တနင်္သာရီမြို့နယ် ချောင်းညီကိုရွာသွားတစ်ဦးကို ရှင်းလင်းခဲ့ဟု ပကဖထုတ်ပြန်

0
3564

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ချောင်းညီကိုရွာနေ စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦးကို သုတ်သင်ရှင်းလင်း လိုက်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့နေ့လယ်ပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။

ချောင်းညီကိုရွာနေ စစ်ကောင်စီတပ် သတင်းပေးတစ်ဦးဖြစ်သူ ကိုမင်းဇော်အား ယနေ့နံနက် ၈ နာရီတွင် သွားရောက်ရှင်းလင်းခဲ့သည်ဟု တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဦးမင်းဇော် အား စစ်ကောင်စီထံသို့ သတင်းမပေးရန် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့် သွားရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း နောက်ထပ်လိုက်နာခြင်း မရှိသူများကိုလည်း ထပ်မံရှင်းလင်းသွားမည်ဖြစ်ကာ အချိန်မနှောင်းခင် အမြန်ဆုံးနည်းဖြင့် အမြင်မှန်ရပြီး ပြည်သူနဲ့အတူ ရပ်ကြရန် တိုက်တွန်းကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်ပြီး ဒေသခံများအား မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိသေးပေ။