ကော့သောင်းတွင် ကျပ်သိန်း ၉၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေး ပြားများ ဖမ်းမိ

0
501

ကော့သောင်းမြို့နယ် ဂျလန်းကျွန်း သို့ ဈေးကုန်များနှင့်အတူ ကျပ်သိန်း ၉၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူတစ်ဦးကို ဇူလိုင်လ ၉ ရက်နေ့က ဖမ်းမိခဲ့ကြောင်း ကော့သောင်း မြို့မရဲစခန်းမှ သိရသည်။

စိတ်ကြွဆေးပြား ၉ ထုပ်၊ အရေ အတွက် ၁၆၇၇ ပြား၊ ကာလတန်ဖိုး ကျပ်သိန်း ၉၂၂၃၅၀၀ တန်ဖိုးရှိ မူးယစ် ဆေးဝါးများနှင့်အတူ ရွှေဟင်္သာရပ်ကွက်၊ သုခရေခဲစက်လမ်း၊ ကျောက်တံတား ရေဆိပ် နားနေဆောင်တွင်တွေ့ရှိ ဖမ်းမိ ခဲ့သည်ဟု အထက်ပါ ရဲစခန်းထံမှ သိရ သည်။
အထက်ပါ အသက် ၄၅ နှစ် အရွယ် အမျိုးသားသည် ဂျလန်းကျွန်းတွင် ဈေး ဆိုင်ရောင်းချ နေထိုင်သူဖြစ်ပြီး စိတ်ကြွ ဆေးပြားများကို နေရပ်တွင် ပြန်လည် ရောင်းချရန်အတွက် ထိုင်းနိုင်ငံ ရနောင်း မြို့မှတဆင့် ဝယ်ယူလာသည်ဟု ထွက်ဆို ထားကြောင်း ကော့သောင်းမြို့မရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် စိတ်ကြွဆေးပြားများ နှင့်အတူ ဖမ်းဆီးရမိသူအား မူး/ စိတ် ပုဒ်မ ၁၅^၁၉(က)^၂၁ အရ ကော့သောင်း မြို့မရဲစခန်းတွင် အမူဖွင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထို့အပြင် မူးယစ်ဆေးဝါးရောင်းချ ပေးခဲ့သူ ထိုင်းနိုင်ငံရနောင်းမြို့တွင် နေထိုင် သူ မြန်မာအမျိုးသားအား အထက်ပါ ပုဒ်မများ ဖြင့် အမှုဖွင့်ထားကာ ဖမ်းဆီး ရမိနိုင်ရေး ပူးပေါင်း တပ်ဖွဲ့မှ စုံစမ်းလျက် ရှိကြောင်း ကော့သောင်းမြို့မရဲစခန်းထံမှ သိရသည်။