Dawei Watch, Dawei News, Dawei News Media

ရနောင်းဘက်မှ စားအုန်းဆီ တင်သွင်းခွင့်မရပါက ကော့သောင်းဆီကုန်သည်အသင်း ဖျက်မည်ဟုဆို

နောက်တစ်လကြာသည်အထိ ထိုင်းနိုင်ငံ၊ ရနောင်းမြို့ဘက်မှ ကော့သောင်းမြို့ဘက်သို့ စာအုန်းဆီတင်သွင်းခွင့်မရသေးပါက ကော့သောင်းမြို့ ဆီကုန်သည်ကြီးများအသင်းကို ဖျက်ပစ်တော့မည်ဖြစ်ကြောင်း ယင်းအသင်းဥက္ကဋ္ဌက ပြောဆိုလိုက်သည်။ ကော့သောင်းမြို့ ဆီကုန်သည်ကြီးများအသင်းသည် မလေးရှားနိုင်ငံမှ ထုတ်လုပ်သည့် စားအုန်းဆီကို ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း တင်သွင်းဖြန့်ဖြူးရောင်းချနေခြင်း ဖြစ်သည်။
ပဲ့စင်ကျွန်း

ကိုဗစ်ကန့်သတ်ချက်ကို စိန်ခေါ်နေသည့် ပဲ့စင်ကျွန်းခရီးစဉ်

အစိုးရက တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျွန်းလည်ပတ်မှုခရီးစဉ်ကို တားမြစ်ထားသော်လည်း ထားဝယ် ဒေသရှိ ပဲ့စင်ကျွန်းခရီးစဉ်များကို Facebook စာမျက်နှာပေါ်တွင် ပေါ်ပေါ်တင်တင် ရောင်းချခြင်းဖြင့် အစိုးရ ကန့်သတ်မှုများကို စိန်ခေါ်နေသည်။ ကိုဗစ်ကပ်ဘေးကာလတွင် တနင်္သာရီ တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက...

နှစ်ပတ်အတွင်း ရွှေတစ်ကျပ်သား သုံးသိန်းကျော်ဈေးကျ၊ ထားဝယ်ဈေးကွက် အရောင်းအဝယ်ပါး

အချိန်နှစ်ပတ်ခန့်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်သုံးသိန်းကျော် ဈေးကျသွားသော်လည်း ထားဝယ်ဈေးကွက်တွင် အရောင်းအဝယ်ပါးနေဆဲဖြစ်ကြောင်း ရွှေဆိုင်အချို့ထံမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်နှစ်သိန်းကျော်အထိ ဈေးတက်ခဲ့သော်လည်း လက်ရှိတွင် တစ်ဆယ့်ရှစ်သိန်းရှစ်သောင်းဝန်းကျင်သာ ဈေးရှိခဲ့သည်။
တရားမဝင်ရော်ဘာတင်လှေအား ထိုင်းရေတပ်မတော်မှ ဖမ်းဆီး

တရားမဝင်ရော်ဘာတင်လှေအား ထိုင်းရေတပ်မတော်မှ ဖမ်းဆီး

ကော့သောင်း-ရနောင်းနယ်စပ် ပါချန်မြစ်အတွင်း ဇန်နဝါရီလ ၁၇ ရက်က မြန်မာဘက်မှ ထိုင်းဘက်သို့ ရောက်ရှိလာသော တရားမဝင် ရော်ဘာတင်လှေအား ထိုင်း‌ရေတပ်မတော်မှ ဖမ်းဆီးခဲ့ကြောင်း မြိတ်-ပရာကျွတ် မောင်နှမမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ ကော့သောင်းဘက်မှ စက်လှေနှစ်စီးသည်...
Dawei Watch, Dawei News, Dawei News Media

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင် မြန်မာရွှေ့ပြောင်းလုပ်သားရာချီ အလိမ်ခံရ

