ကံပေါက်တွင် ဥဩစာစဉ်နှင့် အပြိုင် တပ်ကောင်စီလက်ကမ်းစာစောင်ဝေ

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသဘက်ရှိ ကျေးရွာအချို့ကို တပ်ကောင်စီလက်ကမ်းစာစောင်နှင့် ဒီမိုကရေစီရရှိရေး ဆန္ဒထုတ်ဖော်နေသည့် လူငယ်များဖြန့်ချိသည့် ဥဩစာစဉ်တို့ အပြိုင်ဖြန့်ချိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ တပ်ကောင်စီ၏လက်ကမ်းစာစောင်များကို ဧပြီလ ၂၀ ရက်တွင်စတင်ဖြန့်ချိနေပြီး ဥဩစာစဉ်မှာ ဧပြီလ ၂၁...

လောင်းလုံးတောင်ပိုင်း ကျေးရွာ သပိတ်စစ်ကြောင်း သေနတ်ပစ်ဖောက်လူစုခွဲခံရ

လောင်းလုံးမြို့တောင်ဘက်ကျေးရွာများစုပေါင်းထားသည့် ပူးပေါင်းသပိတ်စစ်ကြောင်းသည် သကျက်တောနယ်မြေရဲစခန်း အနီးတွင် သေနတ်ဖောက် လူစုခွဲခံရကြောင်း ဆန္ဒပြစစ်ကြောင်းတွင် ပါဝင်သူနှင့် ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါ သပိတ်စစ်ကြောင်းသည် ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းက သကျက်တောရွာတွင် သေနတ်ပစ်ဖောက် လူစုခွဲခံရကြောင်း...

ယာဉ်မောင်းလိုင်စင် အသစ်နှင့် သက်တမ်းတိုး မလုပ်နိုင်သေး

ယာဉ်မောင်းလိုင်စင် အသစ်နှင့် သက်တမ်းတိုးခြင်းကို မလုပ်ဆောင်နိုင်သေးကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ မတ်လနောက်ဆုံးအပတ်မှ စတင်ကာ ဆိုင်ကယ်နှင့် အိမ်စီးကား သက်တမ်းတိုးလုပ်ငန်းကိုသာ လုပ်ဆောင်ပေးနေကြောင်း အထက်ပါဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။

လောင်းလုံးထွေအုပ်ရုံးအတွင်းမှ စားသုံးဆီပုံးများ အပြင်သယ်ထုတ်

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးအတွင်း သိုလှောင်ထားသည့် စားသုံးဆီပုံးများကို ဧပြီးလ ၂၃ ရက်နေ့တွင် အပြင်သို့သယ်ထုတ်နေကြောင်း မြို့ခံအချို့ကပြောသည်။ ကိုဗစ်ကာလအတွင်း စားသုံးဆီမပြတ်စေရေးနှင့် အခြေခံလူတန်းစားများအား ထောက်ပံ့ရေးအတွက် ငါးဂါလံဝင်ဆံ့ စားဆီပုံးထောင်ချီ ကို တနင်္သာရီတိုင်းဝန်ကြီးချုပ်...

အဖမ်းခံရသည့် ဒက္ခိဏသတင်းဌာန သတင်းထောက်နှင့် အဆက်အသွယ်မရသေး ဟုဆို

ထားဝယ်အခြေစိုက် ဒက္ခိဏ(Dakkhina Insight) သတင်းဌာနမှ သတင်းထောက်တစ်ဦး ဧပြီလ ၂၁ ရက် နံနက်ပိုင်းက အဖမ်းခံရပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးကြောင်း ယင်းသတင်းဌာန တာဝန်ခံအယ်ဒီတာက ပြောကြားသည်။ အဆိုပါသတင်းဌာနမှ သတင်းထောက်ဖြစ်သူ ကိုနိုင်လင်းထွန်းမှာ ဘုမ္မော်ရပ်ကွက်တွင်...

ထားဝယ်သပိတ်အဖွဲ့ဝင် ကိုကျော်ထွေးအမှု ဧပြီ ၂၇ ပြန်ချိန်း

ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည့် ထားဝယ်သပိတ်အဖွဲ့ဝင် ကိုကျော်ထွေးအမှုအား ဧပြီလ ၂၇ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။ ကိုကျော်ထွေးမှာ မတ်လ ၁၀ ရက်နေ့က ထားဝယ်မြို့သစ် ၄...
Dawei Watch, Dawei News, Dawei News Media

သပိတ်ဦးဆောင်သူ အပါအဝင် ဖမ်းဆီးခံရသူဆယ်ဦးအမှု ခြောက်လအပြီးစစ်ဆေးမည်

ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်တွင် သပိတ်ခေါင်းဆောင်အပါအဝင် ဆယ်ဦးအဖမ်းခံရသည့်ဖြစ်စဉ်တွင် အမှုတွဲသုံးခုခွဲကာ သီးခြားစီ အမှုဖွင့်ထားပြီး အမှုအားခြောက်လအပြီးစစ်ဆေးရန် ဆုံးဖြတ်ထားကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ပြောသည်။ ၎င်းတို့ကို မတ်လ ၁၈ ရက်နေ့လယ်ပိုင်းက ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင်...

တနင်္သာရီတိုင်းအတွင်းရှိ ဆေးရုံသုံးပုံတစ်ပုံ မဖွင့်နိုင်သေး

တနင်္သာရီတိုင်းအတွင်းရှိ ဆေးရုံအားလုံး၏ သုံးပုံတစ်ပုံ မဖွင့်နိုင်သေးကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနထံမှ သိရသည်။ တပ်အာဏာသိမ်းပြီးချိန်မှစ၍ ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းအများစုက အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည်။

ထားဝယ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရ၊ အဖမ်းခံရသူ ၅ ဦးရှိဟုဆို

အင်ဂျင်နီယာ၊ နည်းပညာကျောင်းသား၊ ဆရာ၊ ဆရာမများ၊ ထားဝယ်မြို့ခံများနှင့် NLD လူငယ်များ၊ ကျောင်းသားသမဂ္ဂများပါဝင်သော စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသည့် ထားဝယ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံခဲ့ရပြီး လူ ၅ ဦးခန့် အဖမ်းခံလိုက်ရသည်။ ဧပြီလ ၂၁ ရက် နံနက်...

လောင်းလုံးစစ်ကြောင်းကို ရဲတပ်ဖွဲ့ ဖြိုခွင်းရန် ကြိုးစား

ထားဝယ်ဒေသရှိ လောင်းလုံးမြို့ပင်မသပိတ်စစ်ကြောင်းအား ဒီကနေ့မနက်ပိုင်းက လောင်းလုံး မြို့မ ဈေးအနီးတွင် ရဲတပ်ဖွဲ့က ဖြိုခွဲဖို့ကြိုးစားခဲ့သည်။ ဧပြီလ ၂၁ ရက်နေ့ နံနက် ကိုးနာရီဝန်းကျင်တွင် ရဲတပ်ဖွဲက သပိတ်စစ်ကြောင်း နောက်မှ လိုက်ကာ ဖြိုခွဲရန် ကြိုးစားခဲ့ခြင်း...