“၃၀၀ ကျပ်ထက် ပိုမိုကောက်ခံခွင့် မပြုပါဘူး ” – တနင်္သာရီတိုင်းဒေသကြီး မီးလင်းရေး ကော်မတီအတွင်းရေးမှူး ဦးခင်လေးနှင့်တွေ့ဆုံခြင်း

0
1001
တနင်္သာရီတိုင်းဒေသကြီး မီးလင်းရေး ကော်မတီအတွင်းရေးမှူး ဦးခင်လေး

ကံပေါက်ဂက်စ်လျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသည့်အခါလျှပ်စစ် ဝန်ဆောင်ပေးမည့်ကျေးရွာမီးလင်းရေး ကော်မတီများနှင့် ယခင်မီးပေးသူများအကြား ဖြစ်ပေါ်နေသည့် အငြင်းပွားမှုများအတွက် အဖြေတစ်စုံတစ်ရာရစေရန်ရည်ရွယ်ပြီး တိုင်းဒေသကြီး မီးလင်းရေး ကော်မတီအတွင်းရေးမှူး ဦးခင်လေးကို မေးမြန်းခဲ့သည်။

တနင်္သာရီ။    ။ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးသူ (မီးပေးသူ) ဆိုတဲ့ စကားရပ်နဲ့ပတ်သက်ပြီး ကျေးရွာ တွေမှာ ဝိဝါဒ ကွဲပြားမှု များရှိနေပါတယ်။ ဒါကြောင့်မီးပေးသူဆိုသောစကားရပ်ကို ရှင်းလင်းစွာသိပါရစေခင်ဗျား။

ဦးခင်လေး။    ။ လျှပ်စစ် ဓာတ် အား ဖြန့်ဖြူးရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်ရဲ့ ဓာတ်အား စနစ်ရှိတဲ့နေရာတွေမှာမီးပေးသူ (သို့မဟုတ်) ဖြန့်ဖြူးသူဟာ  လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသာ ဖြစ်ပါတယ်။ နိုင်ငံတော် ဓာတ်အားစနစ်မှာအချို့သောမြို့နယ်တွေ မှာ ဓာတ်အား ဖြန့်ဖြူးတဲ့လုပ်ငန်းကိုပုဂ္ဂလိက ကုမ္ပဏီတွေကဌာနကို လုပ်ကိုင်ခွင့်တောင်းခံပြီး ဓာတ်အား ဖြန့်ဖြူးတဲ့ ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ ဒါပေမယ့်ပြည်သူကိုရောင်းတဲ့ဈေးနှုန်းဟာ ဌာနကသတ်မှတ်ထားတဲ့ဈေးနှုန်းအတိုင်းသာရောင်းချခွင့်ရှိပါသည်။ ကုမ္ပဏီဟာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပေးတဲ့ဓာတ်အားကိုပြည်သူကို တဆင့်ဖြန့်ဖြူးတဲ့ ဝန်ဆောင်မှုလုပ်ငန်း ကိုလုပ်ကိုင်သူသာဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး မီးလင်းရေး ကော်မတီအတွင်းရေးမှူး ဦးခင်လေး
တနင်္သာရီတိုင်းဒေသကြီး မီးလင်းရေး ကော်မတီအတွင်းရေးမှူး ဦးခင်လေး

အဲသလိုပဲကံပေါက်မှ ဓာတ်အားကို   ကျေးရွာတွေအရောက်   တိုင်းဒေသကြီး အစိုးရမှ ဓာတ်အားလိုင်းတွေသွယ်တန်း ပေးခဲ့ပြီး   ကျေးရွာများရဲ့ မီးလင်းရေးကိုလုပ်ဆောင်နေတယ်။ ဒါကြောင့်မီးပေးသူဖြန့်ဖြူးသူဟာ တနင်္သာရီတိုင်းဒေသကြီး အစိုးရသာလျှင်ဖြစ်ပါတယ်။ ကျေးရွာ မီးလင်းရေး    ကော်မတီ(သို့) ပုဂ္ဂလိက တစ်ဦးဦးမှအဲဒီမီးကို     တဆင့် ပြန်လည်ဖြန့်ဖြူးပါက သူဟာ တိုင်းဒေသကြီး အစိုးရထံမှမီးကို တဆင့်ယူပြီး ကျေးရွာအတွင်းကိုဖြန့်ဖြူးတဲ့ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူသာဖြစ်ပါတယ်။ မီးပေးသူဟာ တိုင်းဒေသကြီး အစိုးရ သာ ဖြစ်တယ်။ ဒါပေမယ့်အထက်ပါအတိုင်း ပြည်သူသို့ရောင်းချတဲ့ ဓာတ်အားကတိုင်းဒေသကြီး အစိုးရက သတ်မှတ်တဲ့ဈေးနှုန်းအတိုင်း သာရောင်းချခွင့်ရှိပါသည်။
