အသက် ၂၅ နှစ်အောက် ဘောလုံးပွဲ တနင်္သာရီအသင်း အသက် ၂၀ အောက် များဖြင့် ၀င်ပြိုင်မည်

0
560

တိုင်းနှင့်ပြည်နယ် အသက်၂၅ အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို တနင်္သာရီအသင်းမှ အသက် ၂၀ အောက် ကစားသမားများဖြင့် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း အသင်းအုပ်ချုပ်သူ ဒေါ်အောင်အောင်က ပြောသည်။

ယင်းပြိုင်ပွဲဝင်ရန်အတွက် ၂၀၁၈ ခုနှစ်က တိုင်းနှင့်ပြည်နယ် အသက် ၁၉ နှစ်အောက် ပြိုင်ပွဲဝင်ထားသည့် ကစား သမား ၁၄ ဦး၊ နှင့် ခရိုင်အဆင့် ကစား သမား ၄ ဦးကို ရွေးချယ်ထားကြောင်း ဒေါ်အောင်အောင်က ပြောသည်။

“ဒီကစားသမားတွေအကုန်လုံးက အသက် ၂၀ အောက်တွေချည်းပဲ။ ဆယ်ကျော်သက် လေးတွေတောင်ပါ တယ်” ဟု ၎င်းကဆိုသည်။

တနင်္သာရီတိုင်းတွင် အသက် ၂၅ နှစ်အောက်ပြိုင်ပွဲအတွက် အသက် ၂၀ ကျော်ကစားသမားများ ရှားပါးခြင်း ကြောင့် အသက် ၂၀ အောက် ကစား သမားများကို ရွေးချယ်ရခြင်းဖြစ်ကြောင်း ၎င်းင်းက ပြောသည်။

ယင်းကစားသမားများသည် သုံးခရိုင် အသက် ၂၅ နှစ်အောက် ပြိုင်ပွဲမှ ရွေးချယ်ထားသူများ ဖြစ်သည်။

ယင်းကစားသမား ၁၈ ဦးတွင် အားကစားနှင့် ကာယပညာသိပ်္ပံကျောင်း (ရန်ကုန်) တက်နေသည့် ကစားသမား နှစ်ဦး၊ ထားဝယ်ခရိုင်မှ ၈ ဦး၊ မြိတ်ခရိုင် မှ ၇ ဦး၊ ကော့သောင်းခရိုင်မှ တစ်ဦး ပါဝင်ကြောင်း ဒေါ်အောင်အောင်က ပြောသည်။

ယင်းဘောလုံးပြိုင်ပွဲကို မတ်လ ၂၁ ရက်မှ ဧပြီလ ၃ ရက်အထိ နေပြည် တော်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။

 ကျော်သူစိုး