မြိတ် Food Box

မြိတ် Food Boxများ အစားအသောက်များပြတ်

မြိတ် Food Box များ တွင် အစားအသောက်များပြတ်လပ်နေ သည့်အတွက် ကိုယ်တိုင်သွားရောက်လှူဒါန်းနိုင်ကြောင်း Myeik Food Box ဖေ့စ်ဘွတ် စာမျက်နှာတွင် အသိပေးရေးသားထားသည်။ မြိတ်မြို့တွင် ပြီးခဲ့သည့်...

အသက်ကယ်အင်္ကျီမလို၊ လုပ်ကိုင်စားသောက်ရန်နေရာသာလိုဟု ဆလုံလူမျိုးများပြော

ပင်လယ်ပျော် ဆလုံလူမျိုးများ အတွက် အသက်ကယ်အင်္ကျီသည် အသုံးမဝင်ဘဲ အလုပ်လုပ်စားရန် နေရာသာလိုဟု ဘုတ်ပြင်းမြို့နယ်၊ လငန်းကျွန်းရှိ ဆလုံတိုင်းရင်းသားများက ပြောသည်။ ယခုနှစ် စက်တင်ဘာလတွင်းက တိုင်းအစိုးရအဖွဲ့မှ လငန်းကျေးရွာရှိ ဆလုံလူမျိုးများအား အသက်ကယ်အင်္ကျီ တချို့ လာရောက်ပေးအပ်ခဲ့သည့်အပေါ်...

သုံးဘီးဆိုင်ကယ်ငှားမောင်းပြီး ပေါင်နှံသူကို ထောင်၇ နှစ်အထိ ပြစ်ဒဏ်ချနိုင်သည့်ပုဒ်မဖြင့် အမှုဖွင့်

မြိတ်မြို့တွင် သုံးဘီးဆိုင်ကယ်ငှား မောင်းပြီး ပေါင်နှံထားသည့် အသက် ၄၉ နှစ်အရွယ် အမျိုးသားကို ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ မြိတ်မြို့၊...
ပင်လယ်ကမ်းထောင်ပိုက်များ

ဘုတ်ပြင်းရှိ ပင်လယ်ကမ်းထောင်ပိုက်များ ဖြုတ်ခိုင်းမည်ဟု ဝန်ကြီးပြော

ဘုတ်ပြင်းမြို့နယ် ပင်လယ်ကမ်း တစ်လျှောက်ရှိ ပင်လယ်ကမ်းထောင်ပိုက်များ ဥပဒေနှင့်မညီပါက ဖြုတ်သိမ်းခိုင်း မည်ဟု တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောသည်။ "တည်ဆဲ ငါးလုပ်ငန်းဥပဒေနဲ့ မညီညွတ်ရင် ဖြုတ်ခိုင်းမယ်။ ချက်ချင်း ဖြုတ်ခိုင်းမယ်"ဟု ဝန်ကြီးဦးမြင့်စန်းက...

ကလွင်ကျေးရွာအုပ်ချုပ်ရေးမှူးအား စစ်ဆေးရန် စီစဉ်နေဟုဆို

အရေးယူပေးရန် တနင်္သာရီတိုင်း အစိုးရအဖွဲ့ထံ အတိုင်ခံထားရသည့် မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးအား စစ်ဆေးရန် စီစဉ်နေပြီ ဖြစ်ကြောင်း မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုအောင်က ပြောသည်။ ကလွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ရာထူးတာဝန်ကို အလွဲသုံးစား ပြုခြင်း၊ မြေယာကိစ်္စများဆောင်ရွက်ရာတွင် ဒေသခံများဘက်မှရပ်တည်မှုမရှိဘဲ ကုမ္ပဏီများဘက်မှ ရပ်တည်...

ပလပ်စတစ်အသုံးပြုမှု လျှော့ချရေး လှုပ်ရှားမှုပြုလုပ်မည်

မြိတ်၊ နိုဝင်ဘာ ၈ မြိတ်တွင် ပလပ်စတစ်အသုံးပြုမှု လျှော့ချရေး စည်းရုံးလှုံ့ဆော်မှုတစ်ခုပြု လုပ်မည်ဖြစ်ကြောင်း Trash Hero Myeik အဖွဲ့ထံမှ သိရသည်။ ယင်းစည်းရုံးလှုံ့ဆော်မှု(ကမ်ပိန်း) ကို နိုဝင်ဘာလ ၁၆...

မြိတ်ကျွန်းစု ပင်လယ်ကြမ်းပြင်မှ စွန့်ပစ်ငါးဖမ်းပိုက် ကီလိုတစ်ထောင်ကျော် ဆယ်ယူရရှိ

မြိတ်၊ နိုဝင်ဘာ ၆ မြိတ်ကျွန်းစုဟုခေါ်သည့် တနင်္သာရီတိုင်း၊ မြိတ်နှင့် ကော့သောင်းခရိုင်အတွင်း ရှိ ကျွန်းများအနီးတွင် အကြောင်းအမျိုး မျိုးကြောင့် ပင်လယ်ကြမ်းပြင်ရောက် နေသည့် ငါးဖမ်းပိုက် ကီလိုတစ်ထောင်ကျော်ကို ဆယ်ယူရရှိခဲ့ကြောင်း မြန်မာ အိုးရှင်းစီမံကိန်း ဒါရိုက်တာက...

Speed Boat လိုင်စင်လုပ်ပေးမည်

ကျွန်းနှင့် ကမ်းခြေများသို့ ခရီးသည် ပို့ဆောင်နေသည့် လိုင်စင်မဲ့ Speed Boat များကို ယခု နိုဝင်ဘာလ နောက်ဆုံးထား လိုင်စင်ထုတ်ပေးသွားမည်ဟု တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီး ဦးအောင်သူရက ပြောသည်။ တိုင်းအတွင်း လက်ရှိပြေးဆွဲနေသည့် Speed...
အုန်းတောကမ်း တံတားဆောက်လုပ်နေပုံ။

ဘုတ်ပြင်း – အုန်းတောကမ်း တံတားပြီးစီးရေး ဘဏ္ဍာငွေ ချထားမှုအပေါ် မူတည်ဟုဆို

ဘုတ်ပြင်း၊ နိုဝင်ဘာ ၈ ဘုတ်ပြင်းမြို့နှင့် အုန်းတောကမ်း ကျေးရွာအုပ်စုအား ကားလမ်းချိတ်ဆက်ပေးမည့် ဘုတ်ပြင်း-အုန်းတောကမ်း တံတား ပြီးစီးမည့်ကာလမှာ ယင်းတံတား အတွက် ရန်ပုံငွေ ခွဲဝေချထားပေးမှုအပေါ် မူတည်ကြောင်း ယင်းတံတားကို တာဝန်ယူဆောက်လုပ်နေသည့် AE ဦးတင်ထွေးက...

မြိတ်လျှပ်စစ် တင်ဒါအောင်ကုမ္ပဏီ ရွေးချယ်ပြီးဟုဆို

မြိတ်၊ နိုဝင်ဘာ ၈ မြိတ်မြို့နယ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းတင်ဒါအောင် ကုမ္ပဏီကို ရွေးချယ်ပြီးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။ နိုဝင်ဘာလဆန်းက ကျင်းပသည့် အစိုးရအဖွဲ့အစည်အဝေးတွင် ရွေးချယ်ဆုံးဖြတ်ခဲ့ကြောင်း...