ကျွန်မအတွက် အတွေး တစ်ချက် လောက်များ ဖြစ်တည် ခဲ့ဖူးပါသလား (၂)

489
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ယခင်အပတ်မှ အဆက်

ကိုကြီးရက်စက်သည်ဟု စွပ်စွဲစရာ အကြောင်း မြ ဆီမှာ မရှိပါ။ တကယ် လည်း မရက်စက်ခဲ့ပါ။ ကိုကြီးက သူ့အတွက် အကောင်းဆုံး၊ အသင့် တော်ဆုံးကို ဆုံးဖြတ်ခဲ့တာပဲ ဖြစ်သည်။ ထိုဆုံးဖြတ်ချက်ကို မြက ပါရမီ မဖြည့်နိုင်ခဲ့ခြင်းသာ။

မဆုံစည်းသင့်ဘဲ ဆုံးစည်းဖြစ်ခဲ့ကြ သည့်သူတွေ ကမ္ဘာပေါ်မှာ ဘယ်လောက် များရှိကြမလဲဟု မြ မနက်တည်းက အတွေး ဝင်နေခဲ့သည်။ ကံကြမ္မာ၏ ကျီစယ်မှု တစ်ချို့တစ်ဝက်နှင့် ကိုယ်ပိုင် ရူးသွပ်မှု တစ်စိတ်တစ်ပိုင်းတို့ ပေါင်းစပ်ကာ ဆုံစည်းစရာအကြောင်း ပါဝင်သွားခဲ့တာကို မကျေနပ်နိုင်ပေမယ့် ရောင့်ရဲနိုင်နေခဲ့သည့် စိတ်သည် တစ်မျိုးတော့ တစ်မျိုးပင်။

မသောက်ဖြစ်လိုက်ပဲ အေးစက် သွားခဲ့သည့် ကော်ဖီခွက်ကို တစ်ချက် ကြည့်မိရင်း တည်ငြိမ်လွန်းနေခဲ့သည့် ကိုယ့်ကိုယ်ကို နည်းနည်းတော့ အံ့အားသင့်နေမိသည်။ တကယ်ဆို ဒီလောက်ထိ အေးစက်မနေသင့်။ ဟုတ်ပါသည်။ မြ ဒီလောက်အေးစက်နေ ဖို့ မကောင်းပါ။ အထူးသဖြင့် ဒီလို နေ့မျိုးမှာပေါ့။

ကိုယ့်အသက်လောက်နီးပါး ချစ် ပါသည်ဟု တစ်ယောက်တည်း အကြိမ် ထောင်ချီမက ဝန်ခံခဲ့ဖူးသည့် ယောင်္ကျား တစ်ယောက်က ကိုယ့်ထံပါးကနေ အပြီးအပိုင် ထွက်ခွာသွားတော့မယ့် နေ့မျိုးမှာပဲ ဆိုပါတော့။

မျက်လုံးစုံမှိတ်ထားမိသည့်အခါ Destop ပေါ်မှာ တင်မဟုတ်ပဲ ဦးနှောက် နှလုံးသား၊ အသိဥာဏ် တစ်ခုလုံးမှာ စွဲနစ်ထင်ရှားနေခဲ့ပြီ ဖြစ်သော ပုံရိပ်ကလေးက ထင်ထင်ရှားရှား ပဲပေါ်လာခဲ့သည်။

“ကိုယ်မင်းကို သေချာရှင်းပြထား ခဲ့ပြီးသားနော်… ကိုယ့်မိဘကိုယ့်အသိုင်း အဝိုင်းက ဘယ်လိုမှ လက်သင့်မခံနိုင် တဲ့ မိန်းမတစ်ယောက်ကို ကိုယ့်ဘ၀ထဲ အပြီးအပိုင် ခေါ်နိုင်ဖို့အတွက် ဒီတစ်ခုပဲ ကိုယ်တောင်းဆိုခဲ့တာပါ.. ဒါပေမယ့် မင်းက မင်းတပ်ဖွဲ့ကြီးကို ပိုချစ်နေတာ ကို… ဘယ်တတ်နိုင်ပါ့မလဲ..”

