မြို့မိမြို့ဖနှင့် အမတ်လောင်း

0
836

၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး ကို နိုဝင်ဘာလတွင် ကျင်းပတော့မည်။

ရက်အတိအကျ မသိရသေးသော် လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲ ကျင်းပရန် သေချာသွားပြီ ဖြစ်သည်။

ကိုဗစ်ရောဂါကူးစက်မှုဒဏ်ကို တိုင်းသူ ပြည်သားများက ကြံ့ကြံ့ခံ ရင်ဆိုင်နေရ ဆဲကာလမှာပင် လက်ရှိအာဏာရပါတီ ကြီး၏ အမတ်လောင်း ရွေးချယ်ပွဲကြီး ဝှဲချီးကျင်းပတော့မည်။ပြီးခဲ့သည့်လက ထားဝယ်မြို့မှ လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက စာရေးသူထံ ဖုန်းဆက်တိုင်ပင်လာသည်။ အကြောင်းက လက်ရှိ မြန်မာပြည်တစ်နံ တစ်လျား ပါတီရုံးခန်းများ မိုးဦးကျမှိုလို ပေါက်အောင် ဖွင့်နေသည့် ပြည်မအခြေ စိုက်နိုင်ငံရေးပါတီတစ်ခုက ၎င်းကို ထားဝယ်မြို့နယ် ကိုယ်စားပြုရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်း လုပ်စေလိုသည်ဟု ချဉ်းကပ်ပြောဆိုလာ သောကြောင့် နှီးနှောတိုင်ပင်လို၍ ဖြစ် သည်။

သို့ဖြင့် နိုင်ငံရေးစိတ်ဝင်စားသည့် စာရေးသူမှာလည်း အခွင့်ကြုံလာပြီ ဖြစ်သဖြင့် အနှီအမတ်လောင်းအဖြစ် ချဉ်းကပ်ခံရသူ ကျွန်တော့် မိတ်ဆွေအား မျက်မှောက်ခေတ် နိုင်ငံရေးသဘော တရားများနှင့် တနင်္သာရီတိုင်း၏ ၂၀၂၀ ရွေးကောက်ပွဲအလားအလာများကို တယ်လီဖုန်းမှတစ်ဆင့် ခရားရေလွှတ် တတွတ်တွတ် ဟောလေရာ နှစ်နာရီခန့် ကြာမြင့်လေသည်။ သို့ကလို ဖုန်းမှ အသံ လှိုင်းဖြင့် ဆက်သွယ်ပြောဆိုပြီးသကာလ စီးပွားရေး အတွေ့အကြုံရှိပြီး နိုင်ငံရေး စိတ်ဝင်စားသည့် အထူးသဖြင့် လက်ရှိ တိုင်းအစိုးရအဖွဲ့နှင့် လွှတ်တော်အမတ် များကို အားမလို အားမရဖြစ်ကာ ကိုယ်တိုင်ဝင်ကလိုက်ချင်ရဲ့ဟု မချိတင် ကဲရေရွတ်လေ့ရှိသည့် စာရေးသူ၏ မိတ်ဆွေကား ရွေးကောက်ပွဲ မဝင်လိုတော့ ပြီဟု ဘီချလိုက်သွားလေသည်။ သို့သော် ငြား နောက်ဆက်တွဲအနေဖြင့် ၎င်းက နိုင်ငံရေးသဘောတရားများ လေ့လာလို သည်ဟု ဆိုလာသဖြင့် စာရေးသူမှာ ဂူးဂဲလ်မှ နိုင်ငံအရေးအရာအဖြာဖြာ နည်း နာနိသျည်းတို့ကို ညွှန်းဆိုလိုက်ရသေး သည်။

ဤသို့သည်လို နိုင်ငံရေးပါတီအသီး သီးက ကိုဗစ်ကြားမှ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ အနှစ်သာရကို ပိုမိုဖော်ဆောင် နိုင်ရေး အန္တိမ ရည်မှန်းချက်ဖြင့် ကျင်းပ မည့် အထွေထွေရွေး ကောက်ပွဲတွင် သူ့ ထက်ငါ စွမ်းရည်ထုတ်ပြပြီး မနိုင်နိုင် အောင် ယှဉ်ပြိုင်ဖို့အတွက် အမတ်လောင်း များကို နည်းလမ်းပေါင်းစုံဖြင့် ချဉ်းကပ် ပြောဆို ရွေးချယ်နေကြပြီဖြစ်သည်။

