ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းထံမှ ဝယ်ထားသည့်မြေကွက်ရှိ နေအိမ်များဖယ်ရှားရန် စည်ပင်အမိန့်ထုတ်

မြိတ်မြို့၊ ဆိပ်ငယ် ရပ်ကွက်အုပ်ချုပ် ရေးဟောင်းထံမှ ဝယ်ယူထားသည့် မြေ ကွက်ပေါ်က နေအိမ်များအား ခုနစ်ရက် အတွင်း ဖယ်ရှားရန် မြို့နယ်စည်ပင်သာ ယာရေးကော်မတီက အမိန့်ထုတ်လိုက်သည်။ မြိတ်တောင်ကျေးရွာအုပ်စု အင်းလေး မြိုင် စက်မှုဇုန်အတွင်းရှိ ချမ်းမြေ့သာယာ ရပ်ကွက်ရှိ လမ်းမြေဟု သတ်မှတ်ထား သည့် နေရာတွင် ဆောက်လုပ်ထားသည့်...

မြိတ်တွင် စိတ်ကြွဆေးပြား တစ်သိန်းနီးပါး ဖမ်းမိ

မြိတ်မြို့၊ အထက်ရေပုန်းရပ် ဇင်ယော် မင်းရေခဲစက်လမ်းသွယ်တွင် ဇန်န၀ါရီလ ၁၁ ရက်က WY စိတ်ကြွဆေးပြား တစ်သိန်း နီးပါးဖမ်းမိခဲ့ကြောင်း မြို့မရဲစခန်းထံမှ သိရသည်။ WY စိတ်ကြွဆေးတစ်ချို့နဲ့အတူ ဖမ်းမိခဲ့ရသည့် အမျိုးသားတစ်ဦးက မူးယစ် ဆေးဝါးများ ၀ယ်ယူရန် ဦးသိန်းနိုင်မြင့် ဆိုသူနှင့် ဇင်ယော်မင်း ရေခဲစက်လမ်းသွယ် တွင်...

တနင်္သာရီမြို့  ရေဘေးလွတ်ရေး ကွင်းဆင်းတိုင်းတာရေးအဖွဲ့ မဖွဲ့သေး

တနင်္သာရီမြို့နှင့်ရေဘေးသင့်ကျေးရွာ များ အနာဂတ်တွင် ရေဘေးမှ လွတ်မြောက်နိုင်ရေး အစီအစဉ်များ ရေးဆွဲနိုင် ရန်အတွက် ကွင်းဆင်းတိုင်းတာရေးအဖွဲ့ကို မဖွဲ့ဖြစ်သေးကြောင်း တိုင်းဒေသကြီး လူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။ ကွင်းဆင်းတိုင်းတာရေးအဖွဲ့ကို ဖွဲ့စည်းမည်ဟု  တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ကျင်းပသော တိုင်းဒေသကြီးလွှတ်တော်...

မြိတ်မီတာခ တစ်ဆယ်ကျ

မြိတ်မြို့တွင် ဒီဇင်ဘာလအတွက် လျှပ်စစ်မီတာခ နှုန်းထားများမှာ တစ်ဆယ် ကျပ်သာလျော့နည်းခဲ့ကြောင်း ပုဂ်္ဂလိက မီးလင်းရေးလုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလတွင် တစ်ယူနစ် လျှင် ၄၉၅ ကျပ်မှ ဒီဇင်ဘာလအတွက် ၄၈၅ ကျပ် နှုန်းကောက်ခံခဲ့ခြင်း ဖြစ်သည်။   မြင့်မိုရ်(မြိတ်)

စင်ခွန်းနယ်စပ်တွင် မြန်မာ- ထိုင်း  ချစ်ကြည်ရေး ဆွမ်းဆန်စိမ်းလောင်းလှူ

၂၀၁၉ ခုနှစ် နှစ်သစ်ကူးနေ့ဖြစ်သည့် ဇန်န၀ါရီလ ၁ ရက်နေ့တွင်  ထိုင်း-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် သံဃာတော် အပါးရေ ၃၀၀ ပါးအား ဆွမ်းဆန်စိမ်းများ လောင်းလှူပွဲကို စင်ခွန်းနယ်စပ်ဂိတ်တွင် ပြုလုပ်ခဲ့သည်။ စင်ခွန်းနယ်စပ်ဂိတ်သည် တနင်္သာရီ မြို့နယ်၊ မောတောင်နယ်စပ်၏ ထိစပ်နေ သည့် ထိုင်းနိုင်ငံ နယ်စပ်ဖြစ်သည်။ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြန်မာနိုင်ငံဘက်မှ...

လယ်လုပ်ရန် မရည်ရွယ်ဘဲ ၀ယ်ထားသည့် မြေများကြောင့် စိုက်ပျိုးလယ်ဧက တစ်ရာကျော်ပျက်စီး

မြိတ်တောင်ကျေးရွာအုပ်စု တောထွင် ကြီးကျေးရွာတွင် လယ်လုပ်ရန် မရည်ရွယ်ဘဲ ဝယ်ထားကြသည့် လယ်မြေများကြောင့် ယခုနှစ် စပါးသိမ်းချိန်တွင် စိုက်ပျိုးထားသည့် လယ်ဧက တစ်ရာကျော် ပျက်စီးခဲ့ကြောင်း ယင်းကျေးရွာရှိ လယ်သမားအချို့ ထံမှ သိရသည်။ တောထွင်ကြီးကျေးရွာတွင် စီးပွားရးဇုန် တစ်ခုဆောက်မည်ဟူသည့် သတင်း ကြောင့် ကျေးရွာရှိ လယ်မြေအများစုကို မြိတ်မြို့ရှိ...

မြိတ်တွင် လွတ်လပ်ရေးနေ့ အလံလွှင့်ထူသူ မရှိသလောက် နည်းလာ

မြိတ်မြို့နယ်အတွင်း လွတ်လပ်ရေး နေ့ အထိမ်းအမှတ် အလံလွှင့်ထူသူ တစ် နှစ်ထက် တစ်နှစ် နည်းပါးလာရာ ယခုနှစ် တွင် မရှိသလောက် နည်းသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ဇန်န၀ါရီလ ၄ ရက်တွင် ကျရောက် သည့် ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံအား...

ခရီးသည်တင်ကားပေါ်တွင် တရားမ၀င် ငှက်သိုက် ရှစ်ပိဿာ ဖမ်းမိ

မြိတ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာ လာသည့် ခရီးသည်တင်ကားပေါ်တွင် တရားမ၀င်ငှက်သိုက် ရှစ်ပိဿာကို ဒီဇင်ဘာလ ၂၂ ရက်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ ခရီးသည်တင်မှန်လုံကားပေါ်တွင် တရားမ၀င်သစ်တောထွက်ပစ်္စည်းများ (ငှက်သိုက်)သယ်ဆောင်လာကြောင်း သတင်းအရ ပုလောမြို့ရှိ ကားဂိတ်တွင် စစ် ဆေးရာမှ ဖမ်းမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့...

ပထမဆုံးအကြိမ် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပမည်

တနင်္သာရီတိုင်းတွင် ပထမဆုံး အကြိမ် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပနိုင်ရန် စီစဉ်နေ ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ယင်းအားကစားပြိုင်ပွဲကို ထားဝယ်ခရိုင် တက္ကသိုလ်၊ ကောလိပ် လေးကျောင်း၊ မြိတ်ခရိုင် တက္ကသိုလ် သုံးကျောင်း အုပ်စုပတ်...

မြိတ်တွင် ယာဉ်တိုက်မှု ယခင်နှစ်ထက် လျော့နည်း

မြိတ်ခရိုင်တွင် ယမန်နှစ်ထက် ယခုနှစ်ယာဉ်တိုက်မှု လျော့နည်းခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။ မြိတ်မြို့ ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမတွင် ဒီဇင်ဘာလ ၂၇ ရက်က ပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် အစိုးရဌာနများ၊ ရပ်/ကျေး အုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြိတ်တွင်...