ရန်ကုန်ပိတ်မိသူများ ဒုတိယအကြိမ် ပြန်ခေါ်မည်

0
168
ရန်ကုန်သောင်တင်သူ ၁၇၁ ဦးကို ပထမသုတ် စခေါ်

ကိုဗစ်ကပ်ဘေးကြောင့် ရန်ကုန်မြို့တွင် ပိတ်မိနေသူများကို ဒုတိယအကြိမ် ပြန်ခေါ်ရန် စီစဉ်နေပြီဖြစ်ကြောင်း ကိုဗစ် ထိန်းချုပ်ကာကွယ်ရေး ထားဝယ်ဒေသ လူထုအခြေပြု အထောက်အကူပြု အဖွဲ့ ထံမှ သိရသည်။

ပိတ်မိနေသူများတွင် နေရပ်ပြန် ရန်စာရင်းပေးထားသူဦးရေ ၃၀ဝ ဦး ကျော်ရှိသည့်အနက် ၁၅၄ ဦးကို ယခုလ ၁၆ ရက်နေ့တွင် ပြန်ခေါ်နိုင်ရန် စီစဉ်ထားကြောင်း အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ဆို သည်။

ယင်းကဲ့သို့ခေါ်ယူရာတွင် မှန်လုံ ကားတစ်စီးလျှင် ၂၂ ဦးနှုန်းဖြင့် စီးနင်း လိုက်ပါစေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိလိုက်ပါမည့်သူအားလုံးမှာ ထားဝယ်ခရိုင်မှဖြစ်ပြီး မြိတ်ခရိုင်နေသူ များကိုမူ မြိတ်ကိုဗစ်ကော်မတီ၏ အစီအစဉ်ဖြင့် ပြန်ခေါ်ရန်ရှိကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။

ရန်ကုန်တွင် လူစုလူဝေးဖြစ်မည်စိုးသဖြင့် ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်ကို အသုတ်လိုက်ခွဲကာ ခေါ်ယူခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“အရင်တစ်ခေါက်တုန်းက အလှူရှင်ပေါ်တော့ စရိတ်ငြိမ်းဖြစ်သွားတာပေါ့။ အခုတော့ အလှူရှင်တော့ မပေါ်သေးဘူးပေါ့” ဟု ဦးကျော်ကျော်ဦးက ပြောသည်။

ရန်ကုန်တွင် သောင်တင်နေသူများကို ပထမသုတ်အဖြစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ၁၇၁ ဦးကိုခေါ်ယူခဲ့ပြီးဖြစ်သည်။

ရန်ကုန်သောင်တင်သူ ၁၇၁ ဦးကို ပထမသုတ် စခေါ်

အလှူရှင်မရှိပါက ကားခအဖြစ် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းခွဲကျသင့် မည်ဖြစ်ပြီး ကွာရန်တင်းစခန်းတွင် နေထိုင်ချိန်တွင် အခငွေကြေး မသတ်မှတ် ထားသော်လည်း ငွေကြေးတတ်နိုင်သူများ၏ လှူဒါန်းမှုကို လက်ခံမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပထအသုတ်ခေါ်ယူစဉ်က ၁၁ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ထားဝယ် ဒေသလူထုအခြေပြု အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။