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင် ထိုင်းနိုင်ငံ၊ ကော့စမွေကျွန်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားရာချီ အလိမ်ခံနေရကြောင်း ထားဝယ်ဒေသခံ ရွှေ့ပြောင်းလုပ်သားအချို့ထံမှ သိရသည်။ အဆိုပါကျွန်းပေါ်ရှိ ထိုင်းပွဲစား ကုမ္ပဏီတစ်ခုက မြန်မာရွှေ့ပြောင်းလုပ်သားများထံမှ ငွေကြေးနှင့် နိုင်ငံကူး လက်မှတ်၊ အလုပ်လုပ်ခွင့်ပါမစ် အစရှိသည့် အထောက်အထားများကို ၂၀၂၀...
ရန်ကုန်သောင်တင်သူ ၁၇၁ ဦးကို ပထမသုတ် စခေါ်

ရန်ကုန်ပိတ်မိသူများ ဒုတိယအကြိမ် ပြန်ခေါ်မည်

ကိုဗစ်ကပ်ဘေးကြောင့် ရန်ကုန်မြို့တွင် ပိတ်မိနေသူများကို ဒုတိယအကြိမ် ပြန်ခေါ်ရန် စီစဉ်နေပြီဖြစ်ကြောင်း ကိုဗစ် ထိန်းချုပ်ကာကွယ်ရေး ထားဝယ်ဒေသ လူထုအခြေပြု အထောက်အကူပြု အဖွဲ့ ထံမှ သိရသည်။ ပိတ်မိနေသူများတွင် နေရပ်ပြန် ရန်စာရင်းပေးထားသူဦးရေ ၃၀ဝ ဦး...

မြိတ်-တနင်္သာရီလမ်းပေါ် စစ်ကောင်စီကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားသုံးစီးဖြင့် သွားလာစဉ် ယနေ့ (မတ် ၂၅) ညနေ့ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ယင်းအနီးဝန်းကျင်က ဒေသခံများထံမှ သိရသည်။ တနင်္သာရီမြို့နယ်၊ မော်တုံးကျေးရွာအုပ်စု၊ ကဒဲလိပ်ရွာနှင့် မိုင်ဝက်ခန့်အကွာတွင် ယနေ့ ညနေ...

သတ္တုတွင်းဒုညွှန်၏ ဇနီးအား တရားစွဲတင်

တပ်အာဏာသိမ်းမှုကို ဝေဖန်သည့်စာအား လူမှုကွန်ရက်ပေါ်မျှဝေခဲ့သည့် တနင်္သာရီတိုင်း သတ္တုတွင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၏ ဇနီးဖြစ်သူအား မတ်လ ၁၀ ရက်နေ့က တရားစွဲတင်ခဲ့ကြောင်း သိရသည်။ အာဏာသိမ်းမှုကို ဖေ့ဘုတ်ပေါ်ဝေဖန်ရေးသားခဲ့သည့် ဒေါ်မို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ-၅၀၅(က)ဖြင့် မတ်လ ၁၀...
Dawei Watch, Dawei News, Dawei News Media

ထားဝယ်-ရေချိုချောင်းရွာတွင် သံဃာနှစ်ပါးနှင့် လူနှစ်ဦးအဖမ်းခံရ

သရက်ချောင်းမြို့နယ်၊ ရေချိုချောင်းကျေးရွာမှ ဖမ်းဆီးသွားသည့် ဆရာတော်နှစ်ပါးနှင့် အမျိုးသားနှစ်ဦး ယနေ့အချိန်ထိ ပြန်မလွတ်သေးကြောင်း သိရသည်။ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ရေချိုချောင်းကျေးရွာတွင် သံဃာတော်နှစ်ပါးနှင့် ရွာသားနှစ်ဦးကို မတ်လ ၂၆ ရက် မနက်က ဖမ်းဆီးသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

မြေဖို့ထားခြင်းကို ဖယ်ရှားရန်အမိန့်ထုတ်ထားသည့် လယ်ကွက်ပေါ်တွင် ငှက်ပျောပင်စိုက်

လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာရှိ လယ်ယာမြေပေါ်တွင် မြေဖို့ထားသည့်အတွက် ၇ ရက်အတွင်း ဖယ်ရှားရန် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အမိန့်ထုတ်ထားသည့်လယ်မြေပေါ်တွင် ငှက်ပျောပင်များ စိုက်ပျိုးထားသည်။ လယ်ကွက်ပေါ်ဖို့ထားသည့် မြေကို ၇ ရက်အတွင်း ဖယ်ရှား၍ မူလပုံစံအတိုင်းပြန်လုပ်ရန် အထက်ပါအဖွဲ့က ယခုနှစ်...