ဟိုတယ်နှင့် တည်းခိုရိပ်သာ ဧည့်သည်မှတ်တမ်းအတွက် အွန်လိုင်းစနစ် စသုံး

တိုင်းတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် လာရောက်တည်းခိုသည့် ဧည့်သည်များ၏ အချက်အလက်မှတ်တမ်းအတွက် ဇွန်လ ပထမပတ်မှစပြီး အွန်လိုင်းစနစ် စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ လာရောက်တည်းခိုသည့် ခရီးသွားဧည့်သည်စာရင်းကို အွန်လိုင်းစနစ်ဖြင့် ပေးပို့နိုင်ရန်အတွက် လိုင်စင်ရယူထားသည့်...

တိုင်းလွှတ်တော်ဥက္ကဋ္ဌ ရွေးကောက် ပွဲဝင်မည်

၂၀၂၀ ရွေးကောက်ပွဲဝင်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။ ၎င်းအနေဖြင့် တိုင်းဒေသကြီးလွှတ်တော်၊ထားဝယ်မြို့နယ်မဲန္ဒနယ်အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသည်ဟု ဆိုသည်။

၀န်ကြီးချုပ်ဦးမြင့်မောင် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်မည်

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်က လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်း လျှောက်မည်ဖြစ်ကြောင်း ပြောသည်။ ၎င်းအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ကာလက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်တွင် လျှောက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောသည်။

ကိုယ်စားလှယ်လောင်းရွေးပွဲ NLD ပါတီတွင်း ပြင်းထန်နိုင်

လာမည့်ရွေးကောက်ပွဲအတွက် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းများကို ကြိုတင်ခေါ်ယူပြီး လျာထားနေ ကြပြီဖြစ်သည်။ လက်ရှိ အာဏာရပါတီဖြစ်သည့် NLD လည်း လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း လျှောက်လွှာခေါ်ယူနေပြီ ဖြစ်သည်။ ကိုယ်စားလှယ်လောင်းလျှောက်လွှာ နောက်ဆုံးတင်သွင်းရမည့်ရက်ကိုမူ...

ကိုဗစ်ကပ်ဘေးအကြား နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ကွင်းဆက်မှ သင်ခန်းစာများ

ကိုဗစ်ကပ်ဘေးက ရှုပ်ထွေးစွာ တည်ဆောက်ထားသော ကမ္ဘာ့အခင်းအကျင်းအများအပြားကို ရပ်တန့် ဖျက်ဆီးလိုက်သည်။ ယင်းတို့တွင် ကမ္ဘာ့အစားအသောက် ဈေးကွက်ကြီးလည်း တစ်ခုအပါအဝင် ဖြစ်သည်။ကမ္ဘာအစားအသောက်ထုတ်လုပ်ရေးဈေးကွက်ကြီးမှာ လွန်စွာရှုပ်ထွေးပြီး အဆင့်များစွာဖြင့် လည်ပတ်နေသည်။ မွေးမြူစိုက်ပျိုးချိန်မှ လူတို့၏ ထမင်းစားခန်းအတွင်းရောက်သည်အထိ အဆင့်များစွာရှိသည်။ နိုင်ငံပေါင်းများစွာမှ...

မွန်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်းကျော်

မွန်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် မေလအကုန်ထိ ပြုစုထားသည့်စာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၄ သောင်းကျော်အထိရှိလာကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ အဆိုပါ မဲစာရင်းတွင် မသန်စွမ်းမဲစာရင်းပါဝင်ပြီး တပ်မတော်သားနှင့် အတူနေမိသားစုဝင်တို့၏ မဲစာရင်းများမပါဝင်သေးကြောင်း...

မွန်ပါတီ ကိုယ်စားလှယ်လောင်း ဇူလိုင်လကုန် အပြီးသတ် ရွေးချယ်မည်

၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပသွားရန်ရှိသည့် ရွေးကောက်ပွဲအတွက် မွန်ညီညွတ်ရေးပါတီ၏ ကိုယ်စားလှယ်လောင်းများကို ဇူလိုင်လအကုန်တွင် အပြီးသတ် ရွေးချယ်သွားမည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။ ကိုယ်စားလှယ်လောင်းများကို မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့မှ ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထား...

ယာယီပိတ်ထားသည့် ဟိုတယ်အများစု ပြန်ဖွင့်

ကိုဗစ်ကပ်ဘေးကြောင့် တိုင်းအတွင်းယာယီပိတ်ထားသည့် ဟိုတယ်အများစု ပြန်ဖွင့်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှသိရသည်။ တိုင်းအတွင်း ဟိုတယ်/ ခရီး လိုင်စင်ရ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၄၆ လုံးရှိသည့်အနက် လက်ရှိတွင် ၂၁ လုံး...

မြို့မိမြို့ဖနှင့် အမတ်လောင်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး ကို နိုဝင်ဘာလတွင် ကျင်းပတော့မည်။ ရက်အတိအကျ မသိရသေးသော် လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲ ကျင်းပရန် သေချာသွားပြီ ဖြစ်သည်။

တပ်မဲရုံ လျော့ အရပ်သား မဲရုံ တိုး

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် တပ်မဲရုံ လျော့နည်းသွားပြီး အရပ်သားမဲရုံ ထပ်တိုးလာကြောင်း တနင်္သာရီတိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။ တိုင်းအတွင်းလျာထားသည့် မဲရုံစုစုပေါင်း တစ်ထောင်ကျော် (၁၁၂၁)ရှိပြီး ၂၀၁၅...