ကွန်ပျူတာ အလှည့်ကျ သုံးနေရသဖြင့် ကော့သောင်း မဲစာရင်း နောက်ကျ

0
692

တနင်္သာရီတိုင်းအတွင်း ခရိုင် ၃ ခုအနက် ကော့သောင်းခရိုင်၏ မဲ စာရင်း ကြေညာရန် နောက်ကျရခြင်းမှာ မဲစာရင်းပြုစုရာတွင် အသုံးပြုသည့် ကွန်ပျူတာများကို အလှည့်ကျ အသုံး ပြုနေရခြင်းကြောင့်ဟု ကော့သောင်း ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ပြောသည်။


ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင် မဲဆန္ဒရှင် စာရင်းကို ဇွန်လ ၈ ရက် နေ့က ကြေညာခဲ့သော်လည်း ကော့သောင်းခရိုင် တွင် ဇွန်လ ၂၂ ရက် နေ့မှ ထုတ်ပြန် ကြေညာမည်ဟု သိရ သည်။kt-election-lists ” တိုင်းအတွင်း မဲစာရင်းပြုစုဖို့ ကွန်ပျူတာ ၃၂ လုံး ရရှိတယ်။ ခရိုင် အလိုက် ခွဲသုံးနေရတော့ မဲစာ ရင်းပြုစု တာ အချိန်အနည်းငယ် နောက် ကျသွား တယ်” ဟု ကော့သောင်းခရိုင် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူက ရှင်းပြသည်။ အခြေခံ မဲဆန္ဒရှင်စာရင်းကို မြိတ်၊ ထားဝယ်၊ ကော့သောင်း ခရိုင် အလိုက် အလှည့်ကျ ပြုစုခြင်း ဖြစ်ကြောင်း သိရသည်။ မဲစာရင်းကို ဇွန်လ ၂၂ ရက်နေ့ မှစပြီး သက်ဆိုင်ရာ ရပ်/ကျေး ကော်မတီ အဖွဲ့ခွဲရုံးများတွင် ၁၄ ရက် တိတိ ကြေညာပေး သွားမည်ဟု သိရ သည်။
မဲစာရင်းပြုစုရာတွင် အိမ်ထောင်စု စာရင်းအတိုင်း ပြုစုသည့်အတွက် သေဆုံးသူ စာရင်းကို မိသားစုဝင်များက သက်ဆိုင်ရာ လ.၀.က တွင် မပယ်ဖျက် ထားပါက အမည်စာရင်းတွင်  သေဆုံး သူ စာရင်းများ ပါလာနိုင်သည်ဟု မဲစာရင်းပြုစုရာတွင် ပါဝင်သူတစ်ဦးက ထောက်ပြသည်။ ကော့သောင်းခရိုင်တွင် မဲဆန္ဒရှင် ဦး ရေ ၉သောင်းနီးပါး ပြုစုပြီးနေပြီဟု သိရသည်။