ကံပေါက်တွင် ဥဩစာစဉ်နှင့် အပြိုင် တပ်ကောင်စီလက်ကမ်းစာစောင်ဝေ

0
169

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသဘက်ရှိ ကျေးရွာအချို့ကို တပ်ကောင်စီလက်ကမ်းစာစောင်နှင့် ဒီမိုကရေစီရရှိရေး ဆန္ဒထုတ်ဖော်နေသည့် လူငယ်များဖြန့်ချိသည့် ဥဩစာစဉ်တို့ အပြိုင်ဖြန့်ချိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

တပ်ကောင်စီ၏လက်ကမ်းစာစောင်များကို ဧပြီလ ၂၀ ရက်တွင်စတင်ဖြန့်ချိနေပြီး ဥဩစာစဉ်မှာ ဧပြီလ ၂၁ ရက်တွင် စတင်ဖြန့်ချိခြင်းဖြစ်ကြောင်း ကံပေါက်ဒေသခံတို့က ပြောသည်။

တပ်ကောင်စီ ဖြန့် လက်ကမ်းစာစဉ်၊ ဓာတ်ပုံ- CJ

တပ်ကောင်စီ လက်ကမ်းစာစောင်အား လူစည်ကားသည့်နေရာများသို့ စစ်ကားများဖြင့် လက်ကမ်းစာစောင်များ အထုတ်လိုက်ချထားခြင်း၊ ကြဲခြင်း စသည့် နည်းလမ်းတို့ဖြင့် ဖြန့်ချိပြီး ဥဩစာစဉ်ကိုမူ လူငယ်တို့ကလိုက်လံဝေငှနေသည်ကို တွေ့ရကြောင်း ဒေသခံတစ်ဦးကဆိုသည်။

မိုဘိုင်းအင်တာနက်များ ဖြတ်တောက်ခံရခြင်း၊ သတင်းထောက်များဖမ်းဆီး ဖိနှိပ်ခံ‌နေရသည့် အခြေအနေတွင် ပြည်သူများ သတင်းအချက်အလက်အမှန်များသိရှိရန် ခက်ခဲလျက်ရှိသည်။