းကလေးတွေကလည်း ခိုင်လေး ဆို အသေရရ အရှင်ရရ မဟုတ်လား”

” ဟုတ်ပါ့အေ . . . ခစ်ခစ်”

ကျွန်မ စာကြည့်ခန်းထဲ ခိုင်လေး သတင်းက တိုးတိုးဝင်လာရဲ့။
အဲလောက် အပျိုတွေသည်းသည်း လှုပ်ဖြစ်နေတော့ သူ့အကြောင်းက ခေါင်းထဲ ရောက်လာပြန်တယ်။
အမေရဲ့ ပြောပြချက်အရဆိုရင် ခိုင်လေးမိဘတွေက အသက်ကြီးမှ ခိုင်လေး ကို ရတာ။ ကလေး အရမ်းလိုချင်ကြပြီး ကလေး မရဘူးထင်တဲ့ အချိန်ကျမှ ရလာတော့ အရမ်းချစ်၊ အလိုလည်း လိုက်တယ်တဲ့။ ဒါပေမယ့် ခိုင်လေးက မဆိုးဘဲ လိမ္မာတော့ သည်းသည်းကို လှုပ်ရော့ပေါ့။ အတန်းပညာမှာ မထူး ချွန်ပေမယ့် လူမှုရေး သိတတ်တယ်။ စီးပွားရေး လုပ်တတ်တယ်။ သူဋ္ဌေးသား ဖြစ်ပေမယ့် အလုပ်ကို မခိုမကပ်ပဲ လုပ် တယ်။ လူကြီး မိဘရိုသေတယ်။ မိဘတွေ ကလည်း ချမ်းသာတော့ အပျိုတွေ သည်း သည်းလှုပ်နေတာလည်း မဆန်းဘူးပေါ့ လေ။

* * * * * * * * * * * * * * *
တက္ကသိုလ် ဒုတိယနှစ် စာမေးပွဲ ဖြေပြီးလို့ ကျွန်မကို ရွာကို ပြန်ရောက် တဲ့အချိန်မှာ ကြားရတဲ့ ခိုင်လေးသတင်း တွေက အရင်နဲ့မတူ အနည်းငယ် ထူးခြား လာတယ်။
” ကလျာနဲ့ စေ့စပ်တာ ပျက်သွားပြီ”
” နှင်းနွယ်ကလည်း အင်တင်တင် လုပ်နေတယ်တဲ့ ”
” ခိုင်လေးကတော့ တစ်ယောက်ပြီး တစ်ယောက် လိုက်တောင်းနေတာပဲ . . . အားလုံးကတော့ ခေါင်းမညိတ်ကြသေး ဘူး”
ရေတွင်းမှာ ရေခပ်ရင်း မမြင့်မူတို့ ပြောနေကြတဲ့ ခိုင်လေးအကြောင်း အရင်ကြားတာတွေနဲ့ နည်းနည်းကွဲလာ တယ်။

* * * * * * * * * * * * * * * * * * * * * * * * *

လာမည့်အပတ် ဆက်လက်ဖော်ပြ ပါမည်။