၁၉၈၈ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံ တစ်နံတစ်လျားလှည်းနေလှေအောင်း မြင်းဇောင်းနှင့် ဆိုက္ကားဂိတ်ပါမကျန် ရဟန်းရှင်လူ ပြည်သူ မယ်သီလရှင် အပေါင်းမှ သောင်းသောင်းဖြဖြ အားပေး ထောက်ခံသည့် လက်ရှိအာဏာရပါတီ ကြီးကလည်း အများနှင့်မတူ တမူထူးခြား သည့်နည်းလမ်းဖြင့် ၎င်းတို့ပါတီအတွက် ၂၀၂၀ အမတ်လောင်းများကို ရွေးချယ်နိုင် ရေး တိုင်းသိပြည်သိ ကြေညာမောင်းခတ် လိုက်လေပြီ။ အနှီနည်းကား အမတ် လောင်းများကို မြို့မိမြို့ဖများအဖြစ် ရွေးချယ်ပေးရန်တည်း။

ဇွန်လ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် အာဏာရပါတီ၏ မြို့မိမြို့ဖရွေးချယ်ရေးဆိုင်ရာ စာတွင် ကား သက်ဆိုင်ရာဒေသတွင်း နှစ်ရှည် နေထိုင်သူ၊ အများပြည်သူလေးစားခံရသူ၊ ဒီမိုကရေစီအရေးကို အစဉ်တစိုက်ထောက် ခံ အားပေးသူ၊ လက်ရှိအာဏာရပါတီ၏ အကျိုးစီးပွားကို လိုလားသူ၊ရပ်ရွာအတွင်း သာရေးနာရေးကိစ္စများတွင် စေတနာဖြင့် ပါဝင်သူ၊ နိုင်ငံရေး အသိအမြငြွ်ကယ်ဝသူ စသည့် အချက် ၆ ချက် ဖြင့် တိုက်စစ်ကာ မြို့မိမြို့ဖများကို ရွေးချယ်ပေးရန် ညွှန် ကြားထားသည်။

ဤတွင် ထူးသည်ကား မြို့မိမြို့ဖ များကို အာဏာရပါတီကသာ ရွေးချယ် ရန် ဖြစ်သည်။ သို့ဖြင့် အနှီ မြို့မိမြို့ဖဆို သည့် အသုံးအနှုန်းသည် ဆွေးနွေးပြောဆို စရာစကားရပ်တစ်ခု ဖြစ်လာလေတော့ သည်။

မြို့မိမြို့ဖဟူသည် ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့် ပြည့် စုံသည့် ဂုဏ်အား၊ ပြဿနာကို ပိုင်းခြား စဉ်းစားနိုင်သည့်ပညာအား၊ဘဝတစ်လျှောက် အပြစ်ကင်းသော အသက်မွေးမှုရှိပြီး အတွေ့အကြုံဗဟုသုတရှိသည့် စသည် တို့ဖြင့် ပြည့်စုံသည့် အများပြည်သူမှ လေးစားသူဟု သတ်မှတ်ကြလေသည်။

အများပြည်သူဟုဆိုလျှင် လက်ရှိ အာဏာရပါတီကို ထောက်ခံသူများ ပါ မည်ဖြစ်သကဲ့သို့ အခြားနိုင်ငံရေးပါတီ များ၊ ကွဲပြားသည့် နိုင်ငံရေး အယူအဆ ရှိသူများအားလုံးလည်း ပါဝင်ရပေမည်။

လက်ရှိတွင် နိုင်ငံရေးပါတီတစ်ခုက ရွေးချယ်မည့်အစုအဖွဲ့ဖြစ်သဖြင့် “ပါတီအမိ ပါတီအဖ”ဟုသာ သုံးနှုန်းသင့် သည်ဟု ယူဆမိပါသည်။

