စိန်ခေါ်ပွဲ ထိုးရန် ကမ္ဘောဒီးယားနိုင်ငံရောက်လာသည့် ဒေဝ

ကမ္ဘောဒီးယားလက်ဝှေ့အကျော်အမော် ပရွမ်းဆမ်းနန်နှင့် စိန်ခေါ်ပွဲထိုးသတ်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်လာခဲ့ပြီဖြစ်သော မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ဒေဝကို ကမ္ဘောဒီးယားနိုင်ငံရှိ ပရိသတ်များနှင့် မီဒီယာများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။ ဒေဝ(ခ)ဒေ့ဗ်လက်ဒက် သည် မြန်မာ့လက်ဝှေ့ချန်ပီယံရွှေခါးပတ်ကို မြန်မာလူမျိုး မဟုတ်သည့် နိုင်ငံခြားသားများအနက်မှနေ၍...

ထွန်းထွန်းမင်းကို သွေးသစ်ဝင်းလှိုင် အနိုင်ယူ၊ ဒေဝကို စိန်ခေါ်ထိုးသတ်ခွင့် ရသွားပြီ

ဇန်နဝါရီလ ၂၉ ရက်က ကျင်းပသည့် The Great Letwei ပြိုင်ပွဲ၏ ခေါင်းတွဲဆိုင်းပွဲစဉ်အဖြစ် ထိုးသတ်ခဲ့သော ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ပွဲစဉ်တွင် သွေးသစ်ဝင်းလှိုင်က အမှတ်ဖြင့် အနိုင်ရသွားသည်။ ထွန်းထွန်းမင်းနှင့် သွေးသစ်ဝင်းလှိုင်တို့၏ ပွဲစဉ်သည် ပွဲချီ...

ငြိမ်းချမ်းရေး မာရသွန်ပြိုင်ပွဲ ကျင်းပမည်

ထားဝယ်ခရိုင်တွင် အခြေခံပညာ ကျောင်းပေါင်းစုံ ငြိမ်းချမ်းရေးမာရသွန် ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း တိုင်းအားကစား နှင့် ကာယပညားစီးဌာနထံမှ သိရသည်။ အဆိုပါ ပြိုင်ပွဲကို ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်...

အင်္ဂလန်နဲ့ ဆီနီဂေါ၊ နယ်သာလန်နဲ့ အမေရိကန်တို့ ထိပ်တိုက်ဆုံပြီ

အုပ်စု(A)နဲ့ အုပ်စု(B)ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေ ယှဉ်ပြိုင်ကစားပြီးသွားခဲ့ပါပြီ။ ဒီအုပ်စု နှစ်ခုရဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေမှာ အုပ်စုဒုတိယနေရာ အဆုံးအဖြတ်ပွဲစဉ်တွေက ထင်မှတ်မထားတဲ့အဖြေတွေ ထွက်ပေါ်သွားခဲ့ပါတယ်။ အုပ်စု(A)မှာ အုပ်စုဒုတိယပွဲစဉ်တုန်းက နယ်သာလန်ကို သရေခံကန်ပြီး နောက်တစ်ဆင့်တက်ဖို့အတွက် အခြေအနေကောင်းကို ဖန်တီးထားနိုင်ခဲ့တဲ့ အီကွေဒေါဟာ သရေတစ်မှတ်ရရင် ၁၆...

ကမ္ဘာ့စစ်ပြန်များ ချန်ပီယံရှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာ ဂျပန်က အသက် ၉၀ အရွယ် အမျိုးသမီးနှစ်ယောက်ပါဝင်ကစားပြနေလို့ အားလုံး အံ့အားသင့်နေ

အိုမန်နိုင်ငံကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ကမ္ဘာ့စစ်ပြန်များ ချန်ပီယံရှစ် စားပွဲတင်တင်းနစ်ပြိုင်ပွဲမှာဂျပန်နိုင်ငံကို ကိုယ်စားပြုပြီး အသက် ၉၀ အရွယ် အမျိုးသမီးနှစ်ယောက် ကျန်းမာသွက်လက်ဖျတ်လတ်စွာ ကစားပြနေတဲ့အတွက် ပြိုင်ပွဲလာရောက်ကြည့်ရှုသူတွေက အရမ်းပဲ အံ့အားသင့်နေကြတယ်လို့ သိရပါတယ်။ ဒီ အသက်...

ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်သည့် အင်တာမီယာမီ ကလပ်အသင်းဆီသို့ ပြောင်းရွှေ့တော့မည်ဟု မက်ဆီ ပြော

ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးသည့်နောက် ကလပ်အသင်းလက်မဲ့ ကစားသမားတစ်ဦးအဖြစ်သို့ ရောက်ရှိသွားသော အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ သည် ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်သည့် အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမီယာမီထံသို့ ပြောင်းရွှေ့တော့မည်ဟု ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ မက်ဆီကို...