တနင်္သာရီ။    ။အသစ်ဖွဲ့စည်း ထားတဲ့ကျေးရွာ မီးလင်းရေး ကော်မတီနဲ့ ယခင်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး သူတို့အကြား ဓာတ်အား ဖြန့်ဖြူးရေးနဲ့ပတ်သက်ပြီး ပုံစံအမျိုးမျိုး အငြင်းပွား မှုတွေဖြစ်ပေါ်နေ တယ်လို့သိရပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး လုပ်ထုံး လုပ်နည်းက ဘယ်လို ရှိပါသလဲ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသူရဲ့အခန်းကဏ္ဍနဲ့ မီးလင်းရေးကော်မတီရဲ့အခန်းကဏ္ဍတို့ကိုရှင်းလင်းစွာသိချင်ပါတယ် ခင်ဗျား။
ဦးခင်လေး။    ။ကျေးရွာအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသူ ဟာ ကျေး ရွာမီးလင်းရေး ကော်မတီရဲ့ကြီးကြပ်မှုအောက် မှာရှိရပါ မယ်။ ဒါမှလဲ ဃသညအမသူ ရှိမှာဖြစ်ပါတယ်။ သို့သော်လည်း ဓာတ်အား ဖြန့်ဖြူးမယ့် ဝန်ဆောင် မှုလုပ်ငန်းကိုလုပ်ကိုင်သူဟာ ကော်မတီမှာ အဖွဲ့ဝင်(သို့) အတွင်းရေးမှူး အဖြစ်ပါနေတာမို့ မီးလင်းရေးကိစ္စနှင့် ပတ်သက်တဲ့အခက်အခဲအခြေအနေတွေကိုတင်ပြဆွေး နွေးခွင့်ရှိပါ တယ်။
တနင်္သာရီ ။    ။ ယခင်မီးပေး သူကအခုအချိန်မှာဘယ်လိုအခန်း ကဏ္ဍမှာ ရှိနေပါသလဲခင်ဗျား။
ဦးခင်လေး။    ။ ယခင်လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးသူဟာ မြို့နယ်မီးလင်းရေး ကော်မတီရဲ့အစီအစဉ်နဲ့မီးလင်းရေး ကော်မတီသစ် မှာ ပါဝင်ဖွဲ့စည်းနိုင်ပါတယ်။ သူကဆန္ဒအလျှောက်ငြင်းပယ်မယ် ဆိုရင်လည်း ငြင်းပယ်နိုင်တယ်။
တနင်္သာရီ။    ။တချို့ရွာတွေမှာမီးလိုင်းကြိုးကိစ္စအငြင်းပွား နေတယ်လို့ သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်း ကဘာပါလဲ။
ဦးခင်လေး။     ။ ကျေးရွာတစ်ရွာ မှာမီတာတပ်ဆင်စဉ်ကလိုင်း ကြေးပါကောက်ခံပြီး တပ်ပေးခဲ့ရင် အဲဒီကျေးရွာက မီးလိုင်းကြိုး တွေကိုကျေးရွာကပိုင်ပါတယ်။
တနင်္သာရီ။    ။ကျေးရွာ တစ်ရွာမှာလျှပ်စစ်ဓာတ်အား သုံးစွဲမှုကိုသိရှိနိုင်ဖို့မိန်းမီတာတစ်လုံးထား ရှိမယ်လို့သိရပါတယ်။  လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း လုပ်ဆောင်ရာတွင်ကြုံတွေ့လေ့ရှိ သော ယူနစ်ဆုံးရှုံးမှု၊ မီးခိုးခြင်း စတဲ့ပြဿနာတွေအတွက်  ဝန်မပိစေဖို့ ဓာတ်အား ဖြန့်ဖြူးသူ(သို့) မီးလင်းရေး ကော်မတီများသို့ဘယ်လို ကူညီပေးဖို့စီမံထားပါသလဲခင်ဗျား။
