ဓာတ်ပုံကို ခွင့်မတောင်းဘဲ ယူသုံးမှု ကျန်းမာရေးဌာန တောင်းပန်ပေးရန် ကျောင်းသားသမဂ္ဂတောင်းဆို

0
181
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ရောဂါကူးစက်မူ မပြန့်ပွားစဉ်က ကျင်းပခဲ့သည့် ကျောင်းတွင်း သင်္ကြန်ပွဲတွင် ရိုက်ကူးထားသည့် လူစု၊ လူဝေးဓာတ်ပုံကို ခွင့်မတောင်းဘဲ ယူသုံးထားသော တိုင်းကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြန်တောင်းပန်ရန်နှင့် အဆိုပါ ဓာတ်ပုံပါဝင်သော ဗီနိုင်းပုံအား သုံးရက်အတွင်း ဖြုတ်ချပေးရန် ထားဝယ် ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်တောင်းဆိုလိုက် သည်။

ဒီဇင်ဘာလ ၁၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသော ထုတ်ပြန်ချက်တွင် ယင်းကဲ့သို့ တောင်းဆိုထားခြင်းဖြစ်သည်။

တနင်္သာရီတိုင်း ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေး ဦးစီးဌာနတို့ ကိုဗစ်ကာလ ကျန်းမာရေး အသိပညာ ပေးဗီနိုင်းတွင် “လူစု၊ လူဝေးကို ရှောင်ရှားပေး” ဆိုသည့် စာဖြင့် ပူတွဲရေးသားဖော် ပြထားသောဓာတ်ပုံသည် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ င်္ခေနဘသသု ဏေါန တွင် တင်ထားသော ပုံဖြစ်သည်။

တောင်သူများအတွက် ကိုဗစ်အထူးချေးငွေ ကျပ်သန်း ၅၀ဝ ကျော်ပြန်အပ်

ကျန်းမာရေး အသိပညာပေးခြင်းကို လက်ခံသော်လည်း ဓာတ်ပုံအား ခွင့် ပြုချက် မတောင်းခံဘဲအသုံးပြုခြင်းသည် တက္ကသိုလ်နှင့် တက္ကသိုလ်ကျောင်းသားထုအား စော်ကားခြင်း၊ လူ့ကျင့်ဝတ်ကို မစောင့်ထိန်းခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ယင်းပုံထဲတွင် လက်ရှိ တက္ကသိုလ် တက်နေဆဲ ကျောင်းသူများပါဝင်နေ သဖြင့် ယင်းကျောင်းသူများ၏ ကိုယ်ရေး ကိုယ်တာကိစ္စထိခိုက် နစ်နာမူရှိကြောင်း ထားဝယ်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုအောင်ဆင့်ကိုကိုက ပြောသည်။

“(ဓာတ်ပုံ) ယူသုံးထားတဲ့အရာသည် ကောင်းတဲ့အရာဘက်ခြမ်းကနေမဟုတ်ဘဲနဲ့ Negative View (မကောင်းတဲ့အမြင်) ကနေ သုံးထားတာဖြစ်တယ်။ သုံးထားတဲ့ပုံစံက လူစု၊ လူဝေးလို့ပြော ပြီးတော့ တက္ကသိုလ်တစ်ခုရဲ့ Image
(ပြယုဂ်) တစ်ခုကို လာယူဆောင်သွားတာသည် တော်တော်လေးကို အဆင်မပြေတဲ့ကိစ္စလို့ ပြောလို့ရတယ်” ဟု ကိုအောင်ဆင့်ကိုကိုက ဆိုသည်။

ကျောင်းသင်္ကြန်ပွဲ ကျင်းပချိန်သည် ကိုဗစ်ကာလ မဟုတ်သည့်အပြင် အခြားနေရာများတွင်လည်း လူစု၊ လူဝေးများလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်းမာရေးဌာန အသိပညာပေး ဗီနိုင်းပုံကို ထားဝယ်မြို့နယ် စည်ပင် သာယာရေးရုံးအရှေ့၊ ထားဝယ်ဆေးရုံကြီး အဝင်ပေါက်နားတို့တွင် ကပ်ထားသည်ကို တွေ့ခဲ့ရသော်လည်း ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းတွင်မူ အခြားပိုစတာဖြင့် အစားထိုးထားသည်ကို တွေ့ရှိရသည်။

ကျောင်းသားများ သမဂ္ဂဘက်က တောင်းဆိုထားသည့် တောင်းပန်ရန်ကိစ္စအတွက် တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူးထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်တုံ့ပြန်ခြင်းမရှိပေ။

သမဂ္ဂဘက်ကမူ ထုတ်ပြန်ချက် ထုတ်ပြန်ပြီး သုံးရက်ကြာသည်အထိ အထက်ပါတောင်းဆိုချက်နှစ်ချက်ကို လုပ်ဆောင်ပေးခြင်းမရှိပါက အလုပ်အမူဆောင်အဖွဲ့နှင့် တိုင်ပင်ကာ လိုအပ်သလို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကိုအောင်ဆင့်ကိုကိုက ပြောသည်။

ကျော်သူစိုး