လူငယ်များ မဲပေးရေးအတွက် သီချင်းဆိုပြိုင်ပွဲ

လူငယ်များ မဲလာပေးရေးအတွက် ဦးတည်တဲ့ သီချင်းဆိုပြိုင်ပွဲကို စက်တင်ဘာလ ၁၆ ရက်ကနေ နောက်လ အောက်တိုဘာ ၉ ရက်နေ့အထိ ကျင်းပဖို့ ရှိနေပါတယ်။ The International Foundation for Electoral Systems(IFES)...

အသက် ၂၅ နှစ်အောက် ဘောလုံးပွဲ တနင်္သာရီအသင်း အသက် ၂၀ အောက် များဖြင့် ၀င်ပြိုင်မည်

တိုင်းနှင့်ပြည်နယ် အသက်၂၅ အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို တနင်္သာရီအသင်းမှ အသက် ၂၀ အောက် ကစားသမားများဖြင့် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း အသင်းအုပ်ချုပ်သူ ဒေါ်အောင်အောင်က ပြောသည်။ ယင်းပြိုင်ပွဲဝင်ရန်အတွက် ၂၀၁၈ ခုနှစ်က တိုင်းနှင့်ပြည်နယ် အသက် ၁၉ နှစ်အောက် ပြိုင်ပွဲဝင်ထားသည့်...

စီရော်နယ်ဒိုနဲ့ ပြန်ဆုံတဲ့ပွဲမှာ မက်ဆီ ဝတ်ခဲ့တဲ့ ဂျာစီကို လေလံတင်၊ ကမ္ဘာ့အမြင့်ဆုံးဈေးနဲ့ လေလံအောင်နိုင်တယ်လို့ မျှော်မှန်း

အယ်လ်နတ်စ်ဆာ - အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ ရီယာ့ဒ်ဖိတ်ခေါ်ဖလားချစ်ကြည်ရေးပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဘောလုံးပွဲစဉ်မှာ ပီအက်စ်ဂျီဘက်ကနေ မက်ဆီ ဝတ်ဆင်ကစားပေးခဲ့တဲ့ဂျာစီအင်္ကျီကို လေလံတင်ထားလိုက်ပြီဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံးဈေးနဲ့ လေလံအောင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သိရှိရပါတယ်။ ပီအက်စ်ဂျီ ဟာ ဒီဂျာစီကို အယ်လ်နတ်စ်ဆာ - အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနဲ့ ယှဉ်ပြိုင်တဲ့ အခုပွဲစဉ်အတွက် အထူးစီမံချုပ်လုပ်ခဲ့တာဖြစ်ပြီး မက်ဆီ ဝတ်ဆင်ခဲ့တဲ့ သီးသန့်အမှတ်တရ အထူးဂျာစီတစ်ထည်သဖွယ်ဖြစ်နေတာကြောင့် အခုဂျာစီကို လေလံတင်လိုက်ချိန်မှာ လူစိတ်ဝင်စားမှု အရမ်းများသွားခဲ့တာဖြစ်ပါတယ်။ မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၃၀ ဂျာစီအင်္ကျီကို ၈၉ ယူရိုဈေးနှုန်းနဲ့ လေလံစဖွင့်ခဲ့တာဖြစ်ပြီး အခုအချိန်မှာအမြင့်ဆုံးပေးထားတဲ့ လေလံဈေးက ယူရို ၂၅,၀၀၀ ဆီ ရောက်ရှိနေပြီဖြစ်ပါတယ်။ အခုအချိန်မှာ ဂျာစီအင်္ကျီကို ပွဲစီစဉ်သူတွေက ထိန်းသိမ်းထားပြီး လေလံအောင်တဲ့သူကို အသိအမှတ်ပြု ထောက်ခံလက်မှတ်နဲ့အတူ ဂျာစီကို ပေးအပ်သွားမှာဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောကြားထားပါတယ်။ လက်ရှိမှာ လေလံပွဲရဲ့သက်တမ်းက ၈ ရက်တောင် အချိန်ကျန်နေသေးတဲ့အတွက် ဂျာစီအတွက် လေလံဈေး တိုးမြှင့်ပေးချေမှုက အပြိုင်အဆိုင် ထပ်ဖြစ်လာဦးမယ့်အခြေအနေတစ်ရပ်ဆီမှာ ရှိလို့နေပါတယ်။

ထားဝယ်မြို့နယ် ဘောလုံးအဖွဲ့ချုပ်နှင့် ရုပ်ရှင်သရုပ်ဆောင်အသင်း ဘောလုံးကန်မည်

ထားဝယ်မြို့နယ်ဘောလုံးအဖွဲ့ချုပ် အသင်းနှင့် Actor Star အနုပညာကြယ်ပွင့် ရုပ်ရှင်သရုပ်အသင်းတို့ ချစ်ကြည်ရေး ဘောလုံးကန်မည်ဖြစ်ကြောင်း မြို့နယ်ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။ မေလ ၁၉ ရက် ညနေ ၄ နာရီတွင် ထားဝယ်မြို့ရှိ တိုင်းအားကစားကွင်း၌ ကန်မည်ဖြစ်ကြောင်း ယင်း ဘောလုံး အဖွဲ့ချုပ်ထံမှ သိရသည်။