ဦးခင်လေး။    ။ကျေးရွာမှအိမ်တစ်အိမ်ချင်းအလိုက်ကိုယ်စီ ကိုယ် စီအိမ်သုံး မီတာများ တပ်ဆင်ထားရတာကိုသိပြီး ဖြစ်ပါလိမ့် မယ်။  မိန်းမီတာတင်ဆင်ထားမယ်ဆိုတာအဲဒီကျေးရွာအတွင်း ယူနစ်ဆုံးရှုံးမှုများ၊ တစ်နည်းအားဖြင့်မီးခိုးမှုတွေကိုစိစစ်ဖို့အတွက် ကြိုတင်တပ်ဆင်ထားတာဖြစ်ပါတယ်။
မိန်းမီတာက ယူနစ်နဲ့တစ်ရွာလုံး သုံးတဲ့ ယူနစ်ကို ယှဉ်ကြည့်လို့ဖြစ်သင့် တဲ့ ယူနစ်ဆုံးရှုံးမှုထက် များနေမယ်ဆိုရင်ကျေးရွာမီးလင်းရေး  ကော်မတီနဲ့ပူးပေါင်းပြီး မီးခိုးမှုများ၊ ယူနစ်ဆုံးရှုံးသည့် ဖြစ်ရပ်များကိုရှာဖွေဖော်ထုတ်ခြင်း ပညာရပ်များနှင့် အရေးယူဆောင်ရွက်ရမည့် စည်းမျဉ်း၊ စည်းကမ်းများကိုသိရှိရန်ပူးပေါင်း ဆောင်ရွက်ရင်း အသိပညာပေးဖြန့်ဝေ သွားမှာဖြစ်ပါတယ်။
တနင်္သာရီ။    ။လျှပ်စစ် ဓာတ် အား သုံးစွဲမှုများလာရင်လိုအပ် တဲ့လျှပ်စစ်ဓာတ်အားကိုထုတ်လုပ်ဖြန့်ဖြူး နိုင်ရန်အတွက်အချိန်ကာ လတစ်ခုအနေဖြင့်ကျေးရွာများတွင် ဒီဇယ်မီးစက်ကိုအကူမောင်းပေး ရမည်လို့ သိရပါသည်။ အရန်မီးစက်နှင့်ပတ်သက်၍သတ်မှတ်ချက် များ ရှိပါသလား။
ဦးခင်လေး။    ။ကျေးရွာများမှာလျှပ်စစ်ဓာတ်အား သုံးစွဲမှု ဘယ်လောက်ပဲများလာပါစေ ဒီဇယ်မီးစက်ကိုအကူမောင်း ပေးဖို့မလိုပါ ဘူး။ လုံလုံလောက်လောက် ဓာတ်အား ပေးနိုင်ဖို့တိုင်းဒေသကြီး အစိုးရက စီစဉ်ပြီးဖြစ်ပါတယ်။ ဓာတ်အားကိုကြိုက်သလောက်သုံးပြီး ကျသလောက်ရှင်းရုံပါပဲ။
တနင်္သာရီ။    ။သုံးစွဲသည့် ဓာတ်အားကိုလုံလောက်စွာ ဖြန့်ဖြူး နိုင်ဖို့ဘယ်လိုစီမံထားပါသလဲ။
ဦးခင်လေး။    ။ဓာတ်အား လုံလုံလောက်လောက်ဖြန့်ဖြူး နိုင်ဖို့အတွက်လက်ရှိငှားရမ်း သုံးစွဲနေတဲ့ကုမ္ပဏီကလိုသလောက်စက် အရေအတွက်ကို ၃ လ ကြိုတင်အကြောင်းအကြားပြီး ထပ်မံငှားရမ်း နိုင်ဖို့ညှိနှိုင်းထားပြီး ဖြစ်ပါတယ်
တနင်္သာရီ။               ။လျှပ်စစ် ဓာတ် အား သုံးစွဲခကိုကနဦး တစ်ယူနစ်လျှင် ၃၀၀ ကျပ်ကောက်ခံမယ်လို့ အသိပေး ထားပါတယ်။ တချို့ကျေးရွာ မီးလင်းရေး ကော်မတီ(သို့) မီးပေး သူတွေကမီးသုံးနည်းတဲ့အတွက် ရေရှည်ရပ်တည်ဖို့အခက်အခဲရှိတယ်လို့သိရပါသည်။
အဲလိုအခြေအနေအတွက်ဘယ်လိုစီမံထားပါသလဲ။
ဦးခင်လေး။    ။တိုင်းဒေသကြီး အစိုးရဟာ အမြတ်အစွန်း ရရှိ ဖို့အတွက်မီးလင်းရေးကိုလုပ်ခြင်း မဟုတ်ပါ။ ဒေသအတွင်းက ပြည်သူများ ဓာတ်အားခသက်သာစွာအသုံးပြုနိုင်ရေးကိုရည်ရွယ် ဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်။ မဟာ ဓာတ်အားလိုင်း ရောက်ရှိလာပါကအသင့်ချိတ်ဆက်အသုံးပြုနိုင်ရေးအတွက် ဓာတ်အား လိုင်း များကို ကြိုတင်ဆောင်ရွက်ပေး ထားသည့်သဘောလည်း ဖြစ်တယ်။ အခုကျေးရွာတွေမှာ ဓာတ်အား ဖြန့်ဖြူးရေး ဝန်ဆောင်မှု လုပ်ငန်းကိုလုပ် ကိုင်မယ့်သူတွေဟာ တိုင်းဒေသကြီး မီးလင်းရေး ကော်မတီကမလုပ်မနေရလို့ တာဝန်ပေးထားခြင်း မဟုတ်ပါ။ ကိုယ့် ဆန္ဒအလျှောက်လုပ်ကိုင်တွေပဲဖြစ်တယ်။ တကယ်လို့သူတို့အနေနဲ့မလုပ်နိုင်ဘူးဆိုရင်မီးလင်းရေး ကော်မတီကဆောင်ရွက်ရမှာဖြစ်ပါတယ်။
