တနင်္သာရီတွင် စစ်ဘေးရှောင် နှစ်ထောင်ကျော် စားနပ်ရိက္ခာလိုအပ်

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာနှင့် လယ်သစ်ကျေးရွာတို့မှ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် နှစ်ထောင်ကျော် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များနှင့် အကူအညီပေးနေသူများ ထံမှသိရသည်။ လယ်သစ်ကျေးရွာနှင့် ပဝကျေးရွာတို့တွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစပြီး တိုက်ပွဲများဖြစ်ပေါ် နေသည့်အတွက် ရွာသားများ...

ပဝကျေးရွာတွင် ရွာသားသုံးဦး ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး

တနင်္သာရီမြို့နယ် ပဝကျေးရွာတွင် ရွာသားသုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးသွားသည်ကို ယနေ့ (ဖေဖော်ဝါရီ ၁၉) နံနက်ပိုင်းက တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသွားသူနှစ်ဦးမှာ အသက် ၄၀ ဝန်းကျင်ရှိသည့် ဦးလှတင်နှင့် ဦးမျိုးအောင်တို့ဖြစ်ကြပြီး...
ရော်ဘာမှသည် အခြားဆီသို့

မြိတ်ရော်ဘာဈေး တစ်ပိဿာလျှင် လေး‌ထောင်ကျပ်နီးပါးအထိ ဈေးရ

မြိတ်မြို့ ရော်ဘာဈေးကွက်အတွင်း တစ်ပိဿာလျှင် ရာသီအဖွင့်ဈေး ကျပ် ၃၅၀၀ ဈေးရှိရာမှ လက်ရှိတွင် လေး‌ထောင်ကျပ်နီးပါးအထိ ဈေးရနေကြောင်း ရော်ဘာခြံလုပ်လုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။ ရော်ဘာဈေးနှုန်းတို့မှာ ရာသီအဖွင့် စက်တင်ဘာလအတွင်းက ရော်ဘာမှိုင်းခံအဆင့် (၃) ၊ နေလှန်းပြား...

တနင်္သာရီ ပဝကျေးရွာအနီး တိုက်ပွဲဖြစ်၊ ရွာသားများ ထွက်ပြေးနေရ

တနင်္သာရီမြို့နယ် ပဝကျေးရွာအနီးတွင် ယနေ့ တိုက်ပွဲဖြစ်ပွားနေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများထံမှ သိရသည်။ ပဝကျေးရွာအုပ်စု၊ သက်ကယ်ဂျွန်ကျေးရွာ အနောက်ဖက်တွင် ယနေ့ (ဖေဖော်ဝါရီ ၁၇) နံနက် ၆ နာရီခန့်မှ စတင်ကာ...

ကားစီးခရီးသည်များ ကိုဗစ်ကာကွယ်ဆေးထိုးပြီး လက်မှတ်ပြရမည်၊ မပြနိုင်လျှင် ကိုဗစ်စစ်ခံရမည်

မြိတ်မြို့သို့ ခရီးသည်တင်ယာဉ်များဖြင့် ဝင်ထွက် သွားလာမည့် ခရီးသည်များ ကိုဗစ်ဆေးထိုးပြီး လက်မှတ် ပြသနိုင်ရမည်ဖြစ်ပြီး မပြသနိုင်လျှင် ကိုဗစ် ရှိမရှိ စစ်ဆေးခံရမည်ဖြစ်ကြောင်း မြိတ်ခရိုင် ပုဂ္ဂလိက မော်တော်ယာဉ် ထိန်းသိမ်းရေးကော်မတီထံမှ သိရသည်။ ယင်းအပြင် မြိတ်မြို့မှ...

မြိတ်တွင် ရွှေတစ်ကျပ်သား ကျပ်သုံးသောင်းကျော် မြင့်တက်

မြိတ်မြို့တွင် ရွှေတစ်ကျပ်သားလျှင် ယခင်လ ဈေးနှုန်းထက် ကျပ် သုံးသောင်းလေးထောင် ဈေးနှုန်း မြင့်တက်သွားကြောင်း လက်ဝတ်ရတနာ အရောင်းဆိုင်အသိုင်းအဝိုင်းထံမှ သိရသည်။ ဇန်နဝါရီလ နောက်ဆုံးအပတ်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၈ သိန်းကျော် (၁,၈၇၀,၀၀၀ ကျပ်)...

မြိတ်တွင် လူ ၁၂၀ ကျော် ကိုဗစ်ပိုးတွေ့

မြိတ်မြို့တွင် တစ်ရက်တည်း ကိုဗစ်ပိုးတွေ့သူ ၁၂၀ ကျော် ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်မာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ တိုင်းကျန်းမာရေးဦးစီးဌာနက ဖေဖော်ဝါရီလ ၁၂ ရက်နေ့အတွက် မြို့နယ်အလိုက် ကိုဗစ် ပိုးတွေ့/သေဆုံး လူနာစာရင်းကို ထုတ်ပြန်ရာတွင်...

ကမ်းဝေးငါးဖမ်းလှေ လေးရာကျော်ကို ငါးဖမ်းခွင့် တစ်လထပ်တိုးပေးရန် တောင်းဆို

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေ လေးပုံတစ်ပုံနီးပါးဖြစ်သည့် လှေလေးရာကျော်ကို ငါးဖမ်းကာလ တစ်လ ထပ်တိုးပေးရန် တောင်းဆိုထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။ တိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ကျော်ရှိသည့်အနက် ကင်းမွန်မီးထွန်းလှေ အပါအဝင် လှေအစီးရေ...

မြိတ်တွင် လူ‌ ၄၀ ကျော် ကိုဗစ်ပိုးတွေ့

မြိတ်မြို့ စန္ဒဝတ်ကျေးရွာရှိ သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာ၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က လူ ၄၂ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ကိုဗစ်လူနာများ သယ်ယူပို့ဆောင်ရေး ကူညီဆောင်ရွက်နေကြသည့် နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ ပုသိမ်မြို့ သဲအင်းဂူ ဝိပဿနာ...

ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးသော်လည်း လေကြောင်းဖြင့်လာလျှင် ၇၂ နာရီအတွင်း ကိုဗစ်စစ်ထားသည့် လက်မှတ်ပြရမည်

တနင်္သာရီတိုင်းအတွင်းသို့ လေကြောင်းခရီးဖြင့်လာပါက ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားသူများလည်း ၇၂ နာရီအတွင်း ကိုဗစ်ရောဂါ စစ်ဆေး အောင်မြင်ထားသည့် လက်မှတ် ပြရမည်ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီလ...