မြိတ်တွင် စိတ်ကြွဆေးပြား တစ်သိန်းနီးပါး ဖမ်းမိ

0
560

မြိတ်မြို့၊ အထက်ရေပုန်းရပ် ဇင်ယော် မင်းရေခဲစက်လမ်းသွယ်တွင် ဇန်န၀ါရီလ ၁၁ ရက်က WY စိတ်ကြွဆေးပြား တစ်သိန်း နီးပါးဖမ်းမိခဲ့ကြောင်း မြို့မရဲစခန်းထံမှ သိရသည်။
WY စိတ်ကြွဆေးတစ်ချို့နဲ့အတူ ဖမ်းမိခဲ့ရသည့် အမျိုးသားတစ်ဦးက မူးယစ် ဆေးဝါးများ ၀ယ်ယူရန် ဦးသိန်းနိုင်မြင့် ဆိုသူနှင့် ဇင်ယော်မင်း ရေခဲစက်လမ်းသွယ် တွင် ချိန်းဆိုထားခဲ့ကြောင်း ထွက်ဆိုသဖြင့် အမှတ် ၂ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ ၀င်များနှင့် တာဝန်ရှိသူများ သွားရောက် စောင့်ဆိုင်းနေစဉ် မော်တော်ဆိုင်ကယ် မောင်းနှင်လာသည့် ဦးသိန်းနိုင်မြင့်ဆိုသူ ထံမှ စိတ်ကြွဆေးပြားရေ ၂၈၀၀ အား ဖမ်းမိခဲ့ရကြောင်း မြို့မရဲစခန်း မှတ်တမ်းအရ သိရသည်။
ဦးသိန်းနိုင်မြင့်ဆိုသူ၏ ပြောဆို ချက်အရ ၎င်းနဲ့အတူ ခရူတောရပ်ကွက်ရှိ ဦးစိုးနိုင်၏ နေအိမ်အား ၀င်ရောက်ရှာဖွေ ခဲ့ရာ စိတ်ကြွဆေးပြား ကိုးသောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း မှတ်တမ်းတွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးမိခဲ့သည့် ဦးသိန်းနိုင်မြင့် နှင့် ဦးစိုးနိုင်ဆိုသူတို့အား မူး/စိတ် ပုဒ်မ ၁၉(က)/၂၁ တို့ဖြင့် အမှုဖွင့်အရေးယူဆောင် ရွက်ထားကြောင်း မြို့မရဲစခန်းမှ သိရသည်။

 

မြင့်မိုရ်(မြိတ်)