အာဏာရပါတီမှ လက်ရှိလွှတ်တော် အမတ်များကား ပါတီစတင်တည်ထောင် စဉ်ကတည်းကနေ ယနေ့အထိ သစ္စာရှိစွာ တာဝန်ကျေသူများ၊ ပါတီ၏ သက်တော် ရှည် သက်ကြီးဝါကြီးများ၊ နောက်မှ ပါ ဝင်လာသော်လည်း ပါတီ၏အကျပ်အ တည်းကာလများအတွင်း သစ္စာရှိစွာ ရပ် တည်ခဲ့သူများ၊ ပါတီတာဝန်မှ အနားယူ ထားပြီး ဖြစ်သော်လည်း အရေးရှိက အားပေးဝန်းရံပြီး အားမနာတမ်း ဝေဖန် ထောက်ပြသူများ၊ ပါတီဝင် မဟုတ်သော် ငြား ပါတီကို အစဉ်တစိုက်ကိုယ်အား၊ ဉာဏ်အားဖြင့် ထောက်ခံအားပေးခဲ့သူ များကိုသာ ရွေးကောက်ပွဲဝင်မည့် ကိုယ်စား လှယ်များကို ရွေးချယ်ပေးမည့် ပါတီအမိ ပါတီအဖ စာရင်းတွင် ထည့်သွင်းစေလိုကြောင်း လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် မျှဝေနေကြ သည်ကို သတိထားမိသည်။

မည်သို့ပင်ဆိုစေကာမူ မြို့မိမြို့ဖ ရွေးချယ်ပွဲကြီးကား ပါတီ၏သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများက ဒိုင်လူကြီး လုပ်ကာ စတင်ကျင်းပနေကြလေပြီ။ တနင်္သာရီတိုင်း၏ အရပ်ဒေသအသီးသီးမှ ပြည်သူများကလည်း မည်သူက မြို့မိမြို့ဖဖြစ်သင့်ကြောင်း မိမိတို့၏ အမြင်များကို ကိုယ့်ပိုက်ဆံနှင့် ကိုယ်ဖုန်းဘီလ်အကုန်ခံကာ လှုပ်ရှားမှု ကြီးတွင် ပါဝင်လာကြသည်။ ငြင်းကြ၊ ခုန်ကြ၊ ဆွေးနွေးကြသည်မှအစ နင်ဘဲငဆ တစ်ဘက်လူ သည်းမခံနိုင်သည်အထိ ပြင်းထန်စွာ ရေးသားသည်များလည်း ရှိသည်။

စာရေးသူကား “မြို့မမြို့ဖ/ ရပ်မိ ရပ်ဖ”ဟူသည့်အသံကြားလျှင် “ခဲမှန်ဖူးသည့် စာသူငယ်”လို ကျောချမ်းမိ သည်။ အရပ်ထဲ အသက်ကြီးလာလျှင် ရပ်မိရပ်ဖလုပ်ချင်သူက ခပ်များများကိုး။

ပိုက်ဆံကလေးရှိ၊ အလုပ်အကိုင်ကလေး အဆင်ပြေပြီး ဟိုနေရာဒီနေရာ လက်ဖျား ငွေသီးလှူနိုင်ပြီး မင်းစိုးရာဇာများနှင့် နီး စပ်သည့် ဆက်ဆံရေးရှိပါက မိမိကိုယ်မိမိ “မြို့မိမြို့ဖ/ရပ်မိရပ်ဖ”အဖြစ် တင်မြှောက် ထားကြသူများက စာရေးသူတို့ လူ့အဖွဲ့ အစည်းမှာ ခပ်များများ မဟုတ်လား။

သို့ဖြစ်ရာ လက်ရှိအာဏာရပါတီ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး လုပ်ငန်းစဉ်ကြီး၏ ဗွေ ဆော်ဦးဖြစ်သည့် မြို့မိမြို့ဖ ရွေးချယ်ပွဲ ကြီးသည် လူထုပရိသတ်အကြား လှုပ် လှုပ်ရွရွ ဖြစ်လျက်ရှိလေသည်။ မည်သူ မြို့မိမြို့ဖဖြစ်လာမည်နည်း။ သက်ဆိုင် ရာမြို့နယ်ပါတီတာဝန်ရှိသူများက မည် သူတို့ကို မြို့မိမြို့ဖစာရင်းတွင် ထည့် သွင်းမည်နည်း။ မြို့မိမြို့ဖဟု ဆိုပြီး မြို့ဖ ဖြစ်သည့် အမျိုးသားများသာပါပြီး မြို့မိနေရာတွင် အမျိုးသမီးများ ပါမှပါ လာပါ့မလား။

