တိုင်းအတွင်း ဆရာ/ဆရာမများအား တိုင်စာ လေးစောင်ရှိ

0
421

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံဆရာ၊ ဆရာမများနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတနှင့် တနင်္သာရီတိုင်း အစိုးရအဖွဲ့သို့ တိုင်ကြားသည့်စာ ၄ စောင်ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

အစိုးရအဖွဲ့မှ တစ်ဆင့် ရောက်လာ သော တိုင်ကြားစာများကို စစ်ဆေးနေပြီး အရေးယူသည့်အပိုင်းကိုမူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်နှစ်တာ လုပ်ငန်း များ ပြန်လည်သုံးသပ်ပြီးမှ ထုတ်ပြန်ပေး ခွင့်ရှိကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

တနင်္သာရီတိုင်းပညာရေးမှူးရုံးကိုမူ တိုက်ရိုက်လိပ်မူ၍ တိုင်ကြားသည့်စာမရှိ ကြောင်း ဒေါ်မြင့်စိန်က ပြောသည်။

“တိုင်းရုံးကို လူကိုယ်တိုင်လာတိုင် တာကများတယ်။ စာနဲ့တိုင်တာမျိုးနည်း တယ်။ အစိုးရကနေတစ်ဆင့် ဖြေရှင်း ပေးဖို့ ရောက်လာတဲ့စာကတော့ ၄ စောင် လောက် ရှိတယ်”ဟု ၎င်းက ဆိုသည်။

ယမန်နှစ်က တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အခြေခံပညာကျောင်း တိုင်းတွင် အကြံပြုစာပုံးများ တပ်ဆင်ရမည်ဟု စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် ရန်ပုံငွေ ခွင့်ပြုပေးခြင်း မရှိတော့သဖြင့် မလုပ်ဆောင်နိုင်တော့ကြောင်း တိုင်းပညာ ရေးမှူးရုံးထံမှ သိရသည်။

ကျော်သူစိုး