လှေစီး ဒုက္ခသည် အရေး သတိထားပါ

0
500

ဒီတစ်ပတ် ဗြတ်စာ အရေးတကြီး အရေးပေါ် တွေးမိနေတဲ့ အကြောင်းက သတင်းမီဒီယာ စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေတဲ့ ဩအေ ဏနသစူန လို့ ပြောနေကြတဲ့ လှေစီးရွှေ့ပြောင်း ဒုက္ခ သည်တွေ အကြောင်းပါ။

လွန်ခဲ့တဲ့ တစ်ပတ် နှစ်ပတ်လောက် ကတည်း က သတင်းစာ မျက်နှာတွေပေါ်မှာ ရေ ပန်းစားနေပြီးဖြစ်လို့ ဖြစ်ကြောင်းရယ် ကုန်စင်ကို စာဖတ်သူတွေလည်း ဇာတ် ရည် လည်လောက်ပြီး ဖြစ်မယ်လို့ ထင်ပါသဗျ။
အကျဉ်းချုပ်လေး ပြန်ပြောရရင် တော့ ဆင်းရဲမွဲတေမှု အကျိုးဆက် ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ရေ ကြောင်းခရီးနဲ့ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုဘက် ထွက်သွားတဲ့သူတွေဟာ ထိုင်းနဲ့ အင်ဒိုနီးရှားဘက် အရောက်မှာ သက်ဆိုင်ရာ နိုင်ငံတွေက လက်မခံဘဲ စားနပ်ရိက္ခာတွေ ထည့်ပေးလို့ ပင်လယ် ထဲ ပြန်လွှတ်လိုက်သဗျ။ ဒီလူတွေဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခ သည်တွေ ပါဆိုပြီး သတင်းမီဒီယာတွေမှာ ပြောကြဆိုကြလို့ ဗြတ်စာတို့ အစိုးရ လည်း နိုင်ငံတကာရဲ့ဖိအား အတော်လေး ခံနေခဲ့ရပါတယ်။
ဒီတုန်းမှာပဲ ရခိုင်ကမ်းရိုးတန်း ဘက်မှာ လှေတစ်စီးကို ဖမ်းမိသွားရာက စစ်ဆေးလိုက်တဲ့အခါ  ဒီလှေစီး ရွှေ့ ပြောင်းသူတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရပ်ရပ်က လာကြတဲ့သူတွေဖြစ်တယ် ဆိုတာကို ကိုယ်တိုင် ထွက်ဆိုခဲ့ကြလို့ ဗြတ်စာတို့ အစိုးရလည်း အတော်လေး အသက်ရှု ချောင်သွားသဗျ။ နို့မဟုတ်ရင် ” နူရာဝဲစွဲ၊ လဲရာ သူခိုးထောင်း” ဆိုသလို စီကနဲဆို ဗြတ်စာတို့ အစိုးရကိုပဲ လက် ညှိုးထိုး ပုံချတတ်တာကိုး။ ရုပ်ရည်၊ ဘာသာစကားအရ ဒီလောက် ကွဲပြား နေတာတောင် မဟုတ်မှန်း သိသိနဲ့  အတိတ်က အဘတွေရဲ့ ဆိုးမွေတွေ ကြောင့် ဗြတ်စာတို့ နိုင်ငံအပေါ်ချည်း ပုံချနေတာကိုတော့ဖြင့် ဗြတ်စာ ခံပြင်းမိ တယ် ခင်ဗျ။
ကဲ . . . ဒီတော့ ဗြတ်စာ တွေးမိတာလေးတွေ ပြောတော့မယ် ခင်ဗျ။
ဘာကြောင့် ဗြတ်စာ အရေးတကြီး အရေးပေါ် တွေးလိုက်မိသလဲဆို ရခိုင် ဘက်မှာ ဖမ်းမိလိုက်တဲ့ ရိက္ခာပို့ စက် လှေဟာ မြိတ်က လုပ်ငန်းရှင်တစ်ဦး ပိုင်ဆိုင်တယ်ဆိုတဲ့ သတင်း ထွက်လာ လို့လည်း ပါတယ်။ နောက်ဆက်စပ် နေတာက ဘင်္ဂလားဒေ့ရှ်ဘက်က ခိုး ထွက်လာတဲ့ (ဒါမှမဟုတ်) လူကုန် ကူးမှု လမ်းကြောင်းဟာ ဗြတ်စာတို့ တနင်္သာရီ ကမ်းရိုးတန်းဒေသ လုံခြုံရေးကိစ္စနဲ့ လည်း ဆက်စပ်နေတဲ့ ကိစ္စပါ။