အံကြိတ်ရင်း ခေါင်းငုံ့နေမိခဲ့ပြီး ဘာတစ်ခွန်းမှ မတုန့်ပြန်ဖြစ်အောင်ပင် စကားလုံးတစ်ချို့ ပျောက်ဆုံးနေခဲ့ရ သည်။

၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ၊ အဲဒီနေ့ပေါ့။ ကိုကြီးက သူ့အတွက်ကော မြအတွက်ပါ ဆုံးဖြတ်ချက်တွေ ချပေး သွားခဲ့တဲ့နေ့..။

ကိုကြီးနေထိုင်ရာ ကမ္ဘာနှင့် မြနေ ထိုင်ရာ ကမ္ဘာသည် ခြားနားပါသည်။ အသက်ရှင်သန် ပုံချင်းလည်း မတူ။

ကိုကြီးစွပ်စွဲခဲ့သည့် မြက ချစ်လှ ပါသည် ဟူသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီး ဆီရောက်ဖို့အတွက် ခြေလှမ်းတွေ ဘယ်နှလှမ်းလောက် လျှောက်လှမ်းခဲ့ရလဲ ကိုကြီး မသိပါ။ ဘယ်လောက်ကြိုးကြိုး စားစား ဝင်ခဲ့ရလဲ ကိုကြီးနားမလည်ပါ။ ကျခဲ့ရသော ချွေးစက်များ၊ ထွက်ခဲ့ရသော သွေးစက်များ ကိုကြီး မခံစားတတ်ပါ။ အသွေးအသားထဲကနေ စူးနင့်နေခဲ့သည့် အဓိဋ္ဌာန်များ၊ ခံယူ ချက်များအား ကိုကြီး ကိုယ်ချင်းစာပေး နိုင်လောက်မှာ မဟုတ်ပါချေ။

ကိုကြီးက လွယ်လွယ်လေးနှင့် ပေါ့ပေါ့ပါးပါး ပြောနိုင်ခဲ့သော “ဒီယူနီ ဖောင်းလေးချွတ်လိုက်ပေါ့”ဟူသည့် စကားလုံးထဲမှာ အဲဒီချိန်တည်းက နောင်လာတော့မည့် အနာဂတ်ကို မြ မြင်နိုင်နေခဲ့လေသည်။

ကိုကြီးပြောခဲ့သည့် “ဒီယူနီဖောင်း လေး” အား ဝတ်ဆင်ခွင့်ရဖို့အတွက် ဘယ်လောက်ကြိုးစား ရုန်းကန်ခဲ့ရသည့် အကြောင်းကို မြ ဘယ်တော့မှ ပြောပြ ဖြစ်မှာမဟုတ်ချေ။ ထိုကိစ္စနှင့် ပက် သက်ပြီး နားလည်မှုဟူသည့် စကားလုံး သည် မြတို့ နှစ်ယောက်ကြားမှာ ပျောက်ဆုံးနေခဲ့သည်။

သက်ပြင်းတစ်ချက်ကို လေး ပင်စွာချဖြစ်ရင်း နံရံပေါ်မှာ မြန်မာ နိုင်ငံမြေပုံကြီးဆီအကြည့်က ရောက် သွားရသည်။ ကိုကြီးမချစ်တတ်၊ မမြတ် နိုးတတ်ခဲ့သည့် မြချစ်သော မြန်မာ ပြည်ကြီး။

မြန်မာပြည်မှာ မွေးဖွားခဲ့ပြီး မြန်မာလူမျိုးတွေကို ကာကွယ်ချင် သည့် စိတ်ဓာတ်ဖြင့် ကိုကြီးတို့ အသိုင်းအဝိုင်းက အထင်သေးသည့် မျက်လုံးများဖြင့် ကြည့်ခဲ့ကြသော မြဝတ်ဆင်ထားသည့် ယူနီဖောင်း အတွက်တော့ မြဆီမှာ နောင်တ တစ်စုံတစ်ရာမှ ရှိမနေခဲ့ချေ။ သူတို့ အသိုင်းအဝိုင်းက လက်သင့်ခံနိုင် လာအောင်လည်း ပင်ပင်ပန်း ပန်းတည် ဆောက်ခဲ့သည့် ကိုယ်ပိုင်ဘ၀ တစ်ခု အား ကိုယ့်ဘာသာပြန်ရိုက်ချိုးကာ သူတို့လက်အောက် ခိုဝင်ဖို့စိတ်ကူးလည်း မရှိခဲ့။

လူမျိုးမတူ၊ ဘာသာခြား၊ စကား လုံး ကွဲလွဲကာ ဓလေ့ယဉ်ကျေးမှု ထုံးတမ်းတစ်ခုမှ မတူညီသည့် အရပ်တွင် ကိုကြီးက သူ့ဘ၀သက်တမ်း သုံးပုံနှစ်ပုံလောက်ထိ နေထိုင်လာခဲ့ သည်။ ထိုအခြားသော အရပ်တစ်ခု ဆီသို့လည်း အတိတ်တွေ ပစ္စုပ္ပန်တွေ အကုန်မေ့ပြီး မျက်လုံးစုံမှိတ်ကာ အဲဒီ အနာဂတ်ဆီ မြ မလိုက်နိုင်ခဲ့ပေ။