တနင်္သာရီ။    ။ ဝန်ဆောင်မှု စရိတ်ကာမိစေရန်နှင့် ရေရှည် လုပ်ငန်း ရပ်တည်နိုင်ဖို့အတွက်ကိုယ့်ရပ်ရွာအစီအစဉ်နဲ့ကျပ် ၃၀၀ ထက်ပိုမိုကောက်ခံနိုင်ပါသလား။ ဝန်ဆောင်မှု အတွက်သီးခြား ကောက်ခံလို့ရပါသလား။ ဘာကြောင့်ပါလဲခင်ဗျား။
ဦးခင်လေး။    ။တိုင်းဒေသကြီး မီးလင်းရေး ကော်မတီဟာ ပြည်သူများ သက်သာစွာနဲ့ ဓာတ်အား သုံးစွဲရေးကိုဆောင်ရွက်နေတာဖြစ်လို့သတ်မှတ်ထားတဲ့ကျပ် ၃၀၀ ထက်ပိုမိုကောက်ခံခွင့်မရှိပါဘူး။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လွှတ်တော်တွင်ဖြေကြားချက်အရ ၂၀၁၅-၂၀၁၆ ခုနစ်မှာ မဟာ ဓာတ်အားလိုင်း ရောက်ရှိလာမယ်ဆိုရင် ဓာတ်အားလိုင်း ရောက်ရှိသုံးစွဲနေတဲ့အခြားဒေသများ နည်းတူလျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ သတ်မှတ်ကောက်ခံသည့်နှုန်းထားအတိုင်းဆောင်ရွက်ပါမယ်။
တစ်ယူနစ် ၃၀၀ ကျပ်နှုန်း ဟာ ရေရှည်လုပ်ငန်း မဟုတ်ပါဘူး။ ဝန် ဆောင်မှုအတွက်သီးခြား ပိုမိုကောက်ခံမည့်အစား ပြည်သူလူထု သက်သာစေရန်ကိုသာ ရည်းမှန်းချက်ထားရှိဆောင်ရွက်သွားပါမည်။
တနင်္သာရီ။            ။တခြား ဘာပြောချင်တာတွေရှိသေးသလဲခင်ဗျား။
ဦးခင်လေး။    ။တနင်္သာရီတိုင်း ဒေသကြီး အစိုးရကြီးကြပ်မှု နဲ့ဆောင်ရွက်နေတဲ့တိုင်းဒေသကြီး မီး လင်းရေး ကော်မတီဟာ ကိုယ့်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ ပြည်သူတွေ လိုလားနေတဲ့လျှပ်စစ်မီးရရှိရန်နှင့် ဓာတ်အားခကို သက်သာစွာသုံးစွဲနိုင်ရေး အတွက်ကြိုးစားဆောင်ရွက်နေပါတယ်။
တစ်ယူနစ်ကို ၃၀၀ ကျပ်ဆိုပေမယ့်နောင်တဖြည်းဖြည်း ဓာတ် အား တိုးတက်သုံးစွဲမှုများပြားလာပါက ဓာတ်အားခကိုတစ်ယူနစ်လျှင် ၃၀၀ ကျပ်မှ ၂၉၀ ကျပ်၊ ၂၈၀၊ ၂၇၀ ကျပ်စသဖြင့်တဖြည်းဖြည်းလျှော့ချသွား မှာဖြစ်တယ်လို့ပြောလိုပါတယ်။
မီးလင်းရေးကော်မတီများ အနေနဲ့လည်း မိမိတို့ကျေးရွာမှယ ဓာတ်အားပျောက်ဆုံးမှုလျှော့နည်း စေရေး၊ ဗို့အားပြည့်ဝစွာ သုံးစွဲနိုင် ရေးနဲ့  ဓာတ်အားပြတ်တောက်မှုနည်းပါး ရေးတို့ကိုစေတနာ ထား ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်မအောင်မြင်စရာအကြောင်း မရှိပါ ကြောင်း ပြောကြားလိုပါတယ်။
တနင်္သာရီ။ ။ကျေးဇူးတင်ပါတယ်။