ဒါကြောင့်မို့ ဒီဖြစ်စဉ်တွေ မတိုင်မီ ကာလတွေတုန်းက ဗြတ်စာတို့ ဒေသ ဘက်က  လူတွေ ဘယ်လောက်တောင်များ ဒီလို လူကုန်ကူးမှု ကိစ္စတွေမှာ ပါဝင် ပတ်သက်ခဲ့သလဲ၊ ပတ်သက်နေကြ သလဲဆိုတာကိုပါ တွေးလိုက်မိတယ်ဗျ။ ပါဝင် ပတ်သက်တယ်ဆိုတဲ့ အထဲမှာ အရပ်သားတွေပါသလို ဝန်ထမ်းပိုင်း တွေကလည်း ဘယ်လောက်အထိ ပါဝင် ပတ်သက်ခဲ့ကြသလဲဆိုတာ ဗြတ်စာတော့ အတော်လေး စိတ်ဝင်စားသဗျ။
တစ်ချိန်ကတော့ လမ်းပန်း ဆက် သွယ်ရေး ခက်ခဲတာ၊ သတင်း မီဒီယာ တွေ အရောက်အပေါက် နည်းတာ ကြောင့် ဗြတ်စာတို့ ကမ်းရိုးတန်းက အကြောင်းတွေ စာမျက်နှာတွေပေါ်မှာ သိပ်မတွေ့ရဘူး ခင်ဗျ။
ခုတော့ အရေးကြုံလာပြီမို့ တစ်ချိန် က ဗြတ်စာ သိထားတာလေးတွေ ဖောက်သည်ချရင်း သတိပေး လိုပါတယ်။ အခု ရေပန်းစားလာတဲ့ ဩအေ ဏနသစူန ဟာ ဗြတ်စာတို့ ကမ်းရိုး တန်းမှာ နေထိုင် လုပ်ကိုင်နေကြတဲ့ ရေလုပ်သား တချို့ ပင်လယ်ထဲမှာ ကြုံဖူးတာတွေ ရှိတယ်ဗျ။ သူတို့ရဲ့ အသက်နဲ့ လုပ်ငန်း တွေကို ခြိမ်းခြောက် ခံရတာတွေအထိ ရှိခဲ့တယ်။ ပင်လယ်ထဲမှာ ငါးဖမ်းနေတုန်း လှေစီး ရွှေ့ပြောင်းသူတွေနဲ့တွေ့၊ တစ်ခါတလေ ရိက္ခာတောင်း၊ တစ်ခါတလေ ဒီလူတွေ အုပ်စ တောင့်ရင် လုယက်၊ အသက်ဘေး ရန်ရှာတဲ့အထိတောင် ဖြစ်ခဲ့တာတွေ ရှိသဗျ။ ဒါဟာ သူတို့ ဘာသာ သူတို့ ရွှေ့ပြောင်းသွားနေကြ တယ်ဆိုပေမယ့် ဗြတ်စာတို့ လူနေမှုစီးပွားကို ခြိမ်း ခြောက်ခံရတာတွေပါ ခင်ဗျ။
ဗြတ်စာတို့ ကမ်းရိုးတန်းမှာ ဘယ် လောက်ထိ တောင်ဖြစ်ခဲ့ဖူး သလဲဆိုရင် လွန်ခဲ့တဲ့ ၄နှစ်လောက်က ကမ်းလွန် လုပ်ကွက်မှာ လုပ်ကိုင်နေတဲ့ သဘာဝ ဓာတ်ငွေ့တူးဖော်ရေး သင်္ဘောနားအထိ ချဉ်းကပ်ပြီး ရိက္ခာတောင်းတာတွေ၊ အကြပ်ကိုင် သလိုလို လုပ်ချင်တာတွေ အထိ ဖြစ်ခဲ့ဖူးပါသဗျ။ ဒီတုန်းကတော့ သင်္ဘောက တာဝန်ရှိသူတွေက လူသား ချင်း စာနာမှုနဲ့ သောက်ရေ၊ စားနပ် ရိက္ခာတွေပေးပြီး ပြန်လည် ထွက်ခွာစေခဲ့ တယ်။ ဒီအကြောင်းတွေကတော့ ကမ်း လွန်ပင်လယ်ထဲမှာ ဖြစ်ခဲ့တာမို့ ဘယ် သတင်း မီဒီယာမှလည်း လက်လှမ်း မမီလိုက်ကြဘူး ခင်ဗျ။