နောက်တစ်ချက်ကတော့ ကိုယ့်မိ ဘ၊ ကိုယ့်အသိုင်းအဝိုင်းက ဟူသည့် စကားလုံး အထပ်ထပ်နှင့် အနာဂတ်ဆီ လိုက်ခဲ့ပါဟု ခေါ်နေခဲ့သော ကိုကြီး ဆီမှာ အတိုင်းသား မြင်နေခဲ့ရသည့် အတ္တများ။

ဘာပဲဖြစ်ဖြစ် မြတို့တွေ မဆုံဖြစ်ခဲ့ ကြဖို့ ကောင်းပါသည်။

နံရံပေါ်မှ ဘဲဥပုံနာရီကြီးဆီမှ နာ ရီလက်တံများက မြကို လှောင်သလိုလို ပြောင်သလိုလိုနဲ့ လှမ်းသရော်နေကြရှာ သည်။

နှစ်နာရီ နှစ်ဆယ်ပြည့်ဖို့ ဆယ်မိ နစ်လိုသေးသည်။ ဟုတ်ပါသည်။ ဆယ် မိနစ်လိုပါသေးသည်။ ရုံးထဲကနေ ငါး မိနစ်သွားလျှင် ရောက်မည့် လေဆိပ် အဆောက်အုံကြီးထဲမှာ ကိုကြီးရှိနေသေး သည်။ ရှိနေဦးမည်။ ထိုဆယ်မိနစ်ပြီး ရင်တော့ နောက်ထပ်ဘယ်အချိန်ပြန်လာ မလဲ မသိသော အရပ်ဆီသို့ ထွက်သွား တော့မည်။

တစ်ဒိတ်ဒိတ်ခုန်လာသော ရင်ခုန် သံတစ်ချို့က မြကို လှောင်ရယ်နေခဲ့ သည်။ နောက်ဆုံးအကြိမ်ပါ။ မျက်နှာလေး ကြည့်ရုံလေး။ ဟုတ်သည်။ နောက်ဆုံးအနေနှင့် မျက်နှာလေးတော့ ကြည့်လိုက်ချင်ပါသည်။ ကြည့်ချင် သေးသည်။

ထိုင်ရာက ဝုန်းခနဲ ထလိုက်သည်။ ဆိုင်ကယ်သော့….။ ဆိုင်ကယ်ရှိရာ လျှောက်လာသည့် ခြေလှမ်းတွေက လမ်းတစ်ဝက်မှာပဲ။

ဗငမ Bagညေ အမှတ်တံဆိပ်ပါ လေယာဉ်ကြီးက သစ်ပင်တွေကြားက နေဝုန်းခနဲမြင့်တက် လှောင်သွားခဲ့ သည်။ ထိုခဏလေးမှာတော့ အပြာ ရောင် ကောင်းကင်ကြီး ဆီကြည့်ရင်း မြခဏတာ ရှော့ခ်ရဖူးသွားခဲ့သည်။

လေယာဉ်တစ်စင်း အရှိန်ပြင်းပြင်း နှင့် ကောင်းကင်ပေါ်ပျံတက်သွားခဲ့သည်။ ထိုလေယာဉ်ထဲမှာ လူတွေအများကြီး ခံစားချက် ကိုယ်စီနှင့် လိုက်ပါသွားကြ သည်။ မျှော်လင့်ချက်ကိုယ်စီ ပါကောင်း ပါမည်။ ရည်ရွယ်ချက်ကိုယ်စီ ပါ ကောင်းပါကြပေမည်။

ဒီလေယာဉ်က လူတွေလူလိုပဲ တစ်ချိန်တုန်းက လေယာဉ်တစ်စီးပေါ်မှာ လိုက်ပါသွားဖူးသည့် လူတစ်ယောက်က မြေပြင်ပေါ်ကနေ ဝေဟင်ပေါ်လေယာဉ် အတက်မှာ မြ အတွက် အတွေးတစ်ချက် လောက်များ ဖြစ်တည်သွားခဲ့ဖူးလေ မလား။

ဆယ်နှစ်ကျော်အတွင်း ဘယ်နှကြိမ်မြောက်မှန်း မရေတွက်နိုင် တော့သည့် အဖြေမရသော မေးခွန်း တစ်ခုအဆုံးမှာတော့ တိတ်တိတ်လေးပဲ ပြုံးလိုက်မိသည်။

ထိုအပြုံးတစ်ပွင့်ထဲမှာ အဓိပ္ပာယ် များစွာ ပါဝင် နေပါလိမ့်မည်။

 

။ပြီးပါပြီ။

ပထမ ပိုင်းဖတ်ရှုလိုပါက http://206.189.85.235/2015/02/07/fiction/short-stroy/682#more-682