ပုလုံးတုံတုံးရွာအဝင် လမ်းတချို့ ရေလွှမ်းမြဲ လွှမ်းဆဲ

0
489

ကော့သောင်းမြို့နယ် ပုလုံးတုံ တုံး ကျေးရွာအဝင်လမ်း တစ်ချို့ မိုးသည်းချိန် နှင့် မြစ်ရေတက်ချိန်တွင် နှစ်စဉ်ကြုံရသ ကဲ့သို့ ရေလွှမ်းမှု ကြုံနေရဆဲဖြစ်ကြောင်း ပုလုံးတုံတုံး ရွာသူရွာသားများထံမှ သိရ သည်။

ပါချန်မြစ်ကို ဖြတ်ကျော် ဖောက် လုပ်ထားသည့်တံတားနှစ်စင်းကြား လမ်း ကို ကျောက်တန်းစီမြေဖို့ကာ လမ်းဖောက် လုပ်ထားသော်လည်း လက်ရှိ ကျောက်တန်း နှင့် တပြေးညီ မြေမဖို့ထည့်နိုင်သေးပေ။
pu-lone-to-tone
ထိုသို့တံတားနှစ်စင်းနှင့် လမ်း တပြေးညီ မဖြစ်၍ မြစ်ရေကြီးချိန်နှင့် မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် လမ်း ပေါ် ရေကျော်ကာ သွားရေး လာရေး အခက်အခဲ နှစ်စဉ်ကြုံနေရသည်ဟု ပုလုံး တုံတုံး ရွာသားများက ဖွင့်ဟသည်။

” မသွားလို့မရတဲ့ အနေအထားတွေ မှာ ဖြစ်သလို ဖြတ်သန်းသွားလာကြရ တယ်။ ဒါကို သက်ဆိုင်သူတွေ သိလည်း လျစ်လျူရှုထားတယ်” ဟု ရွာသားတစ်ဦးက ဝေဖန်ပြောဆိုသည်။

တံတားဖြတ်သန်းခ ကောက်ခံထား သည့် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေထဲမှ ထုတ်ယူပြီး မိုးအကုန်တွင် ကျောက်တန်းစီ မြေဖို့ခြင်းနှင့် လိုအပ်သည့်ပြင်ဆင်မှု များ ကို ပြုလုပ်ပေးရန် လျာထားသည်ဟု ကျေးရွာဖွံ့ဖြိုးရေး ကော်မတီအဖွဲ့က ဆို သည်။