တိုင်းလွှတ်တော်ဥက္ကဋ္ဌ ရွေးကောက် ပွဲဝင်မည်

0
591

၂၀၂၀ ရွေးကောက်ပွဲဝင်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။

၎င်းအနေဖြင့် တိုင်းဒေသကြီးလွှတ်တော်၊ထားဝယ်မြို့နယ်မဲန္ဒနယ်အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသည်ဟု ဆိုသည်။

တိုင်းဒေသကြီးအတွင်း အုပ်ချုပ်မှုစနစ်များ စနစ်တကျဖြစ်လာစေရန်၊ ဒီမိုကရေစီရှင်သန်စေရန်နှင့် ပြည်သူများ၏ လူမှုဘဝတိုးတက်လာစေရန် ရည်ရွယ်၍ ရွေးကောက်ပွဲထပ်ဝင်ရန် ကိုယ်စားလှယ်လောင်းလျှောက်ထားခဲ့ကြောင်း ဦးခင်မောင်အေးက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်လိုက်ကောင်းတစ်ယောက်အနေနဲ့ ပီပီ သသ ဝင်ရောက်ပြီးတော့ ကူညီပေးချင်တဲ့အတွက်ကြောင့်မို့ တိုင်းလွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ်နဲ့ လျှောက်ရခြင်း ဖြစ်ပါတယ်” ဟု ဦးခင်မောင်အေးက ဆိုသည်။

လွှတ်တော်ဥက္ကဋ္ဌအဖြစ် ငါးနှစ်တာကာလအတွင်း ရရှိခဲ့သည့်အတွေ့အကြုံ များအပေါ် အခြေခံကာ ကူညီနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးသည် ၂၀၁၅ ရွေးကောက်ပွဲအချိန်က တိုင်းဒေသကြီးလွှတ်တော်၊ ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ဝင်ရောက်ယှဉ်ပြိုင်ပြီး အရွေးခံရခြင်းဖြစ်သည်။