တကယ်တမ်းသတ္တုချကြည့်လျှင် မဲဆန္ဒရှင်များက မည်သူတွေ မြို့မိမြို့ဖ ဖြစ်လာမည်နည်းဆိုသည့် မေးခွန်းထက် အနှီမြို့မိမြို့ဖ အစုအဖွဲ့က မည်သူတို့ကို မိမိတို့မဲဆန္ဒနယ်၏ ကိုယ်စားလှယ် လောင်းများအဖြစ် ရွေးချယ်ပေးမလဲ ဆို သည်ကို ပိုစိတ်ဝင်စားသည်ဟု ယူဆမိပါ သည်။

စာရေးသူကိုယ်တိုင်သည်လည်း မြို့မိမြို့ဖဆိုတဲ့ အသုံးအနှုန်းကို သဘော မတွေ့တာမှအပ မြို့မိမြို့ဖ ဘယ်သူဖြစ် မည်ဆိုသည်ကို သိပ်အာရုံမလာ။ မည် သူတွေ ကိုယ်စားလှယ်လောင်း ဖြစ်လာ မည်ဆိုသည်ကိုသာ အာရုံကျလျက်ရှိ သည်။အကြောင်းကား ရှင်း၏။ မြို့မိမြို့ဖ တို့ကား ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ကြမည့်သူများ မဟုတ်။ ဘုရားပြီးလျှင် ငြမ်းဖျက်ခံရမည့် သူများ သာ ဖြစ်သည်။ ရွေးကောက်ပွဲနေ့တွင် ၎င်းတို့ ရွေးချယ်ပေးလိုက်သည့် ကိုယ် စားလှယ်လောင်းများသာ ဝင်ပြိုင်ကြရ မည် မဟုတ်လော။

မဲဆန္ဒရှင် ပြည်သူတစ်ဦးအနေဖြင့်မူ ပြီးခဲ့သည့် လွှတ်တော်။အစိုးရ သက်တမ်း ကာလအတွင်း သဘောကျနှစ်သက်သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရ အဖွဲ့ဝင်များရှိသည်။ အနှီ ကိုယ်စားလှယ် များ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများအဖြစ် ပြန် လည်ပါလာစေလိုသည်။ ထိုနည်းတူစွာ လက်ရှိ အစိုးရအဖွဲ့ထဲမှ ဝန်ကြီးအချို့နှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ကိုကား နိုင်ငံရေးစင်မြင့်ပေါ်တွင် ဆက်မမြင် လိုတော့။ ပြီးခဲ့သည့်ကာလအတွင်း ၎င်း တို့၏ ဆောင်ရွက်ချက်များ၊ စွမ်း ဆောင်ရည်များကား အဆိုးစာရင်းတွင် မှတ်ကျောက်တင်ခံထားရပြီး ဖြစ်သည်။

