စစ်အာဏာရှင် တိုက်ပွဲ မျိုးဆက် သုံးဆက်တိုင်ဟု ကိုကိုးကျွန်း ပြန်ပြော

0
509

မြန်မာနိုင်ငံတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲကို ၁၉၆၂ ခုနှစ်မှ စတင်လာခဲ့ရာ ယခုအချိန်တွင် မျိုးဆက် သုံးဆက်တိုင်ခဲ့ပြီဖြစ်ကြောင်း ကိုကိုး ကျွန်းပြန်နိုင်ရေးသမား ဦးလှိုင်တင်က ပြောကြားလိုက်သည်။

u-tin-hlaing
ဓါတ်ပုံ – တင့်လွင်

ထားဝယ်ဒေသ၊ မောင်းမကန် ကမ်း ခြေ၌ ဇွန်လ ၇ ရက်နေ့က ကျင်းပပြု လုပ်သော ၅၃ နှစ် မြောက် ဆဲဗင်းဂျူလိုင် (7 July) အောက်မေ့ဖွယ် အခမ်းအနား တွင် ၆၂ မျိုးဆက် ကိုကိုးကျွန်းပြန် နိုင်ငံရေးသမား ဦးလှိုင်တင်က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဦးနေဝင်း ခေါင်းဆောင်သော စစ်တပ်က အာဏာသိမ်းခဲ့သည့် ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သည့် တိုက်ပွဲသည် ယနေ့အထိ ၅၃ နှစ်တိုင်တိုင်ရှိခဲ့ပြီး ယင်းကာလတစ် လျှောက် ၆၂ မျိုးဆက်၊ ၈၈ မျိုးဆက်နှင့် ၂၀၁၅ မျိုးဆက်တို့က စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင်ရောက်ခဲ့ကာ လက်ရှိအချိန် တွင် မျိုးဆက် ၃ ဆက်မှ ပူးပေါင်းကာ တိုက်ပွဲ ဝင်ရောက်လျက်ရှိကြောင်း ၎င်း က ပြောဆို သည်။

” ၂၀၁၅ အလွန်မှာလည်း စစ်အာ ဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် တိုက် ရဦးမယ်ဆိုတာ သိထားဖို့ လိုတယ်” ဟု စာရေး ဆရာလူထုစိန်ဝင်း၊ ကရင်ခေါင်း ဆောင် ဖဒိုမန်းငြိမ်းမောင်တို့ အပါအဝင် အာဏာရှင် ဦးနေဝင်းလက်ထက်တွင် စုစုပေါင်း နိုင်ငံရေးသမား ၂၂၃ဦးနှင့် အတူ ကိုကိုးကျွန်းသို့ အပို့ခံခဲ့ရသူ ဦးလှိုင်တင်က သတိပေး ပြောဆိုသည်။

“မပြီးဆုံးသေးတဲ့ တော်လှန်ရေး၊ စစ်အာဏာရှင်ဖြုတ်ချရေး အဲဒါကို လည်း ကျွန်တော်တို့ လာမယ့်ရက်တွေ မှာ ရှေ့ဆက်ရဦးမယ် ဖြစ်ပါတယ်” ဟု ထားဝယ်မြို့ရှိ ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကျော်ကျော်သက်က ပြောဆိုသည်။
ရှေ့ဆက်ပြီး တိုက်ပွဲဝင်ကြရမည့် ၂၀၁၅ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင် ရေး၊ စစ်အာဏာရှင်စနစ်ကို အမြစ်မှ တွန်းလှန်ဖြို ဖျက်နိုင်ရေးအတွက် မျိုး ဆက်ဟောင်း၊ မျိုးဆက်အသစ်၊ မိမိတို့ မျိုးဆက်များ လက်တွဲညီညီဖြင့် ဦး ဆောင်ပြီး လုပ်ဆောင်သွားကြရန် ဦးကျော်ကျော်သက်က တိုက်တွန်းပြော ဆိုသည်။
မောင်းမကန်ကမ်းခြေတွင် ကျင်းပ ခဲ့သည့် ရန်ကုန်တက္ကသိုလ်တွင် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အအုံ ဗုံးခွဲဖျက်ဆီးခံခဲ့ရသော ဆဲဗင်းဂျူလိုင် (7 July) အောက်မေ့ဖွယ် အခမ်း အနား ကို ထားဝယ်ဒေသအခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ထားဝယ်တိုင်းရင်း သားများ ပါတီ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများ၊ ၆၂ မျိုးဆက်၊ ၈၈မျိုး ဆက်နှင့် လက်ရှိထားဝယ်ခရိုင် တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသား များ စုစုပေါင်း ၈၀ ဦးကျော် တက် ရောက်ခဲ့ကြသည်။