မြိတ် Food Boxများ အစားအသောက်များပြတ်

0
545
မြိတ် Food Box
မြိတ် Food Box

မြိတ် Food Box များ တွင် အစားအသောက်များပြတ်လပ်နေ သည့်အတွက် ကိုယ်တိုင်သွားရောက်လှူဒါန်းနိုင်ကြောင်း Myeik Food Box ဖေ့စ်ဘွတ် စာမျက်နှာတွင် အသိပေးရေးသားထားသည်။

မြိတ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက စေတနာရှင်အလှူရှင်များဖြင့် အစားအသောက်များ လှူဒါန်းခြင်းနှင့် အခမဲ့ရယူနိုင်သော မြိတ် Food Box များ စတင်အကောင်အထည်ဖော်ခဲ့သည်။

မြိတ် Food Box များ အတွက် တာဝန်ယူဆောင်ရွက်နေသည့် Myeik Food Box team တာဝန်ခံမှာ အလုပ်ကိစ္စဖြင့် ခရီးလွန်နေပြီး ပါဝင်ကူညီပေးနေသည့် တက္ကသိုလ် ကျောင်းသားတချို့မှာ ကျောင်းပိတ်ရာသီဖြစ်နေသည့်အတွက်ကြောင့် လတ်တလောတွင် အစားအသောက်များ မထည့်ဖြစ်ရခြင်းဖြစ်ကြောင်းကို Myeik Food Box ဖေ့စ်ဘွတ်စာမျက်နှာတွင် နိုဝင်ဘာလ ၁၅ ရက်က ရေးသားထားသည်။

မြိတ်တွင် ပြည်တော်သာလှေဆိပ်အနီး၊ မြိတ်ပြည်သူ့ဆေးရုံကြီးရှေ့၊ မြို့ သစ်ရပ်ကွက် ဆန်းသီရိဧည့်ရိပ်သာအနီး၊ အောင်ဆန်းလမ်းမကြီး ပေါ်ဦးလမ်းထိပ်နှင့် မြိတ်ခရိုင် ပြန်/ဆက်ရုံးထောင့်တို့တွင် မြိတ် Food Box များထားပေးထားသည်။

Dawei Watch

ဆက်စပ်သတင်းများ