ခရီးသည်တင်ကားပေါ်တွင် တရားမ၀င် ငှက်သိုက် ရှစ်ပိဿာ ဖမ်းမိ

0
473

မြိတ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာ လာသည့် ခရီးသည်တင်ကားပေါ်တွင် တရားမ၀င်ငှက်သိုက် ရှစ်ပိဿာကို ဒီဇင်ဘာလ ၂၂ ရက်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

ခရီးသည်တင်မှန်လုံကားပေါ်တွင် တရားမ၀င်သစ်တောထွက်ပစ်္စည်းများ (ငှက်သိုက်)သယ်ဆောင်လာကြောင်း သတင်းအရ ပုလောမြို့ရှိ ကားဂိတ်တွင် စစ် ဆေးရာမှ ဖမ်းမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

စက်္ကူပုံးဖြင့် ထည့်ထားသည့် တရား မ၀င်ငှက်သိုက် ၈ ပိဿာကို ဖမ်းမိခဲ့ခြင်း ဖြစ်ပြီး ယာဉ်မောင်းနှင့် ယာဉ်မယ်များအား စစ်မေးရာ ပိုင်ရှင်ကို မသိရှိကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြသည်။

ငှက်သိုက်များကို သစ်တောဥပဒေအရ နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်း မည်ဖြစ်ပြီး ငှက်သိုက်ပိုင်ရှင်အား ဖော်ထုတ် ရန် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးက တရားလိုလုပ်ကာ အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းဖြစ်စဉ်အား ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာထိန်းသိမ်းနယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ- ၄၀(က)ဖြင့် ပုလောမြို့မရဲစခန်းတွင် အမှု ဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။

မြိတ်မြို့နယ်တွင် ဇီဝဇိုးငှက်သိုက် စုဆောင်းထုတ်ယူခွင့်လိုင်စင်(စာချုပ်) ရှိသည့် အိမ်အရေအတွက်မှာ ယခုနှစ် သြဂုတ်လ စာရင်းအရ ၇၂ အိမ်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီး ဌာနထံမှ သိရသည်။

အဆိုပါ လိုင်စင်ရှိသူကသာ ငှက်သိုက် ကို သယ်ယူရောင်းချခွင့်ရှိကြောင်း သစ်တော ဦးစီးဌာနထံမှ သိရသည်။

Dawei Watch