သရက်ချောင်းရေတံခွန် ပြင်ဆင်

0
489

တနင်္သာရီတိုင်း လွှတ်တော်ရန်ပုံငွေ ကျပ်သိန်း ၅၀ ဖြင့် သရက်ချောင်းရေတံခွန်ကို မွမ်းမံပြင်ဆင်နေသည်ဟု သရက်ချောင်းမြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အထက်ပါရန်ပုံငွေဖြင့် ပေ ၆၀ အရှည် အကျယ် ၆ ပေရှိ ခုံးကျော်တံတားတစ်စင်းနှင့် အတက် အဆင်းလမ်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးမင်းက ပြောသည်။

“အတက်အဆင်းလမ်းတွေကတော့ မတိုင်းရသေးဘူး၊ ရေတံခွန်သာယာ လှပရေးအဖွဲ့တွေဖွဲ့ထားတယ်ဆိုတော့ အဲ့ဒါကနေ ရေတံခွန်သာယာလှပရေးနဲ့ စိမ်းလန်းစိုပြေရေးအတွက် လုပ်တာပေါ့” ဟု ဦးဇော်မျိုးမင်းက ဆိုသည်။

လက်ရှိတွင် ခုံးကျော်တံတားတစ်စင်းကို စတင်ဆောက်လုပ်နေသည်မှာ ၈၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ထားဝယ်ခရိုင်တွင် မိုးရာသီ၌ ရေတံခွန်များသို့လာရောက်လည်ပတ်သူများဖြင့် စည်ကားလေ့ရှိသည်။ ယင်းအနက် သရက်ချောင်းရေတံခွန်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

မိုးမြင့်