တကယ်စင်စစ် တနင်္သာရီတိုင်း၏ ရွေးကောက်ပွဲနိုင်ငံရေးအခင်းအကျင်းကား သိပ်မဟန်လှ။
လက်ရှိအာဏာရပါတီကြီးအပြင် အခြားပြည်မအခြေစိုက် နိုင်ငံရေးပါတီ များမှ ရွေးချယ်စရာ ကိုယ်စားလှယ်များ ရှိနေသေးသော်လည်း တိုင်းလူထုကို အ မှန်တကယ်ကိုယ်စားပြုပြီး ဗဟိုကြောက် ရောဂါမရှိဘဲ တိုင်းသူတိုင်းသားများ အကျိုးစီးပွားကိုသာ ရှေ့ရှုဆောင်ရွက်မည့် ဒေသအခြေပြုပါတီငယ်များ မရှိသေး။ တနင်္သာရီတိုင်းလို လူမျိုးအစုံနေထိုင်သည့် တိုင်းဒေသကြီးတွင် လူမျိုးအခြေပြုနိုင်ငံ ရေးပါတီများ လွှတ်တော်။အစိုးရအဖွဲ့ အတွင်း နေရာရလာရေးကား ထင်သ လောက် လွယ်ကူလိမ့်မည်မဟုတ်။ ထားဝယ်တိုင်းရင်းသားများ ပါတီကဲ့သို့ သော လူမျိုးအခြေပြုပါတီငယ်များ တိုင်းအတွင်း စတင်လှုပ်ရှားလာသည် ကိုကား ကြိုဆိုရမည် ဖြစ်သည်။ ပါတီစုံ ဒီမိုကရေစီစနစ်ဟု ဆိုသည့် အားလျော်စွာ ရွေးကောက်ပွဲအလွန် နိုင်ငံရေးစင်မြင့် ထက်တွင် ပါတီအစုံရှိနေရန် အရေးကြီး သည်ဟု ယူဆပါသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းအတွင်း လက်ရှိအာဏာရပါတီကြီးမှ ကိုယ်စားလှယ်လောင်းများ ပြန်လည် အနိုင်ရနိုင်သည့် အခင်းအကျင်းနှင့် အား သာချက်များလည်း များစွာရှိနေပြန် သည်။ အထူးသဖြင့် ယခုကဲ့သို့ ကိုဗစ် ကာလ အကျပ်အတည်းများဆိုက်နေချိန် တွင် လက်ရှိအာဏာရပါတီ၏ အစိုးရမှ ကိုဗစ်တုံ့ပြန်ရေးအတွက် ငွေကြေး ဘီလီယံပေါင်းများစွာ အသုံးပြုခွင့်ရနေပြီး ၎င်းမှာ နိုင်ငံရေးအရ အလွန်မှသိသာ ထင်ရှားသည့် အားသာချက် ဖြစ်နေသည်။ တိုင်းအတွင်း ဘယ်သူဝင်ပြိုင်ပြိုင် လက်ရှိအာဏာရပါတီကြီးကိုသာ ရွေး ကောက်ပွဲနေ့တွင် မဲပေးမည့် ပြည်သူလူ ထုအပေါင်းမှာလည်း ဒုနဲ့ဒေး။ သို့သော် လည်း ပါတီကိုမကြည့်ဘဲ လူကိုသာကြည့် တော့မည်ဟု ပြောဆိုလာသူများလည်း တစ်နေ့တခြား ပိုမိုများပြားလာနေသည်။

ဤအခြေအနေတွင် လက်ရှိအာဏာ ရပါတီကြီး၏ ရွေးကောက်ပွဲကိုယ်စား လှယ်လောင်းများကို ရွေးချယ်ပေးရမည့် မဟာတာဝန်ကြီးကို စေတနာဖြင့် ထမ်းဆောင်ကြမည့် မြို့မိမြို့ဖများ၏ ဆန္ဒနှင့် ဆုံးဖြတ်ချက်ကား တိုင်းသူ တိုင်းသားများ၏၂၀၂၀အလွန် နိုင်ငံရေး ဘဝများကို အဆုံးအဖြတ်ပေးမည့် အ ခြေသို့ ဆိုက်ရောက်လျက်ရှိသည်။
ကြားဖူးနေကျ စကားပုံတစ်ခုရှိ သည်။

“ဖိုးသေးမျောက်တော့ မဖြစ်စေနဲ့”တဲ့။

ပွဲမဝင်ခင် ကောင်းစွာလေ့ကျင့်ပေး ထားပြီး ဂျွမ်းထိုးအင်မတန်ကောင်းသည့် မျောက်၊ ဆက်ကပ်ဆရာ ဖိုးသေး၏ မျောက်။ ဆက်ကပ်ပွဲစချိန် မီးရောင်စုံဖြင့် စင်ပေါ်ရောက်ပြီး လူထုပရိသတ်ရှေ့ ရောက်သည်နှင့် ဂျွမ်းမထိုးတော့ဘဲ မဖွယ်မရာသာ လုပ်ပြနေသည့် ဆပ်ကပ် ထဲမှ ဖိုးသေးမျောက်ကဲ့သို့သော ကိုယ်စားလှယ်လောင်းများကိုသာ ရွေး ချယ်ပေးမိပါက ကိုယ့်စရိတ် ကိုယ်စားပြီး မြို့မိမြို့ဖ လုပ်လိုသူများအိုမှ လူပြော စရာများကာ သမိုင်းတရားခံဖြစ်ရပေလိမ့် မည်။

အောင်လွင်(ကံပေါက်သား)