နောက်ဖြစ်စဉ် တစ်ခုကတော့ ခုလို လူကုန်ကူး၊ လူမှောင်ခို၊ လှေစီးရွှေ့ ပြောင်း ဒုက္ခသည်ဆိုတဲ့ စကားလုံး ဝေါဟာရတွေ ခေတ်မစားသေးခင် ကာ လ တုန်းက ဖြစ်စဉ်ပါ။ ဒီဖြစ်စဉ်မျိုး ဗြတ်စာတို့ ကမ်းရိုးတန်းဒေသတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါတယ်။ တချို့ ဖြစ်စဉ်တွေဆို သက်ဆိုင်ရာ အာဏာ ပိုင်တွေက သိတာရှိသလို မသိလိုက်တာ မျိုးလည်း ရှိခဲ့တယ်ခင်ဗျ။
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က လောင်းလုံးမြို့နယ် ကမ်းခြေရွာတစ်ရွာမှာ ဗြတ်စာ ကိုယ်တွေ့ ကြုံခဲ့ဖူးပါတယ်။
လူမျိုးခြားတစ်ယောက် ကမ်းပေါ် ရောက်လာပြီး စက်လှေက ပန်ကာရွက် လာပြင်တာ ခင်ဗျ။ ဆိုင်ရာက သတင်း အစအရတော့ ဒါကို ဆက်လက် ဖော် ထုတ်လိုက်ရာက ဘင်္ဂလားဒေ့ရှ်ဘက်က ထွက်လာသူတွေရဲ့ စက်လှေပျက်လို့ နီးရာကမ်း ထိုးကပ်ပြီး လာပြင်ဆင်တာ ဖြစ်တယ်ဆိုတာ ပေါ်ပေါက်ခဲ့သဗျ။ ဒီတုန်းကတော့ ဘယ်လိုဆက်ပြီး အရေး ယူဆောင်ရွက်ခဲ့သလဲဆိုတာတော့ ဗြတ် စာ မသိလိုက်ပါဘူး။ ဒီအချိန်တွေတုန်း ကတော့ စက်ပျက်လို့ ကမ်းကပ်တာ၊ ရိက္ခာပြတ်လို့ ကမ်းကပ်တာ.. စတဲ့ သတင်းတွေ ကြားခဲ့ဖူးတယ် ခင်ဗျ။ ဒါတွေက ဗြတ်စာ သိထား၊ မှတ် ထားမိတဲ့ အကြောင်းအရာတွေ ထဲက တချို့ပါ။
ကဲ..ဗြတ်စာ ဆိုခဲ့တဲ့ အတိုင်းပါပဲ။ ဗြတ်စာတို့က ကမ်းရိုးတန်းဒေသဆိုတော့ ဒီလှေစီး ရွှေ့ပြောင်းဒုက္ခသည် ကိစ္စ ဆိုတာ မဆိုင်သလိုတော့ နေလို့မရဘူး ခင်ဗျ။ ခုလို မိုးဦးရာသီဆိုရင် ပိုလို့ တောင် သတိထားရမယ့် အချိန်မျိုးပါ။
ရာသီဥတုကြောင့်၊ အဖမ်းအဆီးတွေ ကြောင့် ရွှေ့ပြောင်းသူတွေနည်း သွား နိုင်တယ်လို့ သုံးသပ်ကြပေမယ့်လည်း ဒီလို အချိန်မျိုးကိုမှ အခွင့်ကောင်းယူပြီး သွားသူတွေကလည်း ရှိနိုင်သကိုးဗျ။ ဒီလိုသွားနေရင်း ရာသီဥတုကြောင့် ကမ်းဝင်ကပ်တာ၊ ကျွန်းတစ်ခုခုမှာ ခို လှုံတာမျိုးတွေ ဖြစ်လာနိုင်တာမို့ ဒေသခံ ရေလုပ်သားတွေကလည်း သတိထားသင့် တယ်လို့ တိုက်တွန်း ပါရစေ ခင်ဗျ။
စကားလုံးကြီးကြီးနဲ့ ချီပြောရရင် တော့ အမျိုးသားရေးကိစ္စ။ အချုပ်အခြာ အာဏာ ကိစ္စပါခင်ဗျ။
ပင်လယ်ကမ်းရိုးတန်းနဲ့ နီးစပ်သူ ရေလုပ်သားတွေ သတိထားသင့်သလို သက်ဆိုင်ရာ တာဝန်ရှိသူ အဖွဲ့အစည်း တွေကလည်း ခွင်တစ်ခုအနေနဲ့ မဟုတ် ဘဲ နိုင်ငံ့မျက်နှာအတွက် နိုးနိုးကြားကြား စောင့်ကြည့်သင့်တယ်လို့ ဗြတ်စာ ပွင့်ပွင့်လင်းလင်း တိုက်တွန်းလိုက်ပါ ရစေခင်ဗျ။