ကျွန်းစုတွင် တိုက်ပွဲ ဒုတိယအကြိမ်ထပ်ဖြစ်

အာဏာသိမ်းပြီးနောက် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ကျွန်းစုမြို့နယ်၊ သဇင်ကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာတွင် ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။

တိုက်ပွဲရက်ဆက်ဖြစ်လာပြီးနောက် ပုလောရွာအချို့ ဧည့်သည်လက်မခံရဲဖြစ်လာ

တိုက်ပွဲနေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည့် ပုလောမြို့နယ် ကျေးရွာအချို့တွင် ညအိပ်ဧည့်သည် လက်မခံရဲတော့သည့် အခြေအနေဖြစ်လာကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောမြို့နှင့် ပလမြို့နယ်ခွဲကြားရှိ ကျေးရွာများအနီးတစ်ဝိုက်တွင် နိုဝင်ဘာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုများ၊ မိုင်းဆွဲတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ဖြစ်ပေါ်လာနေပြီး ယင်းမြို့အနီးရှိ ကျေးရွာအချို့တွင် စစ်ကောင်စီက...

မြိတ်ခရိုင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံး

မြိတ်ခရိုင် ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် ယခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်နှစ်ဦး ကျဆုံးကြောင်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။ ပုလောမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်သည့် တောကြီးမြွှေဟောက် (King Cobra Force) အဖွဲ့က ရဲဘော် မိုက်သည်...

မြိတ်တွင် ကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဖမ်းမိဟုဆို

မြိတ်မြို့နယ်မှ အန်ဒမန်ပင်လယ်ပြင်သို့သယ်ဆောင်သွားမည့် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ မူးယစ်‌ဆေးဝါးများကို ဖမ်းမိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲသုံးချမှုထိန်းချုပ်ရေး ဗဟိုကော်မတီက နိုဝင်ဘာလ ၂၆ရက်က ထုတ်ပြန်သည်။ အလေးချိန် တစ်တန်ရှိသည့် အိုက်စ်အမျိုးအစား မူးယစ်ဆေးများကို ရှမ်းပြည်နယ်တောင်ပိုင်းမှ မြိတ်မြို့သို့သယ်ယူပြီး...

မြိတ်-တနင်္သာရီလမ်း ညဖက် မသွားလာကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းအား ည ၈ နာရီမှ နံနက် ၄ နာရီအထိ ယာဉ်များ မောင်းနှင်သွားလာခြင်း မပြုကြရန် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က နိုဝင်ဘာ ၂၆ရက် ထုတ်ပြန်သည်။ ယနေ့ နိုဝင်ဘာလ ၂၇ ရက်...

လယ်သစ်ကျေးရွာတွင် ၇ နာရီကျော်ကြာတိုက်ပွဲဖြစ်၊ လက်နက်ကြီး ပစ်ခတ်မှုများလည်းရှိ

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် ယနေ့နံနက်(နိုဝင်ဘာ ၂၆ ရက်) ၁၀ နာရီကျော်ဝန်းကျင်မှ စတင်ကာ ညနေ ၅ နာရီကျော်သည်အထိ တစ်နေကုန် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။ လယ်သစ်ကျေးရွာအနောက်ကမ်း၌ နေရာယူထားသည့် ပျူစောထီးအပါအဝင်...

တနင်္သာရီ၊လယ်သစ်တွင် စစ်ရေးတင်းမာနေ၍ တိုက်ပွဲပြင်းထန်လာမည်ကို ဒေသခံများစိုးရိမ်

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့ နံနက်က ပစ်ခတ်မှုဖြစ်ခဲ့ပြီး ယနေ့တွင် စစ်ရေးတင်းမာလျက်ရှိသဖြင့် တိုက်ပွဲပြင်းထန်လာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။ လယ်သစ်ကျေးရွာ အနောက်ကမ်းဖက်သို့ အလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် ပျူစောထီးအပါအဝင် စစ်ကောင်စီတပ်ကို...

ပုလောနှင့် ကျွန်းစုက ဒီရေတော ဧကလေးထောင်ကျော်ကို ကာကွယ်တောအဖြစ်သတ်မှတ်

မြိတ်ခရိုင် ကျွန်းစုနှင့် ပုလောမြို့နယ်တို့ရှိ ဒီရေတောဧရိယာ ၄၀၅၇ ဧက ကို ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ် လိုက်ကြောင်း သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ကျွန်းစုမြို့နယ်ရှိ အကျယ်အဝန်း ၃၃၄၀ ဧကရှိသော မအိုင်ကျွန်းဒီရေတောနှင့် ပုလောမြို့နယ်ရှိ...

တနင်္သာရီမြို့နယ် ချောင်းညီကိုရွာသွားတစ်ဦးကို ရှင်းလင်းခဲ့ဟု ပကဖထုတ်ပြန်

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ချောင်းညီကိုရွာနေ စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦးကို သုတ်သင်ရှင်းလင်း လိုက်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့နေ့လယ်ပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။ ချောင်းညီကိုရွာနေ စစ်ကောင်စီတပ် သတင်းပေးတစ်ဦးဖြစ်သူ ကိုမင်းဇော်အား ယနေ့နံနက် ၈ နာရီတွင် သွားရောက်ရှင်းလင်းခဲ့သည်ဟု တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်...

လယ်သစ်ရွာသို့ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအနီးသို့ ပျူစောထီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာနေသည့်အတွက် ဒေသခံရွာသားများ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း ဒေသခံများက ပြောသည်။ နိုဝင်ဘာလ ၂၃ ရက် နံနက်ကစပြီး လယ်သစ်ရွာဖက်သို့ စစ်ကြောင်းထိုးလာနေပြီး လက်ရှိအချိန်တွင် လယ်သစ်အရှေ့ကမ်းနှင့်...