ကျွန်တော်တို့အားလုံးတွင် တာဝန်ရှိသည်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အယ်နီညိုဟု အခေါ်ရှိသည့် ပူပြင်းလွန်းလှသည့်  ရာသီဥတုကို အန်တုရင်း မိုးဥတု၏အစကို ၀င်ရောက်ခဲ့ပြီ။ အပူချိန်လွန်ကဲမှုကြောင့် လူအများအပြား သေဆုံးသည့် သတင်းများပင် သတင်းစာများမှ တစ်ဆင့်သိရသည်။ တောင့်တမိသောကြောင့်  ကိုယ်ထင် ပြတော့မည့် မိုးဦးမုတ်သုန်မိုးကလည်း...

မျှော်လင့်ခြင်း သူ့ဆီ

လစ်လပ်သွားသည့် ၀န်ကြီးချုပ်နေ ရာတွင် ယခင် သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးကို ခန့်အပ်ရန် သမ္မတရုံးမှ စာထွက်လာသောအခါ ၀န်ကြီးချုပ်အသစ်အပေါ် လူငယ်တစ်ဦး အနေဖြင့် မျှော်လင့်မိသည်များကို ပြော ချင်လာသည်။ ယင်းမျှော်လင့်ချက်များသည် ၀န်ကြီးဘ၀က ဆောင်ရွက်ခဲ့သော လုပ် ဆောင်ခဲ့သော လုပ်ဆောင်ချက်များအပေါ် များစွာ အခြေတည်သည်။

ကချင်ပြည်က မိုင်ဂျာယန်

ယူနန်ပြည်တောင်ပိုင်း နယ်စပ်ရှိ အဝေးပြေးလမ်းမတလျှောက် အရှိန်ပြင်း ပြင်းမောင်းနေသော ကားလေးပေါ် ကျွန်တော်သည် သူငယ်ချင်းနှစ်ဦးနှင့် အတူ။ မူဆယ်မှတစ်ဆင့် တရုတ်ပြည်သို့ ၀င်ကာ ကားငှားစီးခဲ့ခြင်း ဖြစ်သည်။ ယူနန်ပြည်၏ နယ်ပယ်စွန်ဖျား (မြန်မာနယ်စပ်)ပင် ဖြစ်လင့်ကစား လမ်း မများမှာ...

ပညာအမွေ ပေးကြရာဝယ်

အခုတစ်လော အချစ်နဲ့ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ်လောက် ရေးချင်စိတ်က အလွန်တရာ ပြင်းပြနေမိသည်။ သို့သော်လည်း အချစ်ရဲ့သိမ်မွေ့နက်နဲ မှုများက အဖြေရှာရ ခက်လွန်းနေသည်။ အချစ်ဝင်္ကဘာထဲမှာ တ၀ဲလည်လည် ဖြစ်နေသည်ကပင် ရက်အတော်ကြာ နေခဲ့ပေပြီ။ အချစ်နောက်ကို လိုက်နေရင်း  မထင်မှတ်သည့် စကားစုလေးတစ်ခုက လမ်းခုလတ်မှာ လာတိုးနေသည်။...

မျှော်လင့်သူများ အမှားမဖြစ်အောင်

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုဖြင့် အရေးယူ ပြီးနောက် တာဝန်က ရပ်စဲလိုက်သည်။ ယင်းနောက် ၀န်ကြီချုပ်သစ်အဖြစ် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီး ဦးမြင့်မောင်ကို ၀န်ကြီးချုပ်သစ်အဖြစ် ရွေးချယ်ခဲ့သည်။ ၃ နှစ်တာ အီလည်လည်ဖြင့် မကျေမနပ်ဖြစ်နေကြသည့်...

ပုပ်တဲ့သစ်သီး ကြွေတဲ့အထိ စောင့်မှာလား

အခုတလော တိုင်းဝန်ကြီးချုပ်ကို အဂတိအမှုဖြင့် အရေးယူလိုက်တဲ့ သတင်းကို နားမဆံ့အောင် ကြားနေရပါတယ်။ အဂတိတရားကို မုန်းတီးတဲ့သူတစ် ယောက်အနေနဲ့ ဖြစ်သင့်တယ်လို့ မြင်မိ သော်ငြား လက်သန်း မင်အစွန်းခံတာ ထက်ပိုပြီး ပုံအောချစ်ခဲ့တဲ့ ပါတီတစ်ခုရဲ့ အစိုးရတစ်ရပ်အတွက် စိတ်ထဲ မကောင်း လှပါ။

အပြောလွယ် အကျင့်ခက်

ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ကို အရေးယူခံလိုက်ရချိန်တွင် ပြောကြဆိုကြသည့် အချက်များစွာအနက် တချို့မှာ အဂတိလိုက်စားသည့် ၀န်ထမ်းများကို ခွင့်လွတ်မည်မဟုတ်ဟု ပြောခဲ့သည့် စကားရပ် ဖြစ်သည်။ လက်ရှိတွင် ထိုသို့ ပြောဆိုခဲ့သူကိုယ်တိုင် အဂတိအမှုဖြင့် အရေးယူ ခံထားရပြီ ဖြစ်သည်။

ဝန်ကြီးချုပ်အသစ်ကိစ္စ ပြည်သူ့အသံ

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် တာဝန်မှ ရပ်စဲခံရပြီးနောက် ခေတ္တ၀န်ကြီးချုပ်အဖြစ် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က တာဝန်ယူထားသည်။ တနင်္သာရီတိုင်းဝန်ကြီးချုပ်အသစ်ကို ယခုအပတ်အတွင်း ခန့်အပ်ဖွယ်ရှိ နေသည်။ ၀န်ကြီးချုပ်အသစ်ဖြစ်လာမည့်သူအပေါ် တနင်္သာရီတိုင်းသူ၊ တိုင်းသား တို့၏မျှော်လင့်ချက်နှင့် ၀န်ကြီးချုပ် ဖြစ်လာဖွယ်ရှိသူ ဦးမြင့်မောင်အပေါ် အမြင်တို့ကို တနင်္သာရီအပတ်စဉ်မှ စုစည်းဖော်ပြလိုက်ပါသည်။

ရွေးစရာက နည်း

မတ်လ ၁၁ ရက် ည ၈ အချိန် မြန်မာ့ရုပ်မြင်သံကြား သတင်းအစီအစဉ်က ကြေညာသံကို ထုံးစံတိုင်း အသံမြှင့် နားထောင်မိသည်။ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်ကြေညာစာ “တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် တာဝန်မှ ရပ်စဲခြင်း”တဲ့။ သတင်းအကြောင်းအရာနဲ့ ဖြစ်စဉ်က သိပြီးနေကြပြီးမို့ဆွေးနွေးငြင်းခုံ၊ ဝေဖန်ခြင်း မပြုလို။

ချစ်တယ်နော်၊ အလိုမလိုက်ဘူး

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် သည် တိုင်းသားတို့တစ်ခဲနက် ထောက်ခံခဲ့ဖူး၊ ချစ်ပြခဲ့ဖူးသူဖြစ်သည်။ သို့သော် အလိုမလိုက်ခဲ့။ လုပ်ရပ်အမှား များကို နိုင်သည့်အားဖြင့် ထောက်ပြကြ၊ ဖော်ထုတ်ခဲ့ကြသည်မှာ တိုင်းသိပြည်သိ။ မတ်လ ၁၀ ရက်တွင် ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို အဂတိအမှုဖြင့် ထိန်းသိမ်းလိုက်သည်။ မတ်လ ၁၁...