Tag: #တိုင်စာ
လောင်းလုံးမြို့နယ်ပညာရေးမှူးကို ပစ်စာဆန်ဆန် တိုင်ကြားမှုတစ်ခု ဖြစ်ပွား
အခြေခံပညာ
ဦးစီးဌာနထံလိပ်မူ ကာ လောင်းလုံးမြို့နယ်ပညာရေးမှူးအား ပစ်စာဆန်ဆန် တိုင်ကြားထားသည့်
တိုင်ကြားမှုတစ်ခု ဖြစ်ပွားခဲ့သည်။
၂၀၁၉ ခုနှစ်
စက်တင်ဘာလ ၉ ရက် ရက်စွဲဖြင့် ရေးသားထားသော ယင်းတိုင်ကြားစာ၏ တိုင်ကြားသူနေ ရာတွင် လောင်းလုံးမြို့နယ်
ပညာရေး မိသားစုဟု ရေးသားထားပြီး...
တိုင်းအတွင်း ဆရာ/ဆရာမများအား တိုင်စာ လေးစောင်ရှိ
၂၀၁၈-၂၀၁၉
ပညာသင်နှစ်တွင် အခြေခံဆရာ၊ ဆရာမများနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတနှင့် တနင်္သာရီတိုင်း
အစိုးရအဖွဲ့သို့ တိုင်ကြားသည့်စာ ၄ စောင်ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။
အစိုးရအဖွဲ့မှ
တစ်ဆင့် ရောက်လာ သော တိုင်ကြားစာများကို စစ်ဆေးနေပြီး အရေးယူသည့်အပိုင်းကိုမူ တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် တစ်နှစ်တာ လုပ်ငန်း...
နိုင်ငံတော်သမ္မတ တနင်္သာရီတိုင်းခရီးစဉ် တိုင်စာ ငါးဆယ်ကျော်ရ
နိုင်ငံတော်သမ္မတ၏
တနင်္သာရီ တိုင်းခရီးစဉ်အတွင်း တိုင်စာ ငါးဆယ်ကျော် ရရှိခဲ့ကြောင်း သက်ဆိုင်ရာ မြို့နယ်၊
ခရိုင်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
ထားဝယ်ခရိုင်တွင်
တိုင်စာ ၂၅ စောင် ရရှိခဲ့ပြီး မြိတ်ခရိုင်တွင် တိုင်စာ ၂၇ စောင် ရရှိခဲ့ကြောင်း ၎င်းတို့ထံမှ
သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း တိုင်စာပို့သူနှင့် မေးခွန်းမေးသူများကို လုပ်ငန်းပြီးစီးမှုအခြေအနေရှင်းပြ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်လာရောက်ခဲ့သည့် တနင်္သာရီတိုင်းခရီးစဉ်အတွင်း
မေးခွန်းမေးမြန်းခဲ့သူများနှင့် တိုင်ကြားစာပေးပို့ခဲ့သူများအားခေါ်ယူကာ လုပ်ငန်းပြီးစီးမှုအခြေအနေများကို
ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ဖေဖော်ဝါရီလ ၂၈ ရက်နှင့် မတ်လ ၅ ရက်တို့က တိုင်းအစိုးရအဖွဲ့က
ရှင်းပြခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း
မေးခွန်းနှင့် တိုင်ကြားစာများအနက်မှ အချက် ၆၁ ချက်ကို
ကာယကံရှင်(တိုင်ကြားသူနှင့်...
မွန်တွင် မြေယာကိစ္စ တိုင်ကြားမှု ၁၇၀ စိစစ်ထားပြီးဟုဆို
မွန်ပြည်နယ်တွင်
NLD အစိုးရလက်ထက် ၃ နှစ်တာကာလအတွင်း၌ မြေယာနှင့် ပတ်သက်သည့် တိုင်ကြားမှုပေါင်း နှစ်ရာခန့်
လက်ခံရရှိခဲ့ပြီး အမှုပေါင်း ၁၇၀ ကို စိစစ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူးက
ပြောသည်။
မွန်ပြည်နယ်
လယ်ယာမြေနှင့်...
နိုင်ငံတော်၏အတိုင်ပင်ခံ ခရီးစဉ်အတွင်း တိုင်စာ သုံးရာနီးပါးရှိ
နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်သည့် ခရီးစဉ်အတွင်း တနင်္သာရီတိုင်းသားများက
ပေးပို့သည့် တိုင်ကြားစာသုံးရာနီးပါးရှိကြောင်း သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများထံမှ
သိရသည်။
မြိတ်မြို့ခရီးစဉ်တွင်
တိုင်စာ ၁၃၁ စောင်၊ ကော့သောင်းမြို့ခရီးစဉ်တွင် ၇၀ စောင်နှင့် ထားဝယ်မြို့ခရီးစဉ်တွင်
၈၉ စောင်ရှိကြောင်း အထက်ပါရုံးများထံမှ သိရသည်။
မွန်လွှတ်တော် ၃ နှစ်အတွင်း တိုင်ကြားစာ ၁၇၀၀ ရှိ
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၃ နှစ် သက်တမ်းအတွင်း၌ တိုင်ကြားစာပေါင်း ၁၇၀၀ ခန့် လက်ခံရရှိ ခဲ့သည်ဟု မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့် အသနားခံစာများ လေ့လာသုံးသပ်စိစစ်ရေး ကော်မတီထံမှ သိရသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတင်ခဲ့သည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၁၉ ခုနှစ်...
ဦးအောင်စိုး၊ ဒေါက်တာလဲ့လဲ့မော်နှင့် ဦးဖြိုးဝင်းထွန်းတို့ကို စစ်ဆေး အရေးယူပေးရန် NLD ဗဟိုသို့ မြိတ်ဒေသခံများ တိုင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ တိုင်းအလုပ်အမှု ဆောင်အဖွဲ့ ဥက်္ကဋ္ဌလည်းဖြစ်သူ ဦးအောင်စိုး၊ တနင်္သာရီ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့၏ အဂတိလိုက် စားမှုများရှိသည်ဟုဆိုကာ စုံစမ်းစစ်ဆေးအရေးယူ ပေးရန် မြိတ်ဒေသခံ ၆၂ ဦးက...
တနင်္သာရီဝန်ကြီးချုပ်ကို တိုင်သူများအား NLD ဗဟိုက ခေါ်စစ်ကာ အထောက်အထားများရယူ
တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီး ချုပ် ဒေါက်တာလဲ့လဲ့မော်ကို စာဖြင့် တိုင်ကြားထားသူများအား ဇန်န၀ါရီလ ၃၁ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ(NLD)ဗဟိုက ခေါ်ယူစစ်ဆေး ခဲ့သည်။
တိုင်ကြားထားသူများအနက် ၃ ဦး ကို ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ဗဟိုမှ ၃ ဦးပါ စစ်ဆေးရေးအဖွဲ့က နံနက် ၁၁ နာရီခွဲမှ...
တနင်္သာရီဝန်ကြီးချုပ်ကို တိုင်သည့်စာ NLD ဗဟိုသို့ ရောက်
တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို တိုင်ကြားသည့် စာတစ်စောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုသို့ ရောက်ရှိလာကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
တိုင်ကြားစာကို ဇန်နဝါရီလ ၂၄ ရက်တွင် လက်ခံရရှိခဲ့ကြောင်း ထိုနေ့ ညနေ ၃ နာရီတွင် ဒေါက်တာမျိုးညွန့်က Dawei Watch သတင်